အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ဝိုင်စက်ရုံပိုင်ရှင်က ၎င်း၏ဝန်ထမ်းကို စက်ရုံဝန်းအတွင်း နေထိုင် ခွင့်ပြုထားခြင်းအပေါ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါဝန်ထမ်းအား နှင်ထုတ်ရန် ပြောသော်လည်း စက်ရုံ ပိုင်ရှင်က နှင်မထုတ်သောကြောင့် ဒေါ်လာ ၁၂၀,၀၀၀ ဒဏ်ရိုက်

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ဝိုင်စက်ရုံပိုင်ရှင်က ၎င်း၏ဝန်ထမ်းကို စက်ရုံဝန်းအတွင်း နေထိုင် ခွင့်ပြုထားခြင်းအပေါ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါဝန်ထမ်းအား နှင်ထုတ်ရန် ပြောသော်လည်း စက်ရုံ ပိုင်ရှင်က နှင်မထုတ်သောကြောင့် ဒေါ်လာ ၁၂၀,၀၀၀ ဒဏ်ရိုက် - Property News in Myanmar from iMyanmarHouse.com
9 Oct 2024 12:11 pm တွင် တင်ခဲ့သည်
714 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာ ကလာရာခရိုင်ရှိ လမ်းများပေါ်တွင် ကားနောက်တွဲများနှင့် ယာယီတဲများတွင် စခန်းချနေထိုင်သော အိမ်ရာမဲ့ဦးရေ ရာပေါင်းများစွာရှိနေခြင်းမှာ အိမ်ခြံမြေဈေးနှုန်း အလွန်အမင်းမြင့်တက်နေသော ထိုဒေသ၏ အိမ်ရာမဲ့အကျပ်အတည်းကို အထင်အရှား ပြသနေသည်။

ထိုဒေသတွင် ယာဉ်အခြေပြု အိမ်ရာမဲ့နေထိုင်သူပမာဏကြီးမားလှသော်လည်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပုဂ္ဂလိကပိုင် နေအိမ်ခြံဝန်းများတွင် နောက်တွဲယာဉ်ဖြင့် စခန်းချနေထိုင်သူများကို အရေးယူနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။

ဆန်တာ ကလာရာခရိုင်မှ ဝိုင်စက်ရုံပိုင်ရှင် မိုက်ကယ် ဘားလာ့ဒ် (Michael Ballard) သည် ၎င်းထံတွင် ကာလကြာရှည် တာဝန်ထမ်းဆောင်ခဲ့သော စပျစ်ခြံ မန်နေဂျာ မာစီလီနို မာတီနက်ဇ် (Marcelino Martinez) နှင့် မိသားစုအား ဝိုင်စက်ရုံဝန်းအတွင်း နောက်တွဲယာဉ်တစ်ခုပေါ်တွင် အခမဲ့ နေထိုင်ခွင့် ပြုခဲ့သည်။

ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပြောသည်မှာ ထိုသို့ နေထိုင်ခွင့်ပေးခြင်းသည် လူနေခြံဝန်းများအတွင်း အပန်းဖြေ ကားအိမ်များ (RVs) ရပ်နားကာ လူနေအိမ်အဖြစ် အသုံးပြုမှု မလုပ်ဆောင်ရန်ဟူသော ခရိုင်က ချမှတ်ထား သည့် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်မှု ဖြစ်ကြောင်း ပြောသည်။

ထို့ကြောင့် မန်နေဂျာ မာတီနက်ဇ်၏ နောက်တွဲယာဉ်ကို ဖယ်ရှားရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ပြောခဲ့သည်။

ထိုအခါ စက်ရုံပိုင်ရှင် မစ္စတာ ဘားလာ့ဒ်က မာတီနက်ဇ်တို့ မိသားစုအတွက် နေအိမ်တစ်လုံး ဆောက်လုပ်ပေးကာ ထိုအခြေအနေကို ဖြေရှင်းနိုင်ရန် ကြိုးစားခဲ့သည်။

သို့သော် နေအိမ်ဆောက်ရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ထံမှ ခွင့်ပြုချက်စောင့်ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသည်။

ထိုသို့ နေအိမ်ဆောက်လုပ်ရေး ခွင့်ပြုချက်မရမီ ကြားကာလတွင် စက်ရုံပိုင်ရှင် ဘားလာ့ဒ်က ၎င်းအနေဖြင့် မန်နေဂျာအား စက်ရုံဝန်းမှ နှင်မထုတ်နိုင်ကြောင်း ငြင်းပယ်ခဲ့သည်။

“ကျွန်တော့်အနေနဲ့ ဒီနောက်တွဲယာဉ်ကို ဖယ်ရှားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် အဲ့လိုလုပ်မယ်ဆိုရင် သူတို့တွေ အိမ်ရာမဲ့ဖြစ်ပြီး သူတို့မိသားစု လမ်းပေါ်ရောက်သွားပါလိမ့်မယ်။ ဒီလိုမျိုး ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး” ဟု စက်ရုံပိုင်ရှင်က ပြောသည်။

ထိုအခါ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က မစ္စတာဘားလာ့ဒ်က စက်ရုံဝန်းအတွင်း နောက်တွဲယာဉ်ထားရှိကာ စည်းမျဉ်းချိုးဖောက်သော တစ်နေ့စီတိုင်းအတွက် ဒဏ်ငွေချမှတ်ခဲ့ရာ ဒဏ်ကြေးငွေ စုစုပေါင်း ကန်ဒေါ်လာ ၁၂၀,၀၀၀ ခန့်အထိ ရှိလာသည်။

ယခုအခါ စက်ရုံပိုင်ရှင် ဘားလာ့ဒ်က ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို ပြည်ထောင်စု တရားရုံးတွင် တရားစွဲထားသည်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော ဒဏ်ငွေအများအပြား ကောက်ခံမှု တားမြစ်ထားချက်ကို ချိုးဖောက်မှုဖြင့် တရားစွဲခြင်း ဖြစ်သည်။

မစ္စတာ ဘားလာ့ဒ်နှင့် ဇနီးတို့သည် Savannah-Chanelle စပျစ်ခြံကို ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းကာလများ ကတည်းက ပိုင်ဆိုင်လည်ပတ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

မာတီနက်ဇ်မှာ ထိုကာလတလျှောက်လုံး မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် မန်နေဂျာ မာတီနက်ဇ်က ၎င်းပိုင်သော နောက်တွဲယာဉ်ကို စက်ရုံဝန်းအတွင်း ထားရှိကာ မိသားစုနှင့် အတူနေထိုင်ခွင့်တောင်းခံခဲ့ရာ ဆန်တာ ကလာရာခရိုင်တွင် အိမ်ခြံမြေ အလွန်အမင်း ဈေးကြီးသည်ကို သိသောကြောင့် ပိုင်ရှင်ဖြစ်သူ ဘားလာ့ဒ်က ခွင့်ပြုခဲ့သည်။

ဆန်တာ ကလာရာခရိုင်တွင် လက်ရှိအားဖြင့် နေအိမ်တစ်လုံး၏ ပျှမ်းမျှပေါက်ဈေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်းခန့်ရှိပြီး အလယ်လတ်တန်း အိမ်လခမှာ ဒေါ်လာ ၃၂၀၀ ခန့်ရှိကြောင်း Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်၏ အချက်အလက်များတွင် ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: California County Fines Man $120,000 for Refusing to Evict a Family From His Property (yahoo)

[Zawgyi]

အေမရိကန္ျပည္၊ ကယ္လီဖိုးနီးယားတြင္ ဝိုင္စက္ရံုပိုင္ရွင္က ၎၏ဝန္ထမ္းကို စက္ရံုဝန္းအတြင္း ေနထိုင္ ခြင့္ျပဳထားျခင္းအေပၚ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က အဆိုပါဝန္ထမ္းအား ႏွင္ထုတ္ရန္ ေျပာေသာ္လည္း စက္ရံု ပိုင္ရွင္က ႏွင္မထုတ္ေသာေၾကာင့္ ေဒၚလာ ၁၂၀,၀၀၀ ဒဏ္ရိုက္

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖုိးနီးယားျပည္နယ္၊ ဆန္တာ ကလာရာခရိုင္ရွိ လမ္းမ်ားေပၚတြင္ ကားေနာက္တြဲမ်ားႏွင့္ ယာယီတဲမ်ားတြင္ စခန္းခ်ေနထိုင္ေသာ အိမ္ရာမဲ့ဦးေရ ရာေပါင္းမ်ားစြာရွိေနျခင္းမွာ အိမ္ျခံေျမေစ်းႏႈန္း အလြန္အမင္းျမင့္တက္ေနေသာ ထိုေဒသ၏ အိမ္ရာမဲ့အက်ပ္အတည္းကို အထင္အရွား ျပသေနသည္။

ထိုေဒသတြင္ ယာဥ္အေျချပဳ အိမ္ရာမဲ့ေနထုိင္သူပမာဏၾကီးမားလွေသာ္လည္း ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ပုဂၢလိကပိုင္ ေနအိမ္ျခံဝန္းမ်ားတြင္ ေနာက္တြဲယာဥ္ျဖင့္ စခန္းခ်ေနထိုင္သူမ်ားကို အေရးယူေနခဲ့သည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့ျပီ ျဖစ္သည္။

ဆန္တာ ကလာရာခရိုင္မွ ဝိုင္စက္ရံုပိုင္ရွင္ မိုက္ကယ္ ဘားလာ့ဒ္ (Michael Ballard) သည္ ၎ထံတြင္ ကာလၾကာရွည္ တာဝန္ထမ္းေဆာင္ခဲ့ေသာ စပ်စ္ျခံ မန္ေနဂ်ာ မာစီလီႏို မာတီနက္ဇ္ (Marcelino Martinez) ႏွင့္ မိသားစုအား ဝိုင္စက္ရံုဝန္းအတြင္း ေနာက္တြဲယာဥ္တစ္ခုေပၚတြင္ အခမဲ့ ေနထိုင္ခြင့္ ျပဳခဲ့သည္။

ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာသည္မွာ ထိုသို႔ ေနထုိင္ခြင့္ေပးျခင္းသည္ လူေနျခံဝန္းမ်ားအတြင္း အပန္းေျဖ ကားအိမ္မ်ား (RVs) ရပ္နားကာ လူေနအိမ္အျဖစ္ အသံုးျပဳမႈ မလုပ္ေဆာင္ရန္ဟူေသာ ခရိုင္က ခ်မွတ္ထား သည့္ စည္းမ်ဥ္းစည္းကမ္းကို ခ်ဳိးေဖာက္မႈ ျဖစ္ေၾကာင္း ေျပာသည္။

ထို႔ေၾကာင့္ မန္ေနဂ်ာ မာတီနက္ဇ္၏ ေနာက္တြဲယာဥ္ကို ဖယ္ရွားရန္ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာခဲ့သည္။

ထိုအခါ စက္ရံုပိုင္ရွင္ မစၥတာ ဘားလာ့ဒ္က မာတီနက္ဇ္တို႔ မိသားစုအတြက္ ေနအိမ္တစ္လံုး ေဆာက္လုပ္ေပးကာ ထိုအေျခအေနကို ေျဖရွင္းႏိုင္ရန္ ၾကိဳးစားခဲ့သည္။

သို႔ေသာ္ ေနအိမ္ေဆာက္ရန္ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔ထံမွ ခြင့္ျပဳခ်က္ေစာင့္ရသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနသည္။

ထိုသို႔ ေနအိမ္ေဆာက္လုပ္ေရး ခြင့္ျပဳခ်က္မရမီ ၾကားကာလတြင္ စက္ရံုပိုင္ရွင္ ဘားလာ့ဒ္က ၎အေနျဖင့္ မန္ေနဂ်ာအား စက္ရံုဝန္းမွ ႏွင္မထုတ္ႏိုင္ေၾကာင္း ျငင္းပယ္ခဲ့သည္။

“ကၽြန္ေတာ့္အေနနဲ႔ ဒီေနာက္တြဲယာဥ္ကို ဖယ္ရွားမွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ အဲ့လိုလုပ္မယ္ဆိုရင္ သူတို႔ေတြ အိမ္ရာမဲ့ျဖစ္ျပီး သူတို႔မိသားစု လမ္းေပၚေရာက္သြားပါလိမ့္မယ္။ ဒီလိုမ်ဳိး ကၽြန္ေတာ္လုပ္မွာ မဟုတ္ပါဘူး” ဟု စက္ရံုပိုင္ရွင္က ေျပာသည္။

ထိုအခါ ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔က မစၥတာဘားလာ့ဒ္က စက္ရံုဝန္းအတြင္း ေနာက္တြဲယာဥ္ထားရွိကာ စည္းမ်ဥ္းခ်ဳိးေဖာက္ေသာ တစ္ေန႔စီတိုင္းအတြက္ ဒဏ္ေငြခ်မွတ္ခဲ့ရာ ဒဏ္ေၾကးေငြ စုစုေပါင္း ကန္ေဒၚလာ ၁၂၀,၀၀၀ ခန္႔အထိ ရွိလာသည္။

ယခုအခါ စက္ရံုပိုင္ရွင္ ဘားလာ့ဒ္က ခရိုင္အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ျပည္ေထာင္စု တရားရံုးတြင္ တရားစြဲထားသည္။

အေမရိကန္ ဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ ျပဌာန္းထားေသာ ဒဏ္ေငြအမ်ားအျပား ေကာက္ခံမႈ တားျမစ္ထားခ်က္ကို ခ်ဳိးေဖာက္မႈျဖင့္ တရားစြဲျခင္း ျဖစ္သည္။

မစၥတာ ဘားလာ့ဒ္ႏွင့္ ဇနီးတို႔သည္ Savannah-Chanelle စပ်စ္ျခံကို ၁၉၉၀ ျပည့္လြန္ ေႏွာင္းပိုင္းကာလမ်ား ကတည္းက ပိုင္ဆိုင္လည္ပတ္လုပ္ကိုင္ခဲ့ျခင္းျဖစ္သည္။

မာတီနက္ဇ္မွာ ထိုကာလတေလွ်ာက္လံုး မန္ေနဂ်ာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

၂၀၁၃ ခုႏွစ္တြင္ မန္ေနဂ်ာ မာတီနက္ဇ္က ၎ပိုင္ေသာ ေနာက္တြဲယာဥ္ကို စက္ရံုဝန္းအတြင္း ထားရွိကာ မိသားစုႏွင့္ အတူေနထုိင္ခြင့္ေတာင္းခံခဲ့ရာ ဆန္တာ ကလာရာခရိုင္တြင္ အိမ္ျခံေျမ အလြန္အမင္း ေစ်းၾကီးသည္ကို သိေသာေၾကာင့္ ပိုင္ရွင္ျဖစ္သူ ဘားလာ့ဒ္က ခြင့္ျပဳခဲ့သည္။

ဆန္တာ ကလာရာခရိုင္တြင္ လက္ရွိအားျဖင့္ ေနအိမ္တစ္လံုး၏ ပွ်မ္းမွ်ေပါက္ေစ်းမွာ ကန္ေဒၚလာ ၁ ဒသမ ၅ သန္းခန္႔ရွိျပီး အလယ္လတ္တန္း အိမ္လခမွာ ေဒၚလာ ၃၂၀၀ ခန္႔ရွိေၾကာင္း Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: California County Fines Man $120,000 for Refusing to Evict a Family From His Property (yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလျက်ရှိ...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service