လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် အရေးပေါ်အခြေအနေကြေညာ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီးယားတွင် အရေးပေါ်အခြေအနေကြေညာ - Property News in Myanmar from iMyanmarHouse.com
10 Jan 2025 1:52 pm တွင် တင်ခဲ့သည်
1399 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိမြို့ဝန်းကျင်တွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ကမ္ဘာကြယ်ပွင့်များစွာ နေအိမ်များ ပြာကျသွားခဲ့ပြီးဖြစ်ပြီး Mark Hamill,Mandy Moore နှင့် James Woods တို့အပါအဝင် အကျော်အမော်များစွာမှာ အသက်လုကာ ထွက်ပြေးရလျက် ရှိသည်။

ကယ်လီဖိုးနီးယားတခွင်ရှိ မီးသတ်သမားတို့မှာ တစ်နာရီလျှင် မိုင် ၁၀၀ တိုက်ခတ်နေသော လေပြင်းကြားမှ မီးငြိမ်းသတ်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းရလျက် ရှိသည်။ လမ်းမများပေါ်တွင် မီးဘေးမှ ထွက်ပြေးကြသူတို့၏ ထောင်သောင်းချီသော မော်တော်ကားများဖြင့် ပိတ်ဆို့နေသည်။

Pacific Palisades သည် ကမ်းရိုးတန်းတလျှောက် တောင်တန်းဘေးဒေသဖြစ်ပြီး နာမည်ကျော် ကြယ်ပွင့်တို့၏ စံအိမ်များစွာ ရှိနေသည်။

မီးဘေးမှ အသက်လုထွက်ပြေးကြသူတို့၏ ကားများဖြင့် ပိတ်ဆို့နေသောကြောင့် များစွာသော သူတို့မှာ ကားများကို စွန့်ပစ်ထားခဲ့ကြကာ ခြေလျင် အသက်လုထွက်ပြေးကြသည်။

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်က ပြည်နယ်အတွင်း အရေးပေါ်အခြေအနေ ကြေညာထားသည်။

လော့စ်အိန်ဂျလိတွင် နေထိုင်သူ ပြည်သူပေါင်း ၃၀၀၀၀ ခန့်ကို နေအိမ်မှ စွန့်ခွာကာ ဘေးကင်းရာသို့ တိမ်းရှောင်ခိုင်းထားသည်။

(လော့စ်အိန်ဂျလိ တောမီးကြောင့် ဟောလိဝုဒ်ကြယ်ပွင့်များစွာ နေအိမ်မှ ထွက်ပြေးခဲ့ကြရသည်။)

(ပဲရစ် ဟီလ်တန်၏ Malibu စံအိမ်မှာ မီးသင့်သွားသည်။ ဓာတ်ပုံ-Instagram/Paris Hilton)

ပဲရစ် ဟီလ်တန်က အဆိုပါအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။

Heidi Montag and Spencer Pratt

(အမေရိကန် ရုပ်သံအကျော်အမော် Spencer Pratt ကို မီးလောင်နေသော သူ၏ နေအိမ်ရှေ့တွင် တွေ့ရပုံ။ ဓာတ်ပုံ-APEX/MEGA)

Leighton Meester and Adam Brody

(အမေရိကန် သရုပ်ဆောင်များဖြစ်သော Adam Brody နှင့် Leighton Meester တို့ စုံတွဲ၏ စံအိမ်မှာလည်း တောမီးထဲတွင် ပါသွားသည်။ ဓာတ်ပုံ-itsmeleighton/Instagram)

(Adam Brody ၏ ဒေါ်လာ ၆ ဒသမ ၅ သန်းတန် စံအိမ် မီးလောင်ကျွမ်းနေပုံ။ ဓာတ်ပုံ-Backgrid)

Anna Faris

(တောမီးကြောင့် အမေရိကန်ရုပ်ရှင်မင်းသမီး Anna Faris ၏ စံအိမ်မှာလည်း ပြာကျသွားသည်။ ဓာတ်ပုံ-Getty Images)

(တောမီးကြောင့် Anna Faris ၏ စံအိမ်ပြာကျသွားပုံ။ ဓာတ်ပုံ-Backgrid)

Miles Teller

(အမေရိကန် ရုပ်ရှင်မင်းသား Miles Teller ၏ စံအိမ်မှာလည်း မီးသင့်သွားသည်။ ဓာတ်ပုံ-FlimMagic)

(Miles Teller ၏ စံအိမ် မီးလောင်ပြီးနောက် တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ-Backgrid)

Eugene Levy

(ကနေဒါရုပ်ရှင်သရုပ်ဆောင် Eugene Levy မှာ တောမီးလောင်မှုကြောင့် နေအိမ်မှ ထွက်ပြေးခဲ့ရသည်။ ဓာတ်ပုံ-Getty Images)

(မီးခိုးတွေက အရမ်းကို မှောင်ပိတ်နေတာကြောင့် မီးတောက်တွေတောင် မတွေ့ခဲ့ပါဘူးဟု Eugene Levy က ပြောသည်။ ဓာတ်ပုံ-Getty Images)

(Backgrid )

Anthony Hopkins

(အော်စကာဆုရှင် Anthony Hopkins ၏ စံအိမ်မှာလည်း မီးထဲ ပါသွားသည်။ ဓာတ်ပုံ-Getty Images)

(Hopkins ၏ စံအိမ် မီးလောင်ကျန်ရစ်ခဲ့ပုံ။ ဓာတ်ပုံ-Backgrid)

Billy Crystal 

(အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Billy Crystal’s ၏ အိမ်လည်း မီးလောင်သွားသည်။ ဓာတ်ပုံ- Getty Images)

(အမေရိကန်ရုပ်ရှင်သရုပ်ဆောင် John Goodman ၏ နေအိမ်လည်း ပြာကျသွားသည်။ ဓာတ်ပုံ-Getty Images)

(Goodman ၏ နေအိမ် မီးလောင်သွားပုံ။ ဓာတ်ပုံ-Backgrid)

(ရုပ်ရှင်မင်းသား ဘင်အက်ဖလက် မီးဘေးမှ ကားမောင်းကာ ထွက်ပြေးနေပုံ။ ဓာတ်ပုံ-Backgrid)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The LA wildfires are ripping through the celebrity-packed Pacific Palisades. Here's which stars have lost homes in the blaze

Photo Credit-BackGrid, Getty Images, Instagram/Paris Hilton, APEX/MEGA, itsmeleighton/Instagram, FlimMagic

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
ဗြိတိန်တွင် မီးသတ်သမားတို့ကို အလွန်အားကျကာ မီးသတ်နေပုံကို မျက်ဝါးထင်ထင် တွေ့မြင်လိုသောကြောင့် မိမိအိမ်ကို မီးရှို့ပြီး မီးသတ်ဌာနသို့ ဖုန်းဆက်ခေါ်ယူသော အမျိုးသားတစ်ဦးအကြောင်း...
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စောင့် စောင့်ကြပ်နေကာ လူအများဝိုင်းဝန်းဓာတ်ပုံရိုက်နေသော ဘီလ်ဂိတ်မှာ မည်သူဖြစ်သည်ကို မသိသော မိန်းကလေးတစ်ဦးက “ဒီအဘိုးကြီးက ဘယ်သူလဲ”...

[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service