ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
2251 Views
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
[Unicode] ယခင်သီတင်းပါတ်အတွင်း အခေါက်‌ရွှေတစ်ကျပ်သားလျှင် (၃၅) သိန်းကျော်အထိ မြင့်တက်ခဲ့သော မြန်မာရွှေဈေးသည် လက်ရှိအချိန်တွင် (၃၄) သိန်းခွဲ အထိ ပြန်လည်ကျဆင်းလာကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ကမ္ဘာ့ရွှေဈေးနှင့်ပြည်တွင်းဒေါ်လာပေါက်ဈေးများကြောင့် မြင့်တက်ခဲ့သော အခေါက်ရွှေဈေးသည် လက်တလော ဝယ်ယူသူနည်းသွားပြီး ဈေးအနည်းငယ်ပြန်လည်ကျဆင်းလာကြောင်း သိရသည်။
“အဓိကအချက်ကတော့ ဒေါ်လာပြင်ပဈေးကွက်မှာ ဝယ်လို့မရဘူး။ ရွှေကဝယ်လို့ရတယ်ဆိုပေမယ့် ငွေစုတဲ့သူတွေ အတွက်လောက်ဘဲ ရွှေဆိုင်တွေကရောင်းပေးတယ်။ မီးလင်းအကယ်ဒမီရွှေဆိုရင် အပိုင်းလိုက် ‌ဝယ်တဲ့သူမရှိဘူး ။ ဈေးတွေမငြိမ်တော့ ရောင်းမှားဝယ်မှားမဖြစ်အောင် စောင့်ကြည့်နေကြတယ်” ဟု ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ဧပြီလ (၄) ရက်နေ့ ကမ္ဘာရွှေပေါက်ဈေးသည် တစ်အောင်စလျှင် (၂၃၀၂) ဒေါ်လာအထိ မြင့်တက်နေပြီး အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် (၃၈၀၀) ကျပ်ဝန်းကျင် ပြင်ပပေါက်ဈေးဖြစ်ပေါ်နေသည်။ ပြည်တွင်း အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် (၄၄) သိန်းဝန်းကျင်ဖြင့် အတက်အကျမတည်ငြိမ်ကြောင်း သိရသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်းက ရွှေဈေးများဆက်တိုက်မြင့်တက်ခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း ရွှေရောင်းချမှုများပြားလာပြီး အခေါက်ရွှေဈေးများ ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
Upcoming Property Events
From 25 Oct To 26 Oct
Magical World Apartment
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service