ယခုနှစ်စပိုင်းတွင် အိမ်ခြံမြေဈေးနှုန်း (၅၀) ရာခိုင်နှုန်းအထိ မြင့်တက်လာ - Property News in Myanmar from iMyanmarHouse.com
643 Views
ယခုနှစ်စပိုင်းတွင် အိမ်ခြံမြေဈေးနှုန်း (၅၀) ရာခိုင်နှုန်းအထိ မြင့်တက်လာ
[Unicode]
မြန်မာနိုင်ငံရှိ အိမ်ခြံမြေဈေးကွက်သည် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး တို့မှာ ပိုမို အရောင်းအဝယ် ဖြစ်နေပြီး ယခင်ဈေးနှုန်းများထက် ၂၀၂၄ ခုနှစ် နှစ်အစပိုင်းတွင် မြို့ကြီးများးရှိ အိမ်ခြံမြေဈေးမှာ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များအသိုင်းအဝိုင်းမှ သိရသည်။
'' လက်ရှိအိမ်မြေဈေးတွေကတော့ တစ်ရက်နဲ့တစ်ရက်တောင်မတူဘူး။ အတက်ဘက်ကိုပဲ သွားနေပါတယ်။ အိမ်ခြံမြေဆိုတာက ရင်းနှီးမြှုပ်နှံထားနိုင်ရင် အကောင်းဆုံးလို့တော့ပြောချင်ပါတယ်။ မပုပ်မသိုးတဲ့အရာ ဖြစ်တာကြောင့် အိမ်ခြံမြေဝယ်ထားတာက မမှားဘူးလို့ဘဲ ပြောချင်ပါတယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်နေပြည်တော်မန္တလေး  စတဲ့ မြို့ကြီးများမှာ အိမ်ခြံမြေဝယ်ယူမှု များပြားလျက်ရှိပြီး ဈေးနှုန်းများလည်း မြင့်တက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ကိုင်နေသူများထံမှ သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အိမ်ခြံမြေဈေးကွက်မှာလည်း တိုက်ခန်း ၊ ကွန်ဒိုများထက် မြေကွက်များကို ပိုမိုဝယ်ယူလာခဲ့ကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။ မြန်မာ့အိမ်ခြံမြေဈေးကွက်မှာ  မြေကွက်   များကို ဝယ်ယူမှုပိုမိုများကြောင်း၊ တိုက်ခန်းများကို ဝယ်ယူမှုနည်းပါးကြောင်း၊ တိုက်ခန်း ဝယ်ယူမှုနည်းပါးခြင်းက ဒေါ်လာဈေးနှုန်း အပြောင်းအလဲနှင့် ဈေးနှုန်းကွာဟချက်များကြောင့် ဖြစ်တယ်လို့လည်း ၎င်းကရှင်းပြထားသည်။
မြန်မာ့ အိမ်ခြံမြေဈေးနှုန်းမှာ ပြည်တွင်း ဒေါ်လာဈေးနှုန်း အပြောင်းအလဲနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုများ အပေါ်တွင် သက်ရောက်မှုရှိသည်ဟု ဆိုပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Upcoming Property Events
From 02 Aug To 03 Aug
Inno City Special Sales Event
From 02 Aug To 03 Aug
Emerald Bay Luxury Condo
From 08 Jul To 08 Aug
Central Shophouse
YADANAR BON
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service