အော်စကာဆုရှင် ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ လမ်းခွဲသော သတင်းများ ထွက်ပေါ်နေချိန် ဘင်အက်ဖလက်က လော့စ်အိန်ဂျလိရှိ စံအိမ်တစ်လုံးကို ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူလိုက်ပြီ - Property News in Myanmar from iMyanmarHouse.com
697 Views

အော်စကာဆုရှင် ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ လမ်းခွဲသော သတင်းများ ထွက်ပေါ်နေချိန် ဘင်အက်ဖလက်က လော့စ်အိန်ဂျလိရှိ စံအိမ်တစ်လုံးကို ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူလိုက်ပြီ

[Unicode]

အော်စကာဆုရှင် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ လမ်းခွဲလိုက်ပြီဟူသော သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။

၎င်းတို့နှစ်ဦး အတူနေထိုင်ခဲ့သော မင်္ဂလာဦးစံအိမ်ကြီးကိုလည်း တရားဝင် အရောင်းဈေးကွက်တင်ထားသည်။

(ဆက်စပ်သတင်း)

သစ္စာမဖောက်ကြေး ဒေါ်လာ ၅ သန်းတန် စာချုပ်ချုပ်ထားကြသော အော်စကာဆုရှင် ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့စုံတွဲ လမ်းခွဲမည့် သတင်းများထွက်ပေါ်လာနေပြီး မင်္ဂလာဦး စံအိမ်ကြီးကို တရားဝင် အရောင်းဈေးကွက်တင်လာ၊ မူကက်ရှ် အမ်ဘာနီ၏ သမီးထံမှ ဝယ်ယူထားသောအိမ်ဖြစ်

https://www.imyanmarhouse.com/news/read/1118542

 

ယခုအခါ ဘင်အက်ဖလက်က လော့စ်အိန်ဂျလိမြို့၊ Pacific Palisades အရပ်ရှိ အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၆ ခန်းပါ စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ ၂၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူလိုက်သည်ဟု ဆိုသည်။

၎င်းတို့ စုံတွဲ၏ ဒုတိယမြောက် မင်္ဂလာနှစ်ပတ်လည်နေ့တွင်လည်း နှစ်ဦးအတူမရှိခဲ့ကြဘဲ ဂျနီဖာလိုပက်ဇ်မှာ နယူးယောက်မြို့၊ Hamptons အရပ်တွင်ရှိခဲ့ပြီး ဘင်အက်ဖလက်မှာ လော့စ်အိန်ဂျလိတွင် ရှိနေခဲ့သည်။

သို့သော် နှစ်ဦးလုံး၏ လက်တွင် လက်ထပ်လက်စွပ်များ ဝတ်ထားသည်ကိုမူ တွေ့ရသည်ဟု ဆိုသည်။

TMZ သတင်းဌာန၏ ဖော်ပြချက်အရ ဘင်အက်ဖလက်သည် Pacific Palisades အရပ်ရှိ စံအိမ်ကို The Agency အိမ်ခြံမြေကုမ္ပဏီမှတဆင့် ဝယ်ယူခဲ့ပြီး ဇူလိုင်လ ၂၄ ရက်တွင် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဖော်ပြသည်။

 

(ဘင်အက်ဖလက် ဝယ်ယူလိုက်သော နေအိမ်သစ်)

“သဘာဝရှုခင်းတိို့ ဝန်းပတ်ထားပြီး နေအလင်းကောင်းစွာရ။ ခြံအကျယ် တစ်ဧက၏ ၃ ပုံ ၂ ပုံရှိသည်” ဟု အရောင်းဈေးကွက်တင် မှတ်တမ်းတွင် ရေးသားထားသည်။

ဂိတ်ဝန်းခတ် ဝန်းအတွင်းသို့ ဝင်လိုက်သည်နှင့် မြေယာအလှပြုပြင်ထားသော စိမ်းလန်းသည့် ပန်းဥယျာဉ်တို့က ကြိုလင့်နေမည်ဖြစ်ကြောင်းလည်း အရောင်းကြော်ငြာတွင် ဖော်ပြသည်။

နှစ်ထပ်အိမ်ဖြစ်ပြီး ဧည့်ခန်းကို အခန်းဖွင့် ခင်းကျင်းထားကာ စားဖိုမှူးအဆင့်ကိုင်တွယ်နိုင်သော မီးဖိုဆောင်၊ အိပ်ခန်း ၄ ခန်းပါဝင်သည်။

ပင်မအိပ်ခန်းတွင် မီးလင်းဖိုတစ်ခုပါပြီး မြင့်မားသော မျက်နှာကြက်များရှိကာ ခြံဝန်းအတွင်း ပန်းဥယျာဉ်ရှုခင်းများ ပိုင်ဆိုင်ထားသည်။

အဆိုပါစံအိမ်ကို မူလက မြင်းမွေးမြူရေးခြံအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ရာ မြင်းဇောင်းများ၊ မြင်းကုန်းနှီး ဇက်ကြိုးအစရှိသည့်ပစ္စည်းများ ထားသိုရာအခန်းနှင့် လျှောက်လမ်းတို့ ပါဝင်သည်။

ခြံဝန်းအတွင်း ရေကူးကန်၊ Spa နှင့် နှစ်ထပ်ဧည့်ဂေဟာအိမ်တစ်လုံးတို့ ရှိသည်။

 

(ငယ်စဉ်က စေ့စပ်ခဲ့ကြဖူးပြီး လက်မတွဲဖြစ်ခဲ့ကြသော ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က ၎င်းတို့၏ အချစ်ရေးကို ၂၀၂၁ ခုနှစ်တွင် ပြန်လည်စတင်ခဲ့ကြသည်)

 

၎င်းတို့နှစ်ဦးကြား အချစ်ရေးမှာ ၂၀၀၁ ခုနှစ်တွင် အဆုံးသတ်ခဲ့သော်လည်း နှစ်ပေါင်း ၂၀ အကြာ ပြန်လည်လက်တွဲခဲ့ကာ ၂၀၂၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

လက်ထပ်ခဲ့ပြီးနောက်ပိုင်း လော့စ်အိန်ဂျလိမြို့၊ Beverly Hills အရပ်ရှိ စံအိမ်ကြီးတစ်လုံးကို မူကက်ရှ် အမ်ဘာနီ၏ သမီးထံမှ ၂၀၂၃ ခုနှစ်၊ မေလအတွင်း ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ငွေသားချည်း ပေးချေ ဝယ်ယူကာ နေထိုင်ခဲ့ကြသည်။

၎င်းတို့နှစ်ဦး သစ္စာမဖောက်ကြေး ဒေါ်လာ ၅ သန်းတန် စာချုပ်ချုပ်ဆိုခဲ့ကြသေးသည်။

မကြာသေးမီကမူ ဘင်အက်ဖလက်က ၎င်းပိုင်သော ပစ္စည်းပစ္စယများကို အဆိုပါအိမ်မှ သယ်ထုတ်နေပုံ တွေ့လာရသည်။

ထို့အပြင် အဆိုပါစံအိမ်ကြီးကို ရောင်းထုတ်ရန်လည်း တရားဝင်အရောင်းဈေးကွက်တင်ခဲ့ကြသည်။

 

(ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့ကို ယခုနှစ် ဖေဖော်ဝါရီလက တွေ့ရပုံ)

နှစ်ဦး အတူနေထိုင်ခဲ့သော စံအိမ်ကြီးတွင် အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၂၄ ခန်း၊ ကား ၁၂ စင်းဆန့် ဂိုဒေါင်အပြင် ကားအစင်းရေ ၈၀ ရပ်နားနိုင်သော ကားပါကင်နေရာတို့ ပါဝင်ပြီး ယခုအခါ ကန်ဒေါ်လာ ၆၈ သန်း ဈေးခေါ်ကာ ပြန်လည်ရောင်းချရန် စီစဉ်ထားသည်။

 

(ဂျနီဖာလိုပက်ဇ်က သူ၏ မွေးနေ့ပွဲကို ဘင်အက်ဖလက်မရှိဘဲ ကျင်းပခဲ့ပုံ)

ဂျနီဖာလိုပက်ဇ်သည် ပြီးခဲ့သော ဇူလိုင်လ ၂၄ ရက်က သူ၏ ၅၅ နှစ်ပြည့် မွေးနေ့ပွဲကို နယူးယောက်မြို့၊ Hamptons အရပ်တွင် မိတ်ဆွေသူငယ်ချင်းများနှင့် ကျင်းပခဲ့ပြီး ဘင်အက်ဖလက်ကို မတွေ့ရချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ben Affleck purchases $20 million LA home without Jennifer Lopez: report (hellomagazine)

Photo Credit-hellomagazine

 

 

[Zawgyi]

ေအာ္စကာဆုရွင္ ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ လမ္းခြဲေသာ သတင္းမ်ား ထြက္ေပၚေနခ်ိန္ ဘင္အက္ဖလက္က ေလာ့စ္အိန္ဂ်လိရွိ စံအိမ္တစ္လံုးကို ေဒၚလာ သန္း ၂၀ ျဖင့္ ဝယ္ယူလိုက္ျပီ

 

ေအာ္စကာဆုရွင္ ေဟာလိဝုဒ္ရုပ္ရွင္မင္းသား ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ လမ္းခြဲလိုက္ျပီဟူေသာ သတင္းမ်ား က်ယ္ျပန္႔စြာ ထြက္ေပၚေနသည္။

၎တို႔ႏွစ္ဦး အတူေနထိုင္ခဲ့ေသာ မဂၤလာဦးစံအိမ္ၾကီးကိုလည္း တရားဝင္ အေရာင္းေစ်းကြက္တင္ထားသည္။

(ဆက္စပ္သတင္း)

သစၥာမေဖာက္ေၾကး ေဒၚလာ ၅ သန္းတန္ စာခ်ဳပ္ခ်ဳပ္ထားၾကေသာ ေအာ္စကာဆုရွင္ ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔စံုတြဲ လမ္းခြဲမည့္ သတင္းမ်ားထြက္ေပၚလာေနျပီး မဂၤလာဦး စံအိမ္ၾကီးကို တရားဝင္ အေရာင္းေစ်းကြက္တင္လာ၊ မူကက္ရွ္ အမ္ဘာနီ၏ သမီးထံမွ ဝယ္ယူထားေသာအိမ္ျဖစ္

https://www.imyanmarhouse.com/news/read/1118542

 

ယခုအခါ ဘင္အက္ဖလက္က ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Pacific Palisades အရပ္ရွိ အိပ္ခန္း ၅ ခန္း၊ ေရခ်ဳိးခန္း ၆ ခန္းပါ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ ၂၀ ဒသမ ၅ သန္းျဖင့္ ဝယ္ယူလိုက္သည္ဟု ဆိုသည္။

၎တို႔ စံုတြဲ၏ ဒုတိယေျမာက္ မဂၤလာႏွစ္ပတ္လည္ေန႔တြင္လည္း ႏွစ္ဦးအတူမရွိခဲ့ၾကဘဲ ဂ်နီဖာလိုပက္ဇ္မွာ နယူးေယာက္ျမဳိ႕၊ Hamptons အရပ္တြင္ရွိခဲ့ျပီး ဘင္အက္ဖလက္မွာ ေလာ့စ္အိန္ဂ်လိတြင္ ရွိေနခဲ့သည္။

သို႔ေသာ္ ႏွစ္ဦးလံုး၏ လက္တြင္ လက္ထပ္လက္စြပ္မ်ား ဝတ္ထားသည္ကိုမူ ေတြ႔ရသည္ဟု ဆိုသည္။

TMZ သတင္းဌာန၏ ေဖာ္ျပခ်က္အရ ဘင္အက္ဖလက္သည္ Pacific Palisades အရပ္ရွိ စံအိမ္ကို The Agency အိမ္ျခံေျမကုမၸဏီမွတဆင့္ ဝယ္ယူခဲ့ျပီး ဇူလိုင္လ ၂၄ ရက္တြင္ အေရာင္းအဝယ္ျဖစ္ခဲ့သည္ဟု ေဖာ္ျပသည္။

 

(ဘင္အက္ဖလက္ ဝယ္ယူလိုက္ေသာ ေနအိမ္သစ္)

“သဘာဝရႈခင္းတိုိ႔ ဝန္းပတ္ထားျပီး ေနအလင္းေကာင္းစြာရ။ ျခံအက်ယ္ တစ္ဧက၏ ၃ ပံု ၂ ပံုရွိသည္” ဟု အေရာင္းေစ်းကြက္တင္ မွတ္တမ္းတြင္ ေရးသားထားသည္။

ဂိတ္ဝန္းခတ္ ဝန္းအတြင္းသို႔ ဝင္လိုက္သည္ႏွင့္ ေျမယာအလွျပဳျပင္ထားေသာ စိမ္းလန္းသည့္ ပန္းဥယ်ာဥ္တို႔က ၾကဳိလင့္ေနမည္ျဖစ္ေၾကာင္းလည္း အေရာင္းေၾကာ္ျငာတြင္ ေဖာ္ျပသည္။

ႏွစ္ထပ္အိမ္ျဖစ္ျပီး ဧည့္ခန္းကို အခန္းဖြင့္ ခင္းက်င္းထားကာ စားဖိုမွဴးအဆင့္ကိုင္တြယ္ႏိုင္ေသာ မီးဖိုေဆာင္၊ အိပ္ခန္း ၄ ခန္းပါဝင္သည္။

ပင္မအိပ္ခန္းတြင္ မီးလင္းဖိုတစ္ခုပါျပီး ျမင့္မားေသာ မ်က္ႏွာၾကက္မ်ားရွိကာ ျခံဝန္းအတြင္း ပန္းဥယ်ာဥ္ရႈခင္းမ်ား ပိုင္ဆိုင္ထားသည္။

အဆိုပါစံအိမ္ကို မူလက ျမင္းေမြးျမဴေရးျခံအျဖစ္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ရာ ျမင္းေဇာင္းမ်ား၊ ျမင္းကုန္းႏွီး ဇက္ၾကိဳးအစရွိသည့္ပစၥည္းမ်ား ထားသိုရာအခန္းႏွင့္ ေလွ်ာက္လမ္းတို႔ ပါဝင္သည္။

ျခံဝန္းအတြင္း ေရကူးကန္၊ Spa ႏွင့္ ႏွစ္ထပ္ဧည့္ေဂဟာအိမ္တစ္လံုးတို႔ ရွိသည္။

(ငယ္စဥ္က ေစ့စပ္ခဲ့ၾကဖူးျပီး လက္မတြဲျဖစ္ခဲ့ၾကေသာ ဂ်နီဖာလိုပက္ဇ္ႏွင့္ ဘင္အက္ဖလက္တို႔က ၎တို႔၏ အခ်စ္ေရးကို ၂၀၂၁ ခုႏွစ္တြင္ ျပန္လည္စတင္ခဲ့ၾကသည္)

၎တို႔ႏွစ္ဦးၾကား အခ်စ္ေရးမွာ ၂၀၀၁ ခုႏွစ္တြင္ အဆံုးသတ္ခဲ့ေသာ္လည္း ႏွစ္ေပါင္း ၂၀ အၾကာ ျပန္လည္လက္တြဲခဲ့ကာ ၂၀၂၂ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကသည္။

လက္ထပ္ခဲ့ျပီးေနာက္ပိုင္း ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Hills အရပ္ရွိ စံအိမ္ၾကီးတစ္လံုးကို မူကက္ရွ္ အမ္ဘာနီ၏ သမီးထံမွ ၂၀၂၃ ခုႏွစ္၊ ေမလအတြင္း ကန္ေဒၚလာ သန္း ၆၀ ျဖင့္ ေငြသားခ်ည္း ေပးေခ် ဝယ္ယူကာ ေနထုိင္ခဲ့ၾကသည္။

၎တို႔ႏွစ္ဦး သစၥာမေဖာက္ေၾကး ေဒၚလာ ၅ သန္းတန္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၾကေသးသည္။

မၾကာေသးမီကမူ ဘင္အက္ဖလက္က ၎ပိုင္ေသာ ပစၥည္းပစၥယမ်ားကို အဆိုပါအိမ္မွ သယ္ထုတ္ေနပံု ေတြ႔လာရသည္။

ထို႔အျပင္ အဆိုပါစံအိမ္ၾကီးကို ေရာင္းထုတ္ရန္လည္း တရားဝင္အေရာင္းေစ်းကြက္တင္ခဲ့ၾကသည္။

 

(ဘင္အက္ဖလက္ႏွင့္ ဂ်နီဖာလိုပက္ဇ္တို႔ကို ယခုႏွစ္ ေဖေဖာ္ဝါရီလက ေတြ႔ရပံု)

ႏွစ္ဦး အတူေနထုိင္ခဲ့ေသာ စံအိမ္ၾကီးတြင္ အိပ္ခန္း ၁၂ ခန္း၊ ေရခ်ဳိးခန္း ၂၄ ခန္း၊ ကား ၁၂ စင္းဆန္႔ ဂိုေဒါင္အျပင္ ကားအစင္းေရ ၈၀ ရပ္နားႏိုင္ေသာ ကားပါကင္ေနရာတို႔ ပါဝင္ျပီး ယခုအခါ ကန္ေဒၚလာ ၆၈ သန္း ေစ်းေခၚကာ ျပန္လည္ေရာင္းခ်ရန္ စီစဥ္ထားသည္။

 

(ဂ်နီဖာလိုပက္ဇ္က သူ၏ ေမြးေန႔ပဲြကို ဘင္အက္ဖလက္မရွိဘဲ က်င္းပခဲ့ပံု)

ဂ်နီဖာလိုပက္ဇ္သည္ ျပီးခဲ့ေသာ ဇူလိုင္လ ၂၄ ရက္က သူ၏ ၅၅ ႏွစ္ျပည့္ ေမြးေန႔ပြဲကို နယူးေယာက္ျမိဳ႕၊ Hamptons အရပ္တြင္ မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ က်င္းပခဲ့ျပီး ဘင္အက္ဖလက္ကို မေတြ႔ရေခ်။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ben Affleck purchases $20 million LA home without Jennifer Lopez: report (hellomagazine)

Photo Credit-hellomagazine

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service