နိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုနှင့် မြန်မာ့အိမ်ခြံမြေ ငှားရမ်းမှုဈေးကွက်
လက်ရှိအချိန်တွင်မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့်အတူ နိုင်ငံခြားသားတွေ ၀င်ရောက်မှု များပြားလာတာကို တွေ့မြင်လာရပါတယ်။ တစ်ချို့နိုင်ငံခြားသားတွေက အလည်အပတ်လာရောက်တာဖြစ်ပြီး တစ်ချို့ကတော့ စီးပွားရေးရင်းနှီးမြှပ်နှံမှုအတွက် လာရောက် လေ့လာစူးစမ်းကြတာကို တွေ့ရှိရပါတယ်။ အဲဒီအခါမှာ သူတို့ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတွေအတွက် ရုံးခန်းဖွင့်ရန်နှင့် သူတို့နေထိုင်ဖို့ လုံးချင်း/တိုက်ခန်း ငှားရမ်းမှုတွေအတွက် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီတွေနှင့် လေ့လာစူးစမ်းကြတာကို ကြားသိရပါတယ်။
ထိုကဲ့သို့ နိုင်ငံခြားသား ၀င်ရောက်မှု များပြားလာတာကိုကြည့်ပြီး မြန်မာအိမ်ရှင်တွေကလည်း နိုင်ငံခြားသား ငှားရမ်းမှုများတယ်ထင်ပြီး ဈေးကွက်ကို ဈေးမြှင့်ခေါ်ကြတာကို ကြားသိရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ နိုင်ငံခြားသား ၀င်ရောက်မှုများပေမယ့် အမှန်တကယ်စီးပွားရေး ရင်းနှီးမြှပ်နှံမှု အတွက်နဲ့ နေထိုင်ဖို့အတွက် ငှားရမ်းတဲ့ နိုင်ငံခြားသားအရေအတွက် နည်းပါးတာကို တွေ့မြင်လာရပါတယ်။
အဲဒီအခါမှာ မြန်မာအိမ်ရှင်တွေအနေနဲ့ မိမိပိုင်ဆိုင်တဲ့ လုံးချင်း/တိုက်ခန်း ငှားရမ်းမှုတွေ ထင်သလောက် ငှားရမ်းမှုနှုန်း မြန်ဆန်မှုမရှိတာကို တွေ့လာရပါတယ်။ ထို့ကြောင့် မိမိပိုင်ဆိုင်တဲ့ လုံးချင်း/တိုက်ခန်း တွေကို ဈေးမြှင့်ခေါ်မယ့်အစား မိမိလည်းမနစ်နာ ငှားရမ်းသူလည်းအဆင်ပြေစေမယ့် ဈေးနှုန်းကို ခေါ်ဆိုခြင်းအားဖြင့် အိမ်ရှင်များအနေဖြင့်လည်း မိမိပိုင်ဆိုင်သော လုံးချင်း/တိုက်ခန်းများ ငှားရမ်းမှုကို ပိုမိုသွက်လက်လာစေနိုင်တယ်လို့ အကြံပြုတင်ပြအပ်ပါတယ်။
Credit: MPN-Myanmar Property News