အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်လာ

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀ ခန့် ပါဝင်သော ရွာငယ်လေးနှင့် တောအုပ်မြေ ၂၇ ဧက ကို ကန်ဒေါ်လာ ၂၆၉၀၀၀ မျှဖြင့် အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
25 Feb 2025 10:09 am တွင် တင်ခဲ့သည်
1476 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ နယူးယောက်ပြည်နယ်၏ တောပိုင်းကျကျတွင် installation artist တစ်ဦးက ရေမီး အစိုးရဓာတ်အားလိုင်းများနှင့် ဝေးကွာသော တောကြီးမျက်မည်းထဲတွင် ရွာငယ်လေးတစ်ခုကို နှစ်ပေါင်း ၂၀ ခန့် အချိန်ယူဆောက်လုပ်ခဲ့သည်။

(မှတ်ချက်။ ရွာငယ်လေးတည်ရှိရာ Catskill Wilderness တောင်ကြော သဘာဝဥယျာဉ်အပန်းဖြေဒေသသည် နယူးယောက် ပြည်နယ်တွင် တည်ရှိပြီး အကျယ်အဝန်း ဧကပေါင်း ၇၀၀၀၀၀ ခန့်ရှိကာ ကမ္ဘာ့အလှဆုံး ရေတံခွန်များ၊ သာယာလှပသော ရှုမျှော်ခင်းများကြောင့် နာမည်ကြီးသည်။)

ယခုအခါ အဆိုပါအပန်းဖြေစခန်းမှာ အရောင်းဈေးကွက်ဝင်နေကြောင်း Gothamist နှင့် Artnet သတင်းဌာန တို့က ဖော်ပြသည်။

စွန့်ပစ်ပစ္စည်းများဖြင့် ကိုယ်တိုင်ဆောက်လုပ်ထားသည့် အဆောက်အအုံ ၃၀ ခန့်ပါဝင်ပြီး တောအုပ်မြေ ၂၇ ဧက နီးပါးကျယ်ဝန်းသော အပန်းဖြေစခန်းနေရာကို ကန်ဒေါ်လာ ၂၆၉,၀၀၀ သာ ဈေးခေါ်ထားသည်။

Catskill မြို့အနီး ချိုင့်ဝှမ်းတစ်ခုတွင် တည်ရှိပြီး installtion artist ဖြစ်သူ Bua နှင့် သူ၏ မိတ်ဆွေများ ပူးပေါင်း ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ထားသော တောတွင်းရွာငယ်လေးတွင် ပုံပြင်ဆန်ဆန် ဆောက်လုပ်ထား မှုများ ပါဝင်ရာ LP ကုမ္ပဏီထုတ် သစ်ချပ်ပြားများဖြင့် မိုးထားသော မျှော်စင်တစ်ခု၊ သံဆူးကြိုးများဖြင့် ရက်လိမ် ပြုလုပ်ထားသော ဝက်ဝံရုပ်၊ တူးဒေါ် ဗိသုကာဟန် ဘုရားကျောင်းနှင့် မြေကြီးအိတ်များဖြင့် ပြုလုပ်ထားသည့် ကတုတ်ကျင်းတစ်ခုတို့ အပါအဝင် ဖြစ်သည်။

Bua က နယူးယောက်ပို့စ်သတင်းဌာနသို့ ပြောသည်မှာ အဆိုပါမြေကွက်ကို ပစ္စည်းစုံ အရောင်းဝက်ဘ်ဆိုက် ဖြစ်သည့် Pennysaver တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

(မှတ်ချက်။ pennysaverusa ဝက်ဘ်ဆိုက်သည် အိမ်ခြံမြေ၊ မော်တော်ကား အစရှိသည်တို့မှသည် လူသုံးကုန်၊ အလုပ်အကိုင်၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အိမ်မွေး တိရ စ္ဆာန် အရောင်းအဝယ်တို့အထိ အခမဲ့ကြော်ငြာတင် နိုင်သော ဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည်)

ထိုအချိန်က Bua သည် နယူးယောက်မြို့ ဘရွတ်ကလင်းအရပ်တွင် နေထိုင်နေပြီး မြေနေရာကို ဒေါ်လာ ၃၃၀၀၀ မျှဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်းတွင် ကပ်လျက်မြေကွက်ကိုလည်း ထပ်မံ ဝယ်ယူခဲ့ပြီး Bua က သူ၏ ရွာငယ်လေးကို b-home Studio ဟု အမည်ပေးခဲ့သည်။

အရောင်းဈေးကွက် တင်ပေးသည်မှာ Coldwell Banker အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Loanis John lconomou နှင့် Angela Lanuto တို့ ဖြစ်သည်။

 

(စွန့်ပစ်ပစ္စည်းများ ဆောက်လုပ်ထားသော တဲအိမ်တစ်လုံး။ ဓာတ်ပုံ-Tamara Beckwith)

အကျိုးဆောင် Angela က ယခုနေရာလေးကို “တောအုပ်ထဲက ရွာငယ်လေး” ဟု အမည်ပေးထားသည်။

ရွာငယ်လေးတွင် ဘုရားကျောင်းနှင့် စာကြည့်တိုက်ငယ်များလည်း ပါဝင်ပြီး အားလုံးကို စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

ဒေသတွင်းမှ စိတ်ဝင်စားသူများ၊ မြို့ပေါ် ဝယ်လက်များနှင့် အမေရိက အနောက်ဘက်မှ အနုပညာရှင်များ အပါအဝင် စိတ်ဝင်တစား စုံစမ်းသူ များစွာ ရှိကြောင်း Angela က ပြောသည်။

လက်ရှိအချိန်ထိမူ အဆိုပါ မြေနေရာတွင် တရားဝင် အမြဲအခြေချ နေထိုင်ခွင့် မရှိချေ။ “တကယ့်ကို ဒီအဆောက်အအုံတွေမှာ အမြဲနေချင်တယ်ဆိုရင် Catskill မြို့ကို သွားပြီး ပါမစ်လျှောက်ရမှာ ဖြစ်ပါတယ်”ဟု Angela က ပြောသည်။

 

(Matt Bua ကို ၎င်း ဖန်တီးခဲ့သော အဆောက်အအုံတစ်ခုတွင် တွေ့ရပုံ။ ဓာတ်ပုံ-Tamara Beckwith)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Artist Lists Ramshackle Off-Grid Retreat in the Catskills Wilderness for $269K

Photo Credit- Tamara Beckwith

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
အိပ်စက်ချိန်၌ အိပ်ခန်းကို လုံးဝအမှောင်ချထားရန် လိုအပ်ပြီး အလင်းမှိန်ဖျဖျရှိလျှင်ပင် စိတ်ကျန်းမာရေး အတွက် အန္တရာယ်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
လူတို့ကို ပြုံးလျက်သေသွားစေသော အဆိပ်အလွန်ပြင်းသည့် သေမင်းတမန် အပြုံးပန်း
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျိုးသားတစ်ဦးဦးကို လက်ထပ်လိုနေ...
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ဖုန်းအားပြည့်ချိန်မှာ အားသွင်းကြိုး တန်းလန်းထားခဲ့သူတွေ သတိပြုစရာ
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service