ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းပေါ်ပေါက်နေ - Property News in Myanmar from iMyanmarHouse.com
17 Oct 2024 12:23 pm တွင် တင်ခဲ့သည်
291 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(KISS ဘာလဲ)

Kiss သည် အမေရိကန် ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် နယူးယောက်မြို့၌ အဆိုတော် ပေါလ် စတန်လေ (Paul Stanley) ၊ ဘေ့စ်ဂစ်တာသမား (Gene Simmons) ၊ ဂစ်တာသမား (Ace Frehley) နှင့် ဒရမ် (Peter Criss) တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

Kiss အဖွဲ့ကြီးသည် ပါးစပ်တွင်းမှ မီးမှုတ်ထုတ်ခြင်း၊ သွေးများမှုတ်ထုတ်ခြင်း၊ မီးခိုးထွက်နေသော ဂစ်တာများ၊ ဒုံးများ ပစ်ခတ်ခြင်း၊ မီးရှုးမီးပန်းဖောက်ခြင်းများ အစရှိသည့် ထူးခြားသောတင်ဆက်ပုံများဖြင့် ၁၉၇၀ ပြည့်လွန် ကာလများအတွင်း စတင်ကျော်ကြားလာခဲ့သည်။

ရှေ့ထွက်အဆိုတော် ပေါလ်စတန်လေနှင့် ဘေ့စ်ဂစ်တာသမား Simmons တို့ ၂ ဦးမှလွဲပြီး အဖွဲ့သား အပြောင်းအလဲ မကြာခဏဖြစ်ပေါ်ခဲ့သည်။

Kiss ၏ အဓိက ဂီတအမျိုးအစားများကား Hard Rock , Heavy Metal နှင့် Glam Metal တို့ ဖြစ်ကြသည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Kiss အဖွဲ့ကြီး၏ သီချင်းများကို မြန်မာနိုင်ငံတွင် စတီရီယိုခေတ်ဦးကတည်းက ပြန်လည်သီဆိုခဲ့မှုများရှိရာ Do you love me, Lick it up, Love gun အစရှိသော သီချင်းများကို တော်မီကျော်နိုင်က အရူးလေးလား၊ အဆက်ဖြတ်လိုက်၊ မင်းကြောင့် အစရှိသောအမည်များဖြင့် ပြန်လည်သီဆိုခဲ့သည်။

Kiss ၏ Tears are falling သီချင်းကို ဝမ်းနည်းခြင်းမိုးတိမ် စီးရီးတွင် ဘယ်သူ့မှာ မျက်ရည်ပိုလဲဟု ညီငယ်က ပြန်လည်သီဆိုထားသည်။

Sure now something ကို တင်ဇာမော်က အဆိုးဆုံးအလွမ်း၊ Every time I look at you ကို သျှီက လိုချင်သောကမာ္ဘ ဟုလည်း သီဆိုထားသည်။

အငဲကလည်း Kiss ၏ သီချင်းများ ပြန်လည်သီဆိုခဲ့ဖူးရာ Paralyzed ကို စိန်ခေါ်ခြင်း၊ See you tonight ကို နွေညများ၊ Coming home ကို အဖြေ ၊ Domino ကို ကမ်းမရှိတဲ့အချစ် အစရှိသဖြင့် ပြန်လည်သီဆိုရာတွင် လည်း အောင်မြင်မှုများ ရရှိခဲ့သည်။

(ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ်))

ရော့ခ်ကြယ်ပွင့်တစ်ဦး၏ စံအိမ်တွင် နေထိုင်လိုသူများအတွက် တကယ့်ရတနာတစ်ပါးဟုဆိုနိုင်သော စံအိမ် တစ်လုံး အရောင်းဈေးကွက်ဝင်လာသည်။

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS မှ ဘေ့စ်ဂစ်တာသမား Gene Simmons ၏ စံအိမ် အရောင်းဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်အရပ်တွင် တည်ရှိသည်။

စံအိမ်မှာ Gene Simmons နေထိုင်ခဲ့စဉ်ကာလက ပုံစံမျိုးမဟုတ်ဘဲ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွား သည်။

KISS ၏ အမာခံပရိသတ်များအနေဖြင့် ယခုစံအိမ်သည် Gene Simmons ၏ Reality TV အစီအစဉ်ဖြစ်သော “Gene Simmons Family Jewels” ရိုက်ကူးခဲ့ရာနေရာဖြစ်ကြောင်း ပြန်လည်အမှတ်ရကြဦးမည် ဖြစ်သည်။

အဆိုပါ ရုပ်သံအစီအစဉ်ကို A & E ရုပ်သံလိုင်းက ၂၀၀၆ မှ ၂၀၁၂ ခုနှစ်အထိ ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

Gene Simmons နှင့် ဇနီးဖြစ်သူ Shannon Tweed Simmons တို့က ယခုစံအိမ်ကို ၁၉၈၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

Gene Simmons တို့စုံတွဲသည် ယခုစံအိမ်ကြီးတွင် သားသမီး ၂ ဦးနှင့်အတူ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။

အိမ်ခြံမြေမှတ်တမ်းများအရ Gene Simmons သည် ယခုစံအိမ်ကို ၂၀၀၀ ပြည့်နှစ်တွင် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး ဥရောပဟန်စံအိမ်တစ်လုံးအသွင် ပိုမိုချဲ့ထွင်မှု ပြုလုပ်ခဲ့သည်။

လွန်ခဲ့သော ၄ နှစ်ခန့်က စံအိမ်ကြီးကို အရောင်းဈေးကွက်တင်ခဲ့ရာတွင် စံအိမ်အတွင်း ဖောင်းကြွမျက်နှာကြက် များ၊ အနက်ရောင်သစ်၊ ကြီးမားသော ခန်းဆီးများနှင့် အလှဆင် မီးဆိုင်းကြီးများ ပါဝင်ခဲ့သည်။

Gene Simmons က ၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၂၂ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဈေးတည့်သွားခဲ့သည်။

(ပြန်လည်မွမ်းမံမှုများ မပြုလုပ်သေးမီ Gene Simmons နေထိုင်ခဲ့သောကာလက စံအိမ်မြင်ကွင်း။ ဓာတ်ပုံ-Christopher Amitrano)

(Gene Simmons ၏ စံအိမ်ကို အသွင်သစ်ဖြင့် တွေ့ရပုံ။ ဓာတ်ပုံ-Realtor)

(ခြံဝန်းအကျယ် ၂ ဧကနီးပါးရှိသည်။ ဓာတ်ပုံ-Realtor)

(ကြီးမားကျယ်ဝန်းလှသော အဝင်ခန်းမကြီးက ကြီးမားသော ရုပ်တုကြီးတစ်ခုနှင့်အတူ ဧည့်သည်များကို ကြိုလင့်နေသည်။ ဓာတ်ပုံ-Realtor)

(အသစ်ပြန်လည်ဆောက်လုပ်ထားသော စံအိမ်မှာ စတုရန်းပေ ၁၆၀၀၀ ကျော် ကျယ်ဝန်းသည်။ ဓာတ်ပုံ-Realtor)

(အခန်းဖွင့် အခင်းအကျင်း။ ဓာတ်ပုံ-Realtor)

(လင်းလင်းချင်းချင်းရှိသော ဧည့်ခန်း။ ဓာတ်ပုံ-Realtor)

(ပင်မအိပ်ခန်း ဖွဲ့စည်းမှု။ ဓာတ်ပုံ-Realtor)

(ဆက်စပ်သတင်း))

ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ အဆိုတော် Paul Stanley ၏ စံအိမ်

https://www.imyanmarhouse.com/news/read/1022133

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gene Simmons’ Former Mansion Is Listed for $39 Million After Wild Top-to-Bottom Makeover (realtor) Photo Credit- Christopher Amitrano, realtor

[Zawgyi]

ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး KISS မွ ေဘ့စ္ဂစ္တာသမား Gene Simmons ၏ စံအိမ္ ကန္ေဒၚလာ ၃၉ သန္းျဖင့္ ဝယ္ယူႏိုင္မည့္ အခြင့္အလမ္းေပၚေပါက္ေန

(KISS ဘာလဲ))

Kiss သည္ အေမရိကန္ ေရာ့ခ္ဂီတအဖြဲ႔ၾကီးျဖစ္ျပီး ၁၉၇၃ ခုႏွစ္တြင္ နယူးေယာက္ျမိဳ႕၌ အဆိုေတာ္ ေပါလ္ စတန္ေလ (Paul Stanley) ၊ ေဘ့စ္ဂစ္တာသမား (Gene Simmons) ၊ ဂစ္တာသမား (Ace Frehley) ႏွင့္ ဒရမ္ (Peter Criss) တို႔ျဖင့္ စတင္ဖြဲ႔စည္းခဲ့သည္။

Kiss အဖြဲ႔ၾကီးသည္ ပါးစပ္တြင္းမွ မီးမႈတ္ထုတ္ျခင္း၊ ေသြးမ်ားမႈတ္ထုတ္ျခင္း၊ မီးခိုးထြက္ေနေသာ ဂစ္တာမ်ား၊ ဒံုးမ်ား ပစ္ခတ္ျခင္း၊ မီးရႈးမီးပန္းေဖာက္ျခင္းမ်ား အစရွိသည့္ ထူးျခားေသာတင္ဆက္ပံုမ်ားျဖင့္ ၁၉၇၀ ျပည့္လြန္ ကာလမ်ားအတြင္း စတင္ေက်ာ္ၾကားလာခဲ့သည္။

ေရွ႕ထြက္အဆိုေတာ္ ေပါလ္စတန္ေလႏွင့္ ေဘ့စ္ဂစ္တာသမား Simmons တို႔ ၂ ဦးမွလြဲျပီး အဖြဲ႔သား အေျပာင္းအလဲ မၾကာခဏျဖစ္ေပၚခဲ့သည္။

Kiss ၏ အဓိက ဂီတအမ်ဳိးအစားမ်ားကား Hard Rock , Heavy Metal ႏွင့္ Glam Metal တို႔ ျဖစ္ၾကသည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Kiss အဖြဲ႕ႀကီး၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ စတီရီယိုေခတ္ဦးကတည္းက ျပန္လည္သီဆိုခဲ့မႈမ်ားရွိရာ Do you love me, Lick it up, Love gun အစရွိေသာ သီခ်င္းမ်ားကို ေတာ္မီေက်ာ္ႏိုင္က အ႐ူးေလးလား၊ အဆက္ျဖတ္လိုက္၊ မင္းေၾကာင့္ အစရွိေသာအမည္မ်ားျဖင့္ ျပန္လည္သီဆိုခဲ့သည္။

Kiss ၏ Tears are falling သီခ်င္းကို ဝမ္းနည္းျခင္းမိုးတိမ္ စီးရီးတြင္ ဘယ္သူ႔မွာ မ်က္ရည္ပိုလဲဟု ညီငယ္က ျပန္လည္သီဆိုထားသည္။

Sure now something ကို တင္ဇာေမာ္က အဆိုးဆုံးအလြမ္း၊ Every time I look at you ကို သွ်ီက လိုခ်င္ေသာကမာၻ ဟုလည္း သီဆိုထားသည္။

အငဲကလည္း Kiss ၏ သီခ်င္းမ်ား ျပန္လည္သီဆိုခဲ့ဖူးရာ Paralyzed ကို စိန္ေခၚျခင္း၊ See you tonight ကို ေႏြညမ်ား၊ Coming home ကို အေျဖ ၊ Domino ကို ကမ္းမရွိတဲ့အခ်စ္ အစရွိသျဖင့္ ျပန္လည္သီဆိုရာတြင္ လည္း ေအာင္ျမင္မႈမ်ား ရရွိခဲ့သည္။

(ေဘ့စ္ဂစ္တာသမား Gene Simmons ၏ စံအိမ္))

ေရာ့ခ္ၾကယ္ပြင့္တစ္ဦး၏ စံအိမ္တြင္ ေနထိုင္လိုသူမ်ားအတြက္ တကယ့္ရတနာတစ္ပါးဟုဆိုႏိုင္ေသာ စံအိမ္ တစ္လံုး အေရာင္းေစ်းကြက္ဝင္လာသည္။

ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး KISS မွ ေဘ့စ္ဂစ္တာသမား Gene Simmons ၏ စံအိမ္ အေရာင္းေစ်းကြက္သို႔ ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္ျပီး အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးစ္အရပ္တြင္ တည္ရွိသည္။

စံအိမ္မွာ Gene Simmons ေနထိုင္ခဲ့စဥ္ကာလက ပံုစံမ်ဳိးမဟုတ္ဘဲ မမွတ္မိႏိုင္ေလာက္ေအာင္ ေျပာင္းလဲသြား သည္။

KISS ၏ အမာခံပရိသတ္မ်ားအေနျဖင့္ ယခုစံအိမ္သည္ Gene Simmons ၏ Reality TV အစီအစဥ္ျဖစ္ေသာ “Gene Simmons Family Jewels” ရိုက္ကူးခဲ့ရာေနရာျဖစ္ေၾကာင္း ျပန္လည္အမွတ္ရၾကဦးမည္ ျဖစ္သည္။

အဆိုပါ ရုပ္သံအစီအစဥ္ကို A & E ရုပ္သံလိုင္းက ၂၀၀၆ မွ ၂၀၁၂ ခုႏွစ္အထိ ထုတ္လႊင့္ခဲ့ျခင္း ျဖစ္သည္။

Gene Simmons ႏွင့္ ဇနီးျဖစ္သူ Shannon Tweed Simmons တို႔က ယခုစံအိမ္ကို ၁၉၈၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၁ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

Gene Simmons တို႔စံုတြဲသည္ ယခုစံအိမ္ၾကီးတြင္ သားသမီး ၂ ဦးႏွင့္အတူ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ၾကသည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ Gene Simmons သည္ ယခုစံအိမ္ကို ၂၀၀၀ ျပည့္ႏွစ္တြင္ ျပန္လည္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီး ဥေရာပဟန္စံအိမ္တစ္လံုးအသြင္ ပိုမိုခ်ဲ႕ထြင္မႈ ျပဳလုပ္ခဲ့သည္။

လြန္ခဲ့ေသာ ၄ ႏွစ္ခန္႔က စံအိမ္ၾကီးကို အေရာင္းေစ်းကြက္တင္ခဲ့ရာတြင္ စံအိမ္အတြင္း ေဖာင္းၾကြမ်က္ႏွာၾကက္ မ်ား၊ အနက္ေရာင္သစ္၊ ၾကီးမားေသာ ခန္းဆီးမ်ားႏွင့္ အလွဆင္ မီးဆိုင္းၾကီးမ်ား ပါဝင္ခဲ့သည္။

Gene Simmons က ၂၀၂၀ ျပည့္ႏွစ္တြင္ ကန္ေဒၚလာ ၂၂ သန္းေစ်းေခၚကာ အေရာင္းေစ်းကြက္တင္ခဲ့ျပီး ၂၀၂၁ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၆ သန္းျဖင့္ ေစ်းတည့္သြားခဲ့သည္။

(ျပန္လည္မြမ္းမံမႈမ်ား မျပဳလုပ္ေသးမီ Gene Simmons ေနထိုင္ခဲ့ေသာကာလက စံအိမ္ျမင္ကြင္း။ ဓာတ္ပံု-Christopher Amitrano)

(Gene Simmons ၏ စံအိမ္ကို အသြင္သစ္ျဖင့္ ေတြ႔ရပံု။ ဓာတ္ပံု-Realtor)

(ျခံဝန္းအက်ယ္ ၂ ဧကနီးပါးရွိသည္။ ဓာတ္ပံု-Realtor)

(ၾကီးမားက်ယ္ဝန္းလွေသာ အဝင္ခန္းမၾကီးက ၾကီးမားေသာ ရုပ္တုၾကီးတစ္ခုႏွင့္အတူ ဧည့္သည္မ်ားကို ၾကိဳလင့္ေနသည္။ ဓာတ္ပံု-Realtor)

(အသစ္ျပန္လည္ေဆာက္လုပ္ထားေသာ စံအိမ္မွာ စတုရန္းေပ ၁၆၀၀၀ ေက်ာ္ က်ယ္ဝန္းသည္။ ဓာတ္ပံု-Realtor)

(အခန္းဖြင့္ အခင္းအက်င္း။ ဓာတ္ပံု-Realtor)

(လင္းလင္းခ်င္းခ်င္းရွိေသာ ဧည့္ခန္း။ ဓာတ္ပံု-Realtor)

(ပင္မအိပ္ခန္း ဖြဲ႔စည္းမႈ။ ဓာတ္ပံု-Realtor)

(ဆက္စပ္သတင္း))

ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး KISS ၏ အဆိုေတာ္ Paul Stanley ၏ စံအိမ္

https://www.imyanmarhouse.com/news/read/1022133

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Gene Simmons’ Former Mansion Is Listed for $39 Million After Wild Top-to-Bottom Makeover (realtor) Photo Credit- Christopher Amitrano, realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
စင်္ကာပူရှိ Concorde ဟိုတယ်နှင့် ဈေးဝယ်စင်တာကြီးကို စင်္ကာပူနိုင်ငံသား မလေးရှားဘီလျံနာကြီး Ong Beng Seng ၏ HPL ကုမ္ပဏီက စင်္ကာပူ ဒေါ်လာ ၈၂၁ သန်းဖြင့် ဝယ်ယူလိုက်ကြောင်း Forbes မဂ္ဂဇင်းကြီးက ဖော်ပြ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဖရဲသီးများအတွက် ရုံးပိတ်ရက်သတ်မှတ်ပေးထားသော၊ အသက် ၄၀ အောက်အမျိုးသားများ မုတ်ဆိတ်မွေး ထားခွင့်မရှိသော၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ခြင်းမရှိသော ကမ္ဘာ့အဆန်းကြယ်ဆုံးနိုင်ငံ...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
ဂျာမနီနိုင်ငံရှိ တောနက်ကြီးထဲတွင် ဆောက်လုပ်ထားပြီး လူတစ်ဦးမှ နေထိုင်ခြင်းမရှိသော မိုးမျှော်တိုက်ကြီး...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
အမေရိကန်ပြည်၊ တက္ကဆပ်ပြည်နယ်တွင် ဝိုင်စည်ကြီးများဖြင့် ဆန်းပြားစွာ ဆောက်လုပ်ထားသည့် အိမ် ၄ လုံးပါသော ခြံဝန်းတစ်ခု ကန်ဒေါ်လာ ၂ သန်းကျော်မျှဖြင့် ရောင်းမည်...
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမေရိကန်မှ Empire State မိုးမျှော်တိုက်ကြီးထက် အလုံး ၂၀ စာ ပိုမိုကြီးမားသော အဆောက်အအုံကြီးဖြစ်...

အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ပြန်ရောက်လာသူ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နေထိုင်သော မိုင်အမ်မီမှ ဒေါ်လာ ၂၄ သန်းတန် စံအိမ်ကြီး...
အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် အိမ်ဖြူတော်သို့ ပြန်ရောက်လာသူ ဒေါ်နယ်ထရမ့်၏ သမီးဖြစ်သူ အိုင်ဗန်ကာ ထရမ့်နေထိုင်သော မိုင်အမ်မီမှ ဒေါ်လာ ၂၄ သန်းတန် စံအိမ်ကြီး...
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိမ်ဝန်းကြီးတစ်ခု ဆောက်လုပ်ရေးအတွက် အော်စတင်မြို့တွင် အိမ်ခြံမြေများ ဝယ်ယူလျက်ရှိကြောင်း သတင်းများထွ...

အမေရိကန်ပြည်တွင် ဝိဉာဉ် ၂ ခု မကျွတ်လွတ်ဘဲ ခြောက်လှန့်နေကြောင်း သတင်းကြီးနေသော မီးပြတိုက် တစ်ခု ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သတ္တိကောင်းသူများအတွက် ညဘက်အိပ်စက်ရန် နေရာပါဝင်...
အမေရိကန်ပြည်တွင် ဝိဉာဉ် ၂ ခု မကျွတ်လွတ်ဘဲ ခြောက်လှန့်နေကြောင်း သတင်းကြီးနေသော မီးပြတိုက် တစ်ခု ကန်ဒေါ်လာ ၁ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ သတ္တိကောင်းသူများအတွက် ညဘက်အိပ်စက်ရန် နေရာပါဝင်...
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်တန်းပေါ်က ကျေးရွာလေးတွင် ကာလီ မယ်တော်ကို ပူဇော်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကျောက်တုံးများဖြင့် ပေါက်ကြသည့်ပွဲတော် ကျင်းပ...
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်တန်းပေါ်က ကျေးရွာလေးတွင် ကာလီ မယ်တော်ကို ပူဇော်သည့်အနေဖြင့် တစ်ဦးနှင့်တစ်ဦး ကျောက်တုံးများဖြင့် ပေါက်ကြသည့်ပွဲတော် ကျင်းပ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
၅ နှစ်အရွယ်ကတည်းက မိခင်၏ စွန့်ပစ်ခံရကာ အဘွားနှင့် နေထိုင်ခဲ့ရပြီး နာမည်ကျော်ကြားစပြုချိန်တွင် မိခင်က ဆက်သွယ်လာကာ သူ၏ အကြ
၅ နှစ်အရွယ်ကတည်းက မိခင်၏ စွန့်ပစ်ခံရကာ အဘွားနှင့် နေထိုင်ခဲ့ရပြီး နာမည်ကျော်ကြားစပြုချိန်တွင် မိခင်က ဆက်သွယ်လာကာ သူ၏ အကြ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
၁၀ တန်းဖြင့် ကျောင်းထွက်ခဲ့သော အိန္ဒိယနိုင်ငံသား ကြက်မောက်သီးနှင့် နဂါးမောက်သီး စိုက်ပျိုးကာ သန်းကြွယ်သူဌေးဖြစ်လာပုံ
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ်မြို့လေးရှိ သူတောင်းစားမိသားစုတွင် မွေးဖွားခဲ့ပြီး လမ်းဘေးအမှိုက်ပုံများမှ စားစရာ ရှာကြ
အိန္ဒိယနိုင်ငံ၊ ဟိမဝန္တာတောင်ပေါ်မြို့လေးရှိ သူတောင်းစားမိသားစုတွင် မွေးဖွားခဲ့ပြီး လမ်းဘေးအမှိုက်ပုံများမှ စားစရာ ရှာကြ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service