ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဗြိတိန်၏ လူသူရှုပ်ထွေးသော လမ်းမများပေါ်တွင် ကြေးစားသူတောင်းစားဂိုဏ်းများ အင်အားကြီးထွား မင်းမူလာလျက်ရှိနေပြီး အလုပ်ဆိုင်းဖြင့် လှုပ်ရှားလျက်ရှိကာ မော်တော်ကားများကို ဝိုင်းအုံပိတ်ဆို့ကာ ငွေတောင်းခံလျက်ရှိကြောင်း Dailymail သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ငွေအငမ်းမရဖြစ်နေသော သူတောင်းစားဂိုဏ်းသားတို့သည် ယာဉ်ကြောပိတ်နေသော လမ်းဆုံများ၊ မီးပွိုင့်များတွင် လှည့်လည်သွားလာကာ ကားမှန်များကို ခေါက်ပြီး ငွေတောင်းခံကြသည်။
မန်ချက်စတာမြို့နှင့် လန်ဒန်မြို့လယ်တွင် သူတောင်းစားအုပ်စုများ အင်အားတောင့်တင်းလာနေမှုမှာ ကားဖြင့် သွားလာသူတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေပြီး အချို့မှာ မိမိတို့၏ ဘေးကင်းလုံခြုံမှုကို ရတက်မအေး ဖြစ်လာကြသည်။
West Midlands ဒေသ၊ Walsall မြို့ရှိ မီးပွိုင့်များတွင် မီးနီမိသော ကားများအား စောင့်ဆိုင်းနေသည့် သူတောင်းစားများကို တွေ့နိုင်သည်။
Walsall မြို့တွင် သူတောင်းစားဂိုဏ်းပြဿနာမှာ ကြီးထွားလာနေပြီး မြို့သူမြို့သားတို့က အချက်အခြာ လမ်းဆုံကို သူတောင်းစားလမ်းဆုံဟုပင် နာမည်ပေးထားကြသည်။
မန်ချက်စတာမြို့တွင်ဆိုလျှင် Princess Parkway နှင့် Regents လမ်းတို့၏ လမ်းဆုံများတွင် ယခုရက်သတ္တပတ်အတွင်း သူတောင်းစားဂိုဏ်းသားများကို တွေ့ရသည်။
Daily Mail သတင်းဌာနသည် Princess Parkway သို့ သွားရောက်လေ့လာခဲ့ရာ သူတောင်းစားဂိုဏ်းဝင်တစ်ဦးဖြစ်သည်ဟု ယူဆရသော လက်တွန်းလှည်းပေါ်မှ အမျိုးသားတစ်ဦးသည် ငွေလိုက်လံတောင်းခံနေသည်ကို တွေ့ရှိခဲ့သည်။
မီးပွိုင့်မိသွားသည့်အချိန်တိုင်း ထိုအမျိုးသားသည် ကားများဆီသို့သွားကာ ငွေတောင်းခံရာ မော်တော်ကားများစွာက ၎င်း၏ ခွက်အတွင်းသို့ ငွေများထည့်ပေးကြသည်ကို တွေ့ရှိခဲ့သည်။
(မန်ချက်စတာမြို့တွင် ယခုရက်သတ္တပတ်အတွင်းက လက်တွန်းလှည်းနှင့်အမျိုးသားတစ်ဦးသည် ကားတစ်စီးထံမှ ငွေတောင်းခံနေသည်ကို တွေ့ရပုံ)
(Walsall မြို့ မီးပွိုင့်တစ်ခုတွင် ငွေလိုက်လံတောင်းရမ်းနေသူတစ်ဦးကို နိုဝင်ဘာ ၂၁ ရက်က တွေ့ခဲ့ရပုံ)
ထိုနေရာတွင် ထိုသူမှာ မိနစ် ၉၀ ခန့် တောင်းရမ်းနေပြီးနောက် ထွက်ခွာသွားသည်။ DailyMail သတင်းဌာနက အခြေအနေကို စောင့်ကြည့်နေရာ ထိုနေရာသို့ အခြားသူတောင်းစားတစ်ဦး ချက်ချင်းဆိုသလိုရောက်ရှိလာပြီး မသန်စွမ်းသူတောင်းရမ်းနေသော နေရာတဝိုက်တွင် အစားထိုးကာ ဆက်လက် တောင်းရမ်းနေသည်ကို တွေ့ရှိခဲ့သည်။
Princess Parkway ရှိ Asda တွင် ကားရပ်နားကြသော ကားပိုင်ရှင်တို့က ပြောသည်မှာ တောင်းရမ်းစားသောက်သူတို့၏ ရဲတင်းစွာ ပြုမူပုံများကြောင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးကို စိုးရိမ်မိကြောင်း ပြောသည်။
အသက် ၄၅ နှစ်အရွယ်ရှိ ဆေးဆိုင်ရှင်ဖြစ်သူ Sarah Sharpe က ပြောသည်မှာ “တံခါးမှန်ကိုလာခေါက်ပြီး ပိုက်ဆံလာတောင်းကြတာ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်” ဟု ပြောသည်။
“ကျွန်မက တံခါးကို အမြဲလော့ခ်ချထားတယ်။ အများအားဖြင့်တော့ ဥပေက္ခာပြုထားပါတယ်။ တခါတလေမှာတော့ သူတို့ကို ပိုက်ဆံပေးလိုက်ဖို့ကလွဲပြီး ကျွန်မမှာ ရွေးချယ်စရာမရှိဘူးလို့ ခံစားရပါတယ်”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The professional gangs running Britain's Beggar Junctions: How 'aggressive' groups 'work in shifts' to hassle drivers out of hundreds every day (dailymail)