ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးကွက်တွင် မြစ်သဲထက် ကမ်းခြေသဲများ ပိုမိုအရောင်းသွက် - Property News in Myanmar from iMyanmarHouse.com
1898 Views

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းဈေးကွက်တွင် မြစ်သဲထက် ကမ်းခြေသဲများ ပိုမိုအရောင်းသွက်

ပွင့်လင်းရာသီအတွင်း ဈေး ကောင်း ရရှိတတ်သည့် ဆောက် လုပ်ရေးလုပ်ငန်းသုံး သဲဈေးကွက်၌ မြစ်သဲထက် ကမ်းခြေသဲများမှာ အရောင်း ပိုသွက်လျက်ရှိသည်ဟု လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်နယ်မြေရှိ သဲ၊ ကျောက် ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးစိုးတင့် က ပြောသည်။

”ကမ်းခြေသဲဆိုတာကတော့ တစ်ရာသီစာပေါ့။ လေလံဆွဲထားရ တယ်။ မြစ်သဲကတော့ စက်လှေ တွေနဲ့ ချိတ်ထားရတယ်။ သူတို့ဈေး သာရာ လာရောင်းတာတွေလည်းရှိ တယ်။ ချွန်း (ပဲ့ထောင်ပုံသဏ္ဌာန်စက် လှေအကြီးစား) တစ်စင်းမှာ မြစ်သဲ ကျင်း ၈ဝ လောက် ဆံ့တယ်။ မြစ်သဲ တစ်ကျင်းပေါက်ဈေးက ကျပ် ၅,၅ဝဝ ပေါက်ဈေးရှိတယ်။ ကမ်းခြေသဲက တော့ နေရာရွေးတတ်ရင် ကျင်းပို ထွက်တယ်။ တစ်ကျင်းကို ကျပ် ၄,၃ဝဝ ရှိပါတယ်”ဟု ¤င်းက ပြော သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များ တွင် သုံးစွဲလေ့ ရှိနေသည့် သဲအမျိုး အစားများမှာ မြစ်သဲနှင့် ကမ်းခြေသဲ ဟူ၍ နှစ်မျိုးရှိကြပြီး ကမ်းခြေသဲမှာ ဈေးသက်သာသောကြောင့် လူသုံး များပြီး ဈေးကွက်ပိုတွင်ကျယ်သည်။ မြစ်သဲမှာမူ ရရှိရန် ခဲယဉ်းသည့်အပြင် ဈေးပိုကြီးသည့်အတွက် အရောင်း အဝယ်နည်းသည်ဟု သိရသည်။

လှိုင်သာယာမြို့နယ်၊ (၁၁) ရပ် ကွက်ဈေးအနီးရှိ အောင်သီရိ အိမ် ဆောက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးမြင့်နိုင်က ”တကယ့် ဆောက်လုပ်ရေးတွေကတော့ မြစ် သဲ သုံးမလား၊ ကမ်းခြေသဲ သုံးမလား ဆိုတာကို ရွေးချယ်ဝယ်ကြတယ်ဗျ။

သာမန် ကန်ထရိုက်တာတွေက တော့ ကမ်းခြေသဲကိုပဲ ဝယ်သုံးတာ များတယ်။ သူတို့ဆောက်တဲ့ အိမ် ၁ဝ လုံးမှာ ကမ်းခြေသဲကို သုံးတာ ရှစ်လုံးလောက်ရှိမယ်။ ကျွန်တော့ တို့ဆိုင်တွေမှာတော့ ကမ်းခြေသဲက ပိုအရောင်းသွက်တာပေါ့ဗျာ”ဟု ¤င်းက ပြောသည်။

မြေနီကုန်းလမ်းဆုံအနီးရှိ ဓန လှိုင်တာဝါမှ ဓနလှိုင်ဆောက်လုပ် ရေးမှ ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ မမြင့်မြတ်နေခြည်မှ ”ကမ်းခြေသဲက ဆားဓာတ်ပါတဲ့အတွက် ကွန်ကရစ် ဖြစ်တည်မှုမှာ ကြံ့ခိုင်ရေး အားနည်း တတ်ပါတယ်။ အဲဒါကြောင့် ဈေးနှုန်း ကို မကြည့်ဘဲ အရည်အသွေးနဲ့ အကျိုးအမြတ်ကို ချင့်ချိန်ပြီး မြစ်သဲ ကိုပဲ သုံးစေချင်ပါတယ်။ တစ်ခုရှိ တာက လုံးချင်းအိမ်လိုမျိုးဆိုရင် တော့ pine ကို သေသေချာချာ ချပြီး တော့ ကမ်းခြေသဲသုံးချင်ရင် သုံးလို့ ရပါတယ်”ဟု ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် အုတ် သဲ ကျောက်ရောင်းဝယ်ရေး လုပ်ငန်းများပါ စီးပွားဖြစ်ထွန်းလာခဲ့ ကြသည်။ သို့သော် အထပ်မြင့် တိုက်တာ အဆောက်အအုံအချို့မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း များ အရည်အသွေး ညံ့ဖျင်းမှုနှင့် ဆောက်လုပ်ရေးနည်းပညာ အဆင့် အတန်းအားနည်းမှုတို့ကြောင့် ချို့ ယွင်းမှုအချို့ မကြာခဏ ဖြစ်ပေါ် တတ်သည်ကို တွေ့ကြရသည်။ ထို့ ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း ခွင်များအတွင်း အရည်အသွေးနှင့် အရေအတွက်တို့အား ချင့်ချိန်ကာ နည်းပညာ အဆင့်အတန်းမီစွာဖြင့် အဆောက်အအုံများ ဆောက်လုပ် သင့်သည်ဟု ရန်ကုန်တိုင်းဒေသ ကြီး မြို့ပြစီမံကိန်းအထူးအဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

Credit: thetradetimes

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

The Vista Luxury Residance
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service