ကမ္ဘာ့အလှပဆုံးရှုခင်းစာရင်းဝင်တဲ့ သဘာဝပန်းဥယျာဉ်များ
ဘဝအမောတွေကြား နေ့စဉ်နေ့တိုင်း လှုပ်ရှားရုန်းကန်ရင်းကုန်ခဲ့တဲ့ အချိန်တွေကြားမှာ စိတ်ရောခန္ဓာ ကိုယ်အတွက် တဒင်္ဂလေးတော့ အနားယူဖို့လိုအပ်တာ အသေအချာပါပဲ။ စိမ်းစိမ်းစိုပြီး ပန်းရောင်စုံ အလှများ၊ ကျေးငှက်သာရကာ၊ တောင်တန်း ပင်လယ်ပြင်ကျယ်များ၊ တောတောင်ရှုခင်း ရေတံခွန်များနဲ့ မျက်စိအမြင်အေးစေမယ့် ရှုခင်း တွေကို ကြည့်လိုက်ရင် တစ်ခဏတော့ စိတ်အေးချမ်းသာမှု၊ စိတ်အ ပန်းဖြေမှုကိုရရှိ ပိုင်ဆိုင်သွားမှာအမှန်ပါ။
အဲ့ဒီလှပတဲ့ ရှုခင်းနေရာတွေကို စိတ်အပန်းဖြေဖို့ လတ်တလောမ သွားနိုင်ပေမယ့်လည်း အောက်ကဖော်ပြပေးတဲ့ ပုံလေးတွေနဲ့ တစ် ခဏစိတ် အပန်းဖြေကြရအောင်။
သြစတြေးလျနိုင်ငံ၊ မယ်လ်ဘုန်း၊ ဗစ်တိုးရီးယား မြို့တော်နဲ့မ လှမ်းမကမ်းမှာ ဖွင့်လှစ်ထားတဲ့ Royal Bontanic Garden ပဲဖြစ် ပါတယ်။ နိုင်ငံရဲ့အဓိကမြစ်တစ်စင်းဖြစ်တဲ့ ရာရာ မြစ်ရဲ့တောင် ဘက်မြစ်ကမ်းနားဘေး အနားပိုင်းမှာရှိပြီး ရှုခင်းနေရာအတွက် ၃၈ ဟက်တာကျယ်ရှိ ပါတယ်။ ၂၀၀၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီးနိုင် ငံရဲ့သဘာဝအလှပဆုံး ပန်းဥယျာဉ်အဖြစ် အသတ်မှတ်ခံထားရ ပါတယ်။ အရောင်အသွေးစုံလင်လှပတဲ့ သဘာဝသစ်ပင်ပန်းမန် များ၊ ရှားပါးတဲ့နိုင်ငံခြားမျိုးစိပ်အပင်များ အစရှိတဲ့မျိုး စိပ်ပေါင်းတစ် သောင်းကျော်ကို စိုက်ပျိုးပေးထားပါတယ်။ အပန်းဖြေနေရာတွေ ကို သဘာဝကျကျလှပစွာပုံဖော်ပေးထားပါတယ်။ ဥယျာဉ်နေရာများ၊ သစ်ပင်ပန်းမန် ရေတံခွန်၊ ခေတ်မီဒီဇိုင်းနဲ့ ပုံဖော်ထားတဲ့သဘာဝ ရေကန်၊လျှိုမြောင်နေရာများကိုထားရှိ ပြင်ဆင်ပေးထားပြီး ရှားပါး ငှက်မျိုးစိပ် တိရစ္ဆာန်မျိုးများကိုလည်း သဘာဝအတိုင်းလွှတ်ပေး ထားတာပဲဖြစ်ပါတယ်။
စိမ်းစိုတဲ့မြက်ခင်းပြင်မှာ လမ်းလျှောက်ရင်း လေအေးကိုရှုရှိုက်ကာ စိတ်လက်အပန်းဖြေလို့ရမှာပါ။ နားနေစရာ တဲအိမ်လုံးငယ်လေး များနဲ့အဆောင်အယောင်ကျယ်ကြီးများကိုလည်း တည်ဆောက် ပေးထားပါတယ်။ ရှုခင်းများသာယာ လှပလွန်းတာကြောင့် မြို့ တော်က ပြည်သူတွေအများအပြားလာရောက်လည်ပတ်ကြပါ တယ်။ မြက်ခင်းနေရာကျယ်တွေကြောင့် ကလေးငယ်တွေလည်း ပျော်ပျော်ပါးပါးကစားကြတာကိုမြင်တွေ့ရပြီး မင်္ဂလာဆောင်အလှ ဓာတ်ပုံရိုက်အခမ်းအနားတွေ၊ အဖွဲ့အစည်းပျော်ပွဲရွှင်ပွဲတွေကို လာ ရောက် ပြုလုပ်ကြပါတယ်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)