ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ - Property News in Myanmar from iMyanmarHouse.com
1685 Views

ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ

ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ အိမ်သာဟာ သန့်ရှင်းမှု ရှိတာကြောင့် အင်တာနက် ပေါ်မှာ ရေပန်းစား နေတယ်လို့ ဆိုထား ပါတယ်။ ဒီအိမ်သာဟာ နာမည်ကျော် Shell ဓာတ်ဆီ အရောင်းဆိုင်မှာ တည်ရှိပြီး သန့်ရှင်းပြီး အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ထား တာကြောင့် ရောက်ပြီး သူတိုင်း မပြန်ချင် အောင် ဖြစ်သွား ရမယ်လို့ ဆိုထား ပါတယ်။

ဒီ အိမ်သာ အကြောင်း ရိုက်ကူး တင်ဆက် ထားမှုကို You Tube မှာပြသခဲ့ရာ ကြည့်ရှုသူ အရေအတွက် (၄) သန်းကျော်ရှိပြီး Facebook မှာ likes အရေအတွက် (၃၀၀၀၀) ကျော် ရထား ပါတယ်။ ကနေဒါ နိုင်ငံက ရုပ်သံ တင်ဆက်သူ ဂျက်ဆန်ဟာ ဒီအိမ်သာ အကြောင်း ရိုက်ကူး တင်ပြရင်း ပြန်တောင် မပြန်ချင် တော့ကြောင်း ဆိုခဲ့ ပါတယ်။

ဘာဟိုးမြို့မှာ တည်ရှိတဲ့ ဒီအိမ်သာဟာ ခရီးသွားတွေ ဆွဲဆောင်ထား တဲ့ နေရာ အဖြစ်လည်း ထင်ရှား ပါတယ်။ ဒီအိမ်သာမှာ စာအုပ်စင်တွေ ထားပေး ထားပြီး နံရံတွေ မှာလည်း ပန်းချီကားတွေ ချိတ်ဆွဲကာ အလှဆင်ထားပါ တယ်။ ဒါ့အပြင် အခြား အိမ်သာတွေမှာ မရှိတဲ့ အရာတွေ ကိုလည်း ပြုလုပ်ပေးထား ပါတယ်။ အိမ်သာတွင်းမှာ ပရိဘောဂတွေနဲ့ အလှဆင် ထားပြီး ဧည့်ခန်းတွေမှာ လိုမျိုး အလှ ဆင်ယင် ထားခြင်း ဖြစ်ပါတယ်။

ဒီအိမ်သာဟာ အရင်က သာမန်အိမ်သာ ဖြစ်ခဲ့ပေမယ့် ပိုင်ရှင် ဖြစ်သူ အမာရီကြောင့် ပြောင်းလဲ သွားခဲ့တာ ဖြစ်ပါတယ်။ ခရီးဝေး ကနေ လာရောက် တဲ့ဧည့်သည်တွေ အိမ်သာထဲ ၀င်လိုက်တာနဲ့ စိတ်ချမ်းသာမှု ရရှိစေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ပေး ထားခြင်း ဖြစ်ကြောင်း အမာရီက ဆိုခဲ့ပါတယ်။

အမာရီဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဖိလစ်ပိုင် နိုင်ငံ တစ်ဝန်းမှာ ဒီလို အိမ်သာတွေ အများအပြား ဖွင့်လှစ် သွားမှာ ဖြစ်ပြီး ဒေသ ထွက်ကုန်တွေ ကိုပါ ရောင်းချ သွားဖို့ စီစဉ်ထား ပါတယ်။ အိမ်သာကို အသုံးချပြီး ခရီးသွားတွေကို ဆွဲဆောင် သွားမှာ ဖြစ်တယ်လို့ အမာရီက ဆိုခဲ့ပါတယ်။

Credit: messenger
ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ - Property News in Myanmar from iMyanmarHouse.com
ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ - Property News in Myanmar from iMyanmarHouse.com
ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ - Property News in Myanmar from iMyanmarHouse.com
ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်

အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ

မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

Upcoming Property Events

From 24 May To 25 May

The Rich Villa

Mingalar Market
The Rich Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service