နေအိမ်အားလုံး ရောင်းထုတ်လျက်ရှိသော Elon Musk က ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နောက်ဆုံးကျန်ရှိ သော နေအိမ်ကို ဝယ်လက်ရှာတွေ့ပြီဟုဆို - Property News in Myanmar from iMyanmarHouse.com
611 Views

နေအိမ်အားလုံး ရောင်းထုတ်လျက်ရှိသော Elon Musk က ကယ်လီဖိုးနီးယားပြည်နယ်ရှိ သူ၏နောက်ဆုံးကျန်ရှိ သော နေအိမ်ကို ဝယ်လက်ရှာတွေ့ပြီဟုဆို

[Unicode]

Tesla နှင့် SpaceX တို့၏ စီအီးအိုဖြစ်သူ Elon Musk သည် ကယ်လီဖိုးနီးယားပြည်နယ်၊ Hillsborough ရှိ သမိုင်းဝင်နေအိမ်ကို ရောင်းချရာတွင် ဝယ်လက်ရှာတွေ့သွားပြီ ဖြစ်သည်။

Elon Musk သည် နေအိမ်အားလုံး ရောင်းထုတ်လျက်ရှိရာ ယခုအိမ်မှာ နောက်ဆုံးကျန်ရှိသောအိမ်ဖြစ်သည်ဟု ဆိုသည်။

အဆိုပါစံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်း နီးပါးဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်ကြောင်း Multiple Listing Service ၏ အချက်အလက်များတွင် ဖော်ပြသည်။

နောက်ဆုံးအရောင်းအဝယ်ဖြစ်သွားသောဈေးနှုန်းနှင့် ဝယ်လက်မည်သူဖြစ်သည်ကိုမူ ထုတ်ဖော်ကြေညာခြင်း မရှိချေ။

New York Post သတင်းဌာန၏ ဖော်ပြချက်အရ စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၆၀၀၀ ရှိပြီး ဆီလီကွန်တောင်ကြားရှိ အကြီးမားဆုံးစံအိမ်များတွင် အပါအဝင်ဖြစ်သည်ဟု ဆိုသည်။

Elon Musk က သူ၏ နောက်ဆုံးကျန်ရှိနေသော အိမ်ကို ရောင်းထုတ်ရန် ရည်ရွယ်ထားကြောင်း X (ယခင်အမည် တွစ်တာ) လူမှုကွန်ရက်တွင် ကြေညာခဲ့ပြီးနောက် ပြီးခဲ့သောနှစ် ဇွန်လအတွင်း စတင် အရောင်းဈေးကွက် တင်ခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင်များသူတို့ ဝယ်ယူသင့်ကြောင်း Elon Musk က X တွင် ရေးသားခဲ့သည်။

ကနဦးတွင် ကန်ဒေါ်လာ ၃၇ ဒသမ ၅ သန်း ဈေးခေါ်ခဲ့သော်လည်း ရောင်းမထွက်သောကြောင့် အောက်တိုဘာလသို့ ရောက်သောအခါ ဒေါ်လာ ၅ ဒသမ ၅ သန်းဈေးလျှော့ပေးခဲ့ကြောင်း Mansion Global က ဖော်ပြသည်။

Guignecourt ဟု စံအိမ်ကို အမည်ပေးထားပြီး ခြံအကျယ် ၄၇ ဧက ကျယ်ဝန်းကာ San Francisco Bay နှင့် ဆန်ဖရန်စစ္စကို၏ ကောင်းကင်မြင်ကွင်းကို ပိုင်ဆိုင်ထားသည်။

၁၉၁၂ ခုနှစ်တွင် ပြင်သစ်မြို့စားကြီး Christian de Guigne က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၇ ခန်းနှင့် ရေချိုးခန်း ၉ ခန်း ပါဝင်သည်။

ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြချက်အရ ဧည့်ခန်း၊ သားရေနံရံများနှင့် မီးလင်းဖိုတို့ပါသော စာကြည့်တိုက်၊ အစားကောင်းကြိုက်သူများအတွက် သင့်လျော်သော မီးဖိုဆောင်၊ ညစာစားခန်း၊ ဂီတခန်းများ အပါအဝင် ခမ်းနားသော နေရာများစွာ ပါဝင်ကြောင်း ဖော်ပြသည်။

နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ စံအိမ်ကြီးတွင် နည်းပညာပိုင်း အဆင့်မြှင့်တင်မှု များစွာပြုလုပ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk sells 16,000-square-foot mansion, his last remaining home (timesofindia)

 

[Zawgyi]

ေနအိမ္အားလံုး ေရာင္းထုတ္လ်က္ရွိေသာ Elon Musk က ကယ္လီဖုိးနီးယားျပည္နယ္ရွိ သူ၏ေနာက္ဆံုးက်န္ရွိ ေသာ ေနအိမ္ကို ဝယ္လက္ရွာေတြ႔ျပီဟုဆို

Tesla ႏွင့္ SpaceX တို႔၏ စီအီးအိုျဖစ္သူ Elon Musk သည္ ကယ္လီဖုိးနီးယားျပည္နယ္၊ Hillsborough ရွိ သမိုင္းဝင္ေနအိမ္ကို ေရာင္းခ်ရာတြင္ ဝယ္လက္ရွာေတြ႔သြားျပီ ျဖစ္သည္။

Elon Musk သည္ ေနအိမ္အားလံုး ေရာင္းထုတ္လ်က္ရွိရာ ယခုအိမ္မွာ ေနာက္ဆံုးက်န္ရွိေသာအိမ္ျဖစ္သည္ဟု ဆိုသည္။

အဆိုပါစံအိမ္ကို ကန္ေဒၚလာ ၃၂ သန္း နီးပါးျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ျခင္းျဖစ္ျပီး ျပီးခဲ့ေသာ ရက္သတၱပတ္ကုန္ပိုင္းက အေရာင္းအဝယ္ျဖစ္သြားျခင္းျဖစ္ေၾကာင္း Multiple Listing Service ၏ အခ်က္အလက္မ်ားတြင္ ေဖာ္ျပသည္။

ေနာက္ဆံုးအေရာင္းအဝယ္ျဖစ္သြားေသာေစ်းႏႈန္းႏွင့္ ဝယ္လက္မည္သူျဖစ္သည္ကိုမူ ထုတ္ေဖာ္ေၾကညာျခင္း မရွိေခ်။

New York Post သတင္းဌာန၏ ေဖာ္ျပခ်က္အရ စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၆၀၀၀ ရွိျပီး ဆီလီကြန္ေတာင္ၾကားရွိ အၾကီးမားဆံုးစံအိမ္မ်ားတြင္ အပါအဝင္ျဖစ္သည္ဟု ဆိုသည္။

Elon Musk က သူ၏ ေနာက္ဆံုးက်န္ရွိေနေသာ အိမ္ကို ေရာင္းထုတ္ရန္ ရည္ရြယ္ထားေၾကာင္း X (ယခင္အမည္ တြစ္တာ) လူမႈကြန္ရက္တြင္ ေၾကညာခဲ့ျပီးေနာက္ ျပီးခဲ့ေသာႏွစ္ ဇြန္လအတြင္း စတင္ အေရာင္းေစ်းကြက္ တင္ခဲ့ျခင္း ျဖစ္သည္။

မိသားစုဝင္မ်ားသူတို႔ ဝယ္ယူသင့္ေၾကာင္း Elon Musk က X တြင္ ေရးသားခဲ့သည္။

ကနဦးတြင္ ကန္ေဒၚလာ ၃၇ ဒသမ ၅ သန္း ေစ်းေခၚခဲ့ေသာ္လည္း ေရာင္းမထြက္ေသာေၾကာင့္ ေအာက္တိုဘာလသို႔ ေရာက္ေသာအခါ ေဒၚလာ ၅ ဒသမ ၅ သန္းေစ်းေလွ်ာ့ေပးခဲ့ေၾကာင္း Mansion Global က ေဖာ္ျပသည္။

Guignecourt ဟု စံအိမ္ကို အမည္ေပးထားျပီး ျခံအက်ယ္ ၄၇ ဧက က်ယ္ဝန္းကာ San Francisco Bay ႏွင့္ ဆန္ဖရန္စစၥကို၏ ေကာင္းကင္ျမင္ကြင္းကို ပိုင္ဆိုင္ထားသည္။

၁၉၁၂ ခုႏွစ္တြင္ ျပင္သစ္ျမိဳ႕စားၾကီး Christian de Guigne က ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အိပ္ခန္း ၇ ခန္းႏွင့္ ေရခ်ဳိးခန္း ၉ ခန္း ပါဝင္သည္။

ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပခ်က္အရ ဧည့္ခန္း၊ သားေရနံရံမ်ားႏွင့္ မီးလင္းဖုိတို႔ပါေသာ စာၾကည့္တိုက္၊ အစားေကာင္းၾကိဳက္သူမ်ားအတြက္ သင့္ေလ်ာ္ေသာ မီးဖိုေဆာင္၊ ညစာစားခန္း၊ ဂီတခန္းမ်ား အပါအဝင္ ခမ္းနားေသာ ေနရာမ်ားစြာ ပါဝင္ေၾကာင္း ေဖာ္ျပသည္။

ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိ စံအိမ္ၾကီးတြင္ နည္းပညာပိုင္း အဆင့္ျမွင့္တင္မႈ မ်ားစြာျပဳလုပ္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk sells 16,000-square-foot mansion, his last remaining home (timesofindia)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service