မော်လမြိုင် ကျောက်တန်း စက်ရုံစု မြေဈေးများ ၁၀ ဆနီးပါး မြင့်တက် - Property News in Myanmar from iMyanmarHouse.com
1337 Views

မော်လမြိုင် ကျောက်တန်း စက်ရုံစု မြေဈေးများ ၁၀ ဆနီးပါး မြင့်တက်

မော်လမြိုင် ကျောက်တန်း စက်ရုံစု စတင်အကောင်အထည်ဖော်ပြီး မကြာမီ စက်ရုံတည်ဆောက် မည့် မြေဈေးများ မြင့်တက်လျက်ရှိကြောင်း စက်ရုံစုလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီ တာဝန်ရှိသူက ပြောသည်။

စက်ရုံစုစီမံကိန်းကို အကောင်အထည်မဖော်ရသေးသည့် လစ်လပ်မြေဧက ၁၀ မှာ စီမံကိန်း စတင်ချိန်နှင့် နှိုင်းယှဉ် ပါက ၁၀ ဆကျော် မြင့်တက်လာခြင်းဟု အဆိုပါကော်မတီ ဥက္ကဋ္ဌ ဦးလှရှိန်က ဆိုသည်။

“စီမံကိန်းမြေ ၂၅၀ ကျော်မှာ ကျန်တာဆိုလို့ ၁၀ ဧကကျော်ပဲရှိတာ။ လယ်သမားက ဈေးခေါ်နေတော့ ဘယ် လုပ်ငန်းရှင်မှ မဝယ်နိုင်ဘူးဖြစ်နေတယ်။ စီမံကိန်း စတင်ချိန်မှာ တစ်ဧကကို ကျပ် ၂၅ သိန်းနဲ့ စဖွင့်ခဲ့တာ။

အခုဆိုရင် လယ်သမားက ကျပ်သိန်း ၂၀၀ လောက်ရမှ ရောင်းမယ်ပြောနေတယ်’’ဟု ၎င်းက ရှင်းပြသည်။

စက်မှုဇုန်နယ်မြေအတွင်း ဝယ်ယူထားသည့်လုပ်ငန်းရှင်များမှာ စက်ရုံတည်ဆောက်မှုလုပ်ငန်းများ အလျင်အမြန် အကောင်အထည် ဖော်နေသကဲ့သို့ စီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီကလည်း လမ်း၊ လျှပ်စစ်မီးနှင့် အခြား အခြေခံအဆောက်အအုံများ

အလျင်အမြန်ပြီးစီးရန် ဆောင်ရွက်နေချိန်တွင်ထိုကဲ့သို့ မြေဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု ယင်းကော်မတီက ပြောသည်။

ဦးလှရှိန်က “လယ်သမားတောင်းတဲ့ ဈေးက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တဖြည်းဖြည်းနဲ့ ကျပ်သိန်း ၅၀၊ ၁၀၀၊ ၁၅၀ ကနေ အခုနောက်ဆုံး ကျပ်သိန်း ၂၀၀ အထိဖြစ်နေတော့ ဒီလက်ကျန်မြေက စီမံကိန်းထဲမှာ ကွက်ကျန်နေပြီ’’ ဟု ဆိုသည်။

မော်လမြိုင် ကျောက်တန်း စက်ရုံစု စီမံကိန်းကို မြေ ၂၅၄ ဧကတွင် အကောင်အထည်ဖော်နေပြီး ယခုထိ လုပ်ငန်းရှင် ၄၀ က မြေဧကပေါင်း ၂၃၀ ကျော် ဝယ်ယူထားပြီး လမ်း၊ လျှပ်စစ်မီး၊ အခြေခံအဆောက်အအုံနှင့် စက်ရုံ တည်ဆောက်မှု

လုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီး စက်ရုံလည်ပတ်မှုကို ယခု ၂၀၁၅ နှစ်လယ်ပိုင်း စတင်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။

စက်ရုံစုနယ်မြေအတွင်း အစားအစာ ထုတ်လုပ်သည့်စက်ရုံ၊ သားရေစက်ရုံ၊ ရေသန့်စက်ရုံ၊ သစ်အချောထည်လုပ်ငန်း၊ သွပ်ပြားနှင့် အခြားစက်မှုလုပ်ငန်းများ ပါဝင်မည်ဟု ကော်မတီက ဆိုသည်။

Credit: mizzimaburmese

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service