ရန်ကုန်ကမ်းနားလမ်း အများပြည်သူအတွက် ပိုမို ဖြစ်သင့်
ရန်ကုန်မြို့၏ မဟာရန်ကုန်စီမံကိန်းတွင် ပါဝင်သည့် ကမ်းနားလမ်းကို အဆင့်မြှင့်တင် ခြင်းများ
ပြုလုပ်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အဆင့်မြင့်စီမံကိန်းများ ရေးဆွဲ ကာ အကောင်အထည်
ဖော်ရန် အတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများ ကို ၂၀၁၃ ခုနှစ်အတွင်း ဖိတ်ခေါ်မှု
များ ပြုလုပ်ခဲ့သည်။
ယင်းကဲ့သို့ အဆင့်မြင့်တင်မှုများ ပြုလုပ် ခြင်းတွင် ဟိုတယ်လုပ်ငန်းများ၊ ဈေးဝယ် စင်တာများနှင့်
အခြားဝန်ဆောင်မှုပါသည့် တိုက်ခန်းများ၊ ရုံးခန်းအဆောက်အအုံများကို တည်ဆောက်သွားရန်နှင့်
ဆိပ်ကမ်းများကို အဆင့်မြင့်တင်ခြင်းတို့ ဖြစ်သည်။ သို့သော် ယခုအခါတွင် မြို့ပြနေထိုင်သူ များ
အတွက် နေရာလွတ်များ ရှားပါးနေသည့် ရန်ကုန်မြို့တွင် ကမ်းနားလမ်းတစ်လျှောက် သည်လည်း
ရန်ကုန်မြို့နေထိုင်သူများ အတွက် အပန်းဖြေအနားယူနိုင်မည့် နေရာ များ ဖြစ်ပေါ်လာစေရန် မြို့ပြ
ပညာရှင်များက မျှော်မှန်းကြသည်။
"မြစ်ကမ်းနားဆိုတာ ပြည်သူလူထုနဲ့ ဆိုင်တဲ့ အရာတွေကိုပဲ အများလုပ်သင့်တဲ့ နေရာပါ။ သူတို့
အတွက် အများကြီးဖန်တီး ပေးလို့လည်း ရပါတယ်။ အဲဒါကြောင့် ပြည်သူ လူထုအတွက် ဖြစ်သင့်
တယ်ဆိုတဲ့ တွန်းအား ပေးတဲ့သဘောမျိုးတွေကို အမြဲတမ်းပြော ဖြစ်ခဲ့တာပါ။ နိုင်ငံတကာမှာလည်း
သူတို့မြို့ရဲ့ ကမ်းနားလမ်းတွေကို ဖွံ့ဖြိုးအောင်လုပ်ကြပါ တယ်။ ဒီမှာလည်း လုပ်လို့ရပါတယ်။ ဒါပေ
မဲ့ ပြည်သူအတွက်ဆိုတာကို ပိုပြီး စဉ်းစားပေး သင့်ပါတယ်" ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့မှညွှန်ကြား ရေးမှူး ဒေါ်မိုးမိုးလွင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့ပြင် ရန်ကုန်မြို့၏ ကမ်းနားလမ်းသည် နိုင်ငံတကာမှ စိတ်ဝင်စားလေ့လာလျက် ရှိသည့်
ရှေးဟောင်းအမွေအနှစ် ကိုလိုနီ အဆောက်အအုံများနှင့် အနီးကပ်ဆုံးတည်ရှိ နေသည့်အတွက်
ကမ်းနားလမ်းကို အဆင့်မြင့် အဆောက်အအုံများဖြင့် ဖွံ့ဖြိုးရန်စီစဉ်သည့် အခါတွင် သင့်တင့်သည့်
အဆိုပြုချက်များကို သာ လက်ခံသင့်ကြောင်း ၎င်းကပြောသည်။
"မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဘက်က လည်း လုပ်ငန်းရှင်တွေဘက်က တင်ပြလာတဲ့ အဆိုပြုချက်
တွေပေါ်မှာ သေချာစိစစ်ပြီး ဘယ်လိုဖွံ့ဖြိုးမှုမျိုး လုပ်ဆောင်ရမလဲဆိုတာ သေချာစဉ်းစားရင် အဆင်
ပြေမယ်လို့ ထင်ပါ တယ်။ တချို့ အဆိုပြုချက်တွေက အဆောက် အအုံအမြင့်တွေက နည်းနည်း
စကားပြော စရာတွေ ရှိတတ်ပါတယ်။ ကမ်းနားဆိုတာ ကလဲ ရန်ကုန်ရဲ့ ရှေးဟောင်းအမွေအနှစ်
ဧရိယာထဲမှာ ရှိနေတာဆိုတော့ ဘယ်လို အဆင်ပြေအောင်။ ဒါတွေကို မထိခိုက်သွား အောင်
လုပ်သင့်လဲဆိုတာကို စဉ်းစားသင့် ပါတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့၏ကမ်းနားလမ်း တစ်လျှောက်တွင် ကုန်တင်ကုန်ချဆိပ်ကမ်း နှင့် သယ်ယူ
ပို့ဆောင်ရေး ဆိပ်ကမ်းများ အဓိကရှိနေပြီး ပြည်သူလူထု အပန်းဖြေ အနားယူနိုင်သည့်နေရာမှာ
ဗိုလ်တထောင် ကမ်း နားခန့်သာရှိပြီး သာယာလှပသည့် အပန်းဖြေအနားယူနိုင်သည့် ၀န်ဆောင်မှု
ကောင်းများ မရှိသေးပေ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှလည်း ရန်ကုန်ကမ်းနား
ကို ပြည်သူ များအတွက် အဓိကနေရာပေးသည့် ကမ်းနား ဖြစ်သင့်ပြီး ယခုထက်ကောင်းမွန်သည့်
အပန်းဖြေနေရာများ ပြုလုပ်သင့်ကြောင်း မြို့ပြစီမံကိန်းဌာနမှ အကြံပေး ဦးတိုးအောင် က
ပြောသည်။ "ဒီကမ်းနားလမ်းမှာ ပြည်သူတွေအတွက် ကောင်းကောင်းမွန်မွန် လာပြီးအနားယူနိုင်
တဲ့ နေရာက နည်းပါတယ်။ ပြည်သူတွေအတွက် ပိုပြီး ဖြစ်သင့်ပါတယ်။ နောက်ပြီး ပြည်သူ တွေ
ဘက်ကလည်း တောင်းဆိုသင့်ပါတယ်။ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့ရဲ့ မြစ်ကြောင်း
တစ်လျှောက်ကို ဘယ်လို လှပအောင် လုပ်သင့်တယ်ဆိုတာကို ရေးဆွဲ ထားတဲ့ စီမံကိန်းတွေဆို
လည်း တော်တော် ကောင်းပါတယ်။ ကျွန်တော်တို့ အတွေး တွေနဲ့လည်း တူပါတယ်" ဟု ၎င်းက
ပြောသည်။
လက်ရှိတွင် ရန်ကုန်ကမ်းနားသည် ဆိပ်ကမ်းနှင့် ပတ်သတ်သည့် လုပ်ငန်းများ ရှိနေသည့်အတွက်
ဆိပ်ကမ်းများကိုချဲ့ထွင် လုပ်ဆောင်ခြင်းထက် ကမ်းနားလမ်း တစ်လျှောက် သာယာလှပရေးကိုသာ
ပြုလုပ် သင့်ကြောင်း မြို့ပြပညာရှင်များက ပြော သည်။ "အခုရှိနေတဲ့ ဆိပ်ကမ်းလုပ်ငန်းတွေကို
တခြားနေရာ ဥပမာ သီလ၀ါတို့ကို မရွှေ့နိုင် ဘူးဆိုရင်တောင် ထပ်ပြီးမတိုးချဲ့ဘူးဆိုရင် ကမ်းနားရဲ့
လက္ခဏာတွေကို ထိန်းထားလို့ ရသေးတယ်။ အဲဒီလိုပဲ ကမ်းနားမှာ အဆောက်အအုံတွေဆောက်
လိုက်မယ်ဆိုရင် ဒါတွေက မြို့ကိုပိတ်သွားမယ့်အရာတွေ ဖြစ်လာနိုင်တယ်။ အနည်းဆုံး ပြည်သူ
တွေ လေကောင်းလေသန့်တော့ ရသင့်တယ်။ ပြည်သူတွေ လမ်းလျှောက်သွားနိုင်မယ့် နေရာမျိုး
တွေ ဖြစ်သင့်ပါတယ်။ မြစ်ကျောင်း တစ်လျှောက်ကို ဖွင့်ပေးထားတာက အကောင်းဆုံးပါပဲ" ဟု
ဦးတိုးအောင်က ပြောသည်။
ရန်ကုန်မြို့သည် ရန်ကုန်မြစ်အနီးတွင် တည်ရှိခဲ့သည့်တွက် စီးပွားရေးလုပ်ငန်းများ အတွက် ဆိပ်
ကမ်းမြို့အဖြစ်တည်ဆောက်ခဲ့ သော်လည်း ယခုအခါတွင် မြို့ပြင်ဘက်ရှိ အခြားသောဆိပ်ကမ်းများ
လည်း ပေါ်ပေါက် လာသည့်အတွက် လက်ရှိဆိပ်ကမ်းလုပ်ငန်း များကိုရွှေ့ပြောင်းနိုင်ပါက ယင်းနေ
ရာများ တွင် ပြည်သူအများစု စုရုံးနိုင်သည့်နည်းလမ်း များ အသုံးချနိုင်ကြောင်း ဒေါ်မိုးမိုးလွင်က ပြော
သည်။
"တကယ်လို့ ဆိပ်ကမ်းလုပ်ငန်းတွေကို မြို့ပြင်ကရှိတဲ့ သီလ၀ါလို ဆိပ်ကမ်းကိုရွှေ့မယ် ဆိုရင်
မြို့တွင်းဘက်ရောက်တဲ့ ဒီကမ်းနား လမ်းက ဆိပ်ကမ်းနေရာတွေက အများ ကြီး ပြန်အသုံးချလို့
ရမှာပါ။ ဖွံ့ဖြိုး တိုးတက်မှုဘက်ကို သွားရင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေဘက်ကလည်းဘာပဲ
ဖြစ်ဖြစ် ပြည်သူတွေအတွက်ကို ထည့်စဉ်းစားပေးရင် ပိုကောင်းပါ တယ်။ အများပြည်သူအသုံး
ချနိုင်မယ့် လုပ်ငန်းမျိုးဆိုရင် ပိုပြီးဖြစ်သင့်ပါ တယ်" ဟု ၎င်းကပြောသည်။
Cridit: Myanmar Times