အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ် - Property Knowledge in Myanmar from iMyanmarHouse.com
614 Views

အပိုပစ္စည်းတွေနဲ့ အိမ်အလှဆင်ကြမယ်

Knowledge | Posted by Si Thu Aung

ကိုယ်နေထိုင်ရာ အိမ်လေးကို သပ်သပ်ရပ်ရပ်နဲ့ လှလှပပ ဖြစ်အောင် ကုန်ကျစရိတ်နည်းနည်းနဲ့ အလှဆင်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒီပို့စ်ကို‌ တွေ့တာ ထီပေါက်ပြီးလို့သာ မှတ်လိုက်တော့။ ဘာလို့လဲဆိုရင် ပိုက်ဆံတွေ အများကြီးမသုံးဘဲ ကိုယ့်အိမ်လေးကို ကုန်ကျစရိတ်နည်းနည်းနဲ့ အလှဆင်နိုင်တဲ့ အသုံးဝင်မယ့်နည်းလမ်းလေးတွေကို ဒီပို့စ်မှာ ပြောပြပေးသွားမှာမို့လို့ပဲ ဖြစ်ပါတယ်။

(၁) ရှိပြီးသားအရာတွေကို ပြန်လည်အသုံးပြုပါ

ပစ္စည်းအသစ်တွေ မဝယ်ခင် အိမ်မှာ ရှိပြီးသား အသုံးတည့်မယ့်အရာတွေကို အရင်ရှာဖွေလိုက်ပါ။ ဥပမာ - ပန်းအိုးအဟောင်းတစ်ခု ဒါမှမဟုတ် ပန်းချီကားဘောင်ကို ဆေးရောင်လှလှလေးတွေနဲ့ တမူထူးခြားပြီး အလှဆင်လို့ရတဲ့ ပစ္စည်းတစ်ခုအဖြစ် ဖန်တီးလိုက်တာမျိုးပေါ့နော်။

 

(၂) တစ်ပတ်ရစ် (Second Hand) တွေ ဝယ်ယူပါ

တစ်ပတ်ရစ်ရောင်းတဲ့ Thrift စတိုးတွေ၊ ဂိုထောင်ရှင်းဆိုင်တွေနဲ့ အွန်လိုင်းဆိုင်တွေက ဆန်းဆန်းပြားပြား စိတ်ဝင်စားစရာကောင်းတဲ့ အိမ်အလှဆင်ပစ္စည်းတွေ ရှိတတ်ပါတယ်။

အဲ့ဒီနေရာတွေမှာ ကုန်ကျစရိတ် နည်းနည်းနဲ့ ကိုယ့်စိတ်ကြိုက်ပစ္စည်းတွေကို ဝယ်ယူရင်း ဘယ်လိုပစ္စည်းကောင်းလေးတွေကိုယ် ရနိုင်မလဲဆိုတာကို ရင်ခုန်နိုင်တယ်နော်။

(၃) အလှဆင်ပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ပါ (DIY)

အိမ်အတွက် အလှဆင်ပစ္စည်းတွေကို ကိုယ်တိုင်ပြုလုပ်ဖန်တီးတာက ပျော်စရာကောင်းပြီး ကုန်ကျစရိတ်ကို သက်သာတဲ့ နည်းလမ်းလေးတစ်ခုပါပဲ။ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ စာရွက်၊ အဝတ်စ၊ သစ်သားချောင်းလေးတွေကို သုံးပြီး ကိုယ့်စိတ်ကြိုက် အနုပညာဖန်တီးမှုလေးတွေ၊ အလှဆင်တာတွေကို လုပ်ကြည့်လိုက်ပါ။

 

Washi Tape လိုမျိုး တိပ်လှလှလေးတွေ ဒါမှမဟုတ် ပိတ်စအဆင်ဆန်းဆန်းလေးတွေ သုံးပြီးတော့လည်း အိမ်အလှဆင်တာကို တမူထူးခြားအောင် ဖန်တီးနိုင်ပါသေးတယ်။

(၄) သဘာဝပစ္စည်းတွေကို သုံးပါ

 

လွယ်လွယ်တွေ့နိုင်တဲ့ အပင်တွေ၊ ကျောက်တုံးတွေ၊ ခရုအခွံလေးတွေနဲ့ သဘာဝဆန်ဆန် ဖန်တီးမှုမျိုးလုပ်ပြီး အိမ်ကို အလှဆင်နိုင်ပါတယ်။

နောက်တစ်ခါ အားလပ်ရက်အပျော်ခရီးတွေသွားတဲ့အချိန်ကျရင် လှလှပပ ချစ်စရာကောင်းတဲ့ သစ်ပင်အကိုင်းအခက်လေးတွေ၊ ကျောက်တုံးလေးတွေ၊ ခရုခွံလေးတွေကို အိမ်ပြန်သယ်လာခဲ့နော်။ အိမ်ရဲ့ ထမင်းစားခန်း ဒါမဟုတ် ကော်ဖီစားပွဲမှာ အလှဆင်ဖို့ကို အဲ့ဒီဟာလေးတွေကို ဗန်းလှလှလေးထဲတို့၊ ဖန်ပန်းကန်လုံးကြီးကြီးထဲတို့ စီစီရီရီထည့်ထားလိုက်နော်။

 

အဲ့လိုအရာလေးတွေက ငွေကုန်ကြေးကျခံပြီး ဝယ်စရာလည်း မလိုဘဲနဲ့ ကိုယ့်ခရီးတစ်လျှောက်က အမှတ်ရစရာ၊ ပျော်စရာလေးတွေကို ဒီပစ္စည်းလေးတွေနဲ့ အလှဆင်ထားတာကို ပြန်ကြည့်ရင်း တမ်းတလို့လည်း ရပါတယ်။

(၅) ပရိဘောဂတွေကို နေရာပြောင်းပါ

ကိုယ့်အိမ်မှာ ပရိဘောဂတွေကို နေရာပြောင်းလိုက်တာကလည်း တစ်ခါတစ်ရံ အမြင်ဆန်းစေပါတယ်။ ကိုယ့်မှာ ရှိတဲ့နေရာနဲ့ အဆင်ပြေနိုင်မယ့် မတူညီတဲ့ အပြင်အဆင်သစ်တွေကို စမ်းလုပ်ကြည့်ပါ။ ပြောင်းလဲသွားတဲ့ ပုံစံအသစ်က ကိုယ့်အကြိုက်ဖြစ်နိုင်မလားပေါ့နော်။

တကယ်လို့ ကိုယ်က အိမ်မှာ မိသားစု၊ သူငယ်ချင်းတွေ စုပြီး မုန့်လုပ်စားတာတို့ ရင်တွင်းစကားတွေ ထိုင်ပြောရတာတို့ကို ကြိုက်တဲ့ သူတစ်ယောက်ဆိုရင်တော့ စကားဖောင်ဖွဲ့ရတာ အဆင်ပြေဖို့အတွက် ကိုယ့်ထိုင်ခုံတွေ၊ ဆိုဖာတွေကို နေရာအစီအစဉ်တကျဖြစ်အောင် ပြန်ပြောင်းဖို့တော့ လိုမယ်နော်။ ကိုယ့်နေရာလေး ဘယ်လို အသွင်တစ်မျိုးနဲ့ အမြင်ပြောင်းသွားစေမလဲဆိုတော့ စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

 

(၆) ကိုယ့်စိတ်ကြိုက်နေရာလေး ဖန်တီးပါ

ကိုယ့်အကြိုက်ဆုံးအရာတွေကို ပြဖို့ ဒါမှမဟုတ် ဘဝမှာ မှတ်မှတ်ရရရှိခဲ့တာလေးတွေကို စုစည်းထားဖို့ အိမ်က နေရာလွတ် ထောင့်တစ်နေရာမှာ ကိုယ့်စိတ်ကြိုက်ပြင်ဆင်ကြည့်တာကလည်း ထူးခြားဆန်းသစ်တဲ့ အိမ်အလှဆင်နည်းတစ်မျိုးပါပဲ။

တကယ်လို့ ကိုယ်က စာအုပ်ဝါသနာရှင်ဆိုရင်လည်း အဲ့လိုအိမ်ထောင့်လေးမှာ စာအုပ်စင်သေးသေးလေးလုပ်ပြီးတော့ ဆေးရောင်လှလှခြယ်လိုက်တာနဲ့ ကိုယ်စာအုပ်ဖတ်တဲ့နေရာလေး ရလာမှာနော်။ ကိုယ်က ခရီးသွားတာကို ကြိုက်တဲ့သူတစ်ယောက်ဆိုရင်တော့ သွားခဲ့ဖူးသမျှ ခရီးတွေက အမှတ်တရပစ္စည်းတွေအကုန်လုံးကို အဲ့နေရာလေးမှာ တစ်စုတစ်စည်းထဲ့ ထားကြည့်နော်။ ဧည့်သည်လာရင်လည်း သူ့ကို အဲ့ဒါလေးတွေ လိုက်ပြရင်း စကားစမြည်ပြောလို့ကောင်းတာပေါ့။

ဒီလို အသုံးတည့်မယ့် နည်းလမ်းတွေလည်း‌ ပြောပြပြီးပြီဆိုတော့ ကိုယ့်အိမ်လေးကို သန့်သန့်ရှင်းရှင်း လှလှပပနဲ့ ဧည့်သည်တွေလည်း လာလည်ချင်အောင် ကုန်ကျစရိတ်သက်သာတဲ့ အိမ်အလှဆင်တာလေးတွေ ကိုယ်တိုင် လုပ်လို့ရပြီပေါ့နော်။ ကုန်ကျစရိတ်နည်းနည်းနဲ့ အိမ်အလှဆင်ချင်တဲ့သူတွေအတွက် ဒီနည်းလမ်းလေးတွေက အကောင်းဆုံးပဲနော်။ ဒါလေးတွေကို စမ်းလုပ်ကြည့်ပြီး ဘယ်နည်းလမ်းက ကိုယ်နဲ့ အသင့်တော်ဆုံး ဆိုတာကိုလည်း အောက်မှာ ပြောပြပေးသွားပါဦးနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  goodlife

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ပိုလန်တွင် မိဘများက ၂၇ နှစ်ကြာ နေအိမ်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသော အမျိုးသမီး သေလုမြောပါး အခြေအနေဖြင့် လွတ်မြ
ပိုလန်တွင် မိဘများက ၂၇ နှစ်ကြာ နေအိမ်ထဲတွင် ဖမ်းဆီးချုပ်နှောင်ခြင်း ခံခဲ့ရသော အမျိုးသမီး သေလုမြောပါး အခြေအနေဖြင့် လွတ်မြ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
ဆယ်လီတို့ကို အရူးအမူး စွဲလမ်းကိုးကွယ်သူများမှာ ဉာဏ်ရည်နိမ့်ပါးကြောင်း ဟန်ဂေရီ သိပ္ပံပညာရှင်များ လေ့လာတွေ့ရှိ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း

Upcoming Property Events

From 25 Oct To 26 Oct

Magical World Apartment

Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service