စင်္ကာပူတွင် အိမ်တွင်သာနေကာ အလုပ်လုပ်သူများ (Work From Home) အား အိမ်ရှင်တို့ အိမ်မငှားလိုကြ

စင်္ကာပူတွင် အိမ်တွင်သာနေကာ အလုပ်လုပ်သူများ (Work From Home) အား အိမ်ရှင်တို့ အိမ်မငှားလိုကြ - Property News in Myanmar from iMyanmarHouse.com
4 Dec 2023 10:02 am တွင် တင်ခဲ့သည်
575 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အောက်ဖော်ပြပါ ကြော်ငြာမှာ စင်္ကာပူတွင် တွေ့ရမြဲဖြစ်သည့် အိမ်ခြံမြေကြော်ငြာမျိုးဖြစ်သည်။

“စင်္ကာပူမြောက်ပိုင်းတွင် တစ်လလျှင် စင်္ကာပူဒေါ်လာ ၉၅၀ (ကန်ဒေါ်လာ ၇၀၀) ဖြင့် အခန်းတစ်ခန်း ငှားရန် ရှိသည်။ တစ်ယောက်အိပ် အိပ်ရာ ၊ မတ်တပ်ပန်ကာ ၊ ဝိုင်ဖိုင် ၊ အဝတ်လျှော်ဝန်ဆောင်မှုများ ပါဝင်သည်။”

အထက်ပါ ကြော်ငြာမှာ အခြားနိုင်ငံများတွင်လည်း တွေ့ရလေ့ရှိသော သာမန်အိမ်ငှားကြော်ငြာမျိုးသာ ဖြစ်သည်။

သို့သော် စင်္ကာပူမှ ကြော်ငြာများတွင် အောက်ပါ စာကြောင်းမျိုး ပါဝင်လေ့ရှိသည်။

“အိမ်တွင်သာနေကာ အလုပ်လုပ်ခြင်း (WFH) မလုပ်သူများကို ဦးစားပေးမည်။”

Carousell နှင့် PropertyGuru အိမ်ခြံမြေဝက်ဘ်ဆိုက်များရှိ အခန်းငှားကြော်ငြာများတွင် ထိုသတ်မှတ်ချက်မျိုး မှာ မထူးဆန်းတော့ချေ။

အငှားချထားသော အခန်းများစွာတွင် အိမ်ရှင်တို့က WFH မလုပ်သူများကို ပိုမိုနှစ်သက်လေ့ရှိကြောင်း ဖော်ပြ ကြသည်။

မကြာသေးမီလများအတွင်း အိမ်ရှင်တို့ထံမှ အဆိုပါ တောင်းဆိုချက်မျိုး များပြားလာနေကြောင်း ၊ အိမ်ခြံမြေ အကျိုးဆောင် ၂ ဦးက ပြောသည်။

 

 

(စင်္ကာပူနိုင်ငံ ၊ Queenstown အရပ်ရှိ HDB ပြည်သူ့အိမ်ရာရှေ့တွင် ဆိုင်ကယ်တစ်စီး ဖြတ်သန်းသွားပုံ။ ဓာတ်ပုံ-Bloomberg)

 

အထူးသဖြင့် တိုက်ခန်းအတွင်းမှ အခန်းတစ်ခန်းကို အငှားချထားသောအခါမျိုးတွင် ဖြစ်သည်။

အခန်းငှားသူတို့သည် အိမ်တွင် တစ်နေ့လုံး နေမည်ဆိုပါက မီတာခ ၊ ရေဖိုး အစရှိသည်တို့ကို အိမ်ရှင်နှင့် ခွဲခြမ်းနေရမည့် အငြင်းအခုန်တို့အား အိမ်ရှင်တို့က မလိုလားချေ။

WFH မလုပ်သည့် အိမ်ငှားများကို ပိုမိုနှစ်သက်သည့် အခြားအကြောင်းရင်းတစ်ခုမှာ Privacy ကြောင့် ဖြစ် ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ Jeanette Goh က ပြောသည်။

၎င်းသည် မကြာသေးမီက စင်္ကာပူအနောက်ပိုင်းရှိ တိုက်ခန်းတစ်ခုမှ အခန်းတစ်ခန်းကို အငှားဈေးကွက်တင် ပေးခဲ့သည်။

“အိမ်ရှင်တွေက အဲဒီအချက်ကို မကြိုက်ကြဘူးရှင့်။ သူတို့က စိတ်အိုက်သလို ခံစားကြရတယ်။ သူတို့ရဲ့ ကိုယ်ပိုင်တိုက်ခန်းဖြစ်ပေမယ့် သူတို့အိမ်ထဲကို တခြားသူက ကျူးကျော်နေသလို ခံစားရတယ်”ဟု သူမက ပြောသည်။

၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကိုဗစ်ကပ်ဘေးကာလ စည်းမျဉ်းတင်းကျပ်မှုများ မြင့်မားနေချိန်၌ အိမ်ရှင်တို့ ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများကြောင့် ယခုကဲ့သို့ WFH အလုပ်လုပ်သူများကို သဘောမတွေ့ခြင်း ဖြစ်နိုင်သည်။

ထိုကာလက ပြည်သူများကို နေအိမ်တွင်သာ နေထိုင်ကြရန် လမ်းညွှန်ထားရာ အိမ်ရှင်တို့မှာ မီတာခ ၊ ရေဖိုးများ တက်လာသည့်အပြင် ၎င်းတို့၏ Privacy ကို ကျူးကျော် ခံခဲ့ကြရသည်။

Tham အမည်ရှိ အိမ်ခြံမြေအကျိုးဆောင်အမျိုးသမီးက Carousell အိမ်ခြံမြေဝက်ဘ်ဆိုက်တွင် တိုက်ခန်း တစ်ခန်းမှ အခန်းတစ်ခုကို ရေဖိုးမီးဖိုးအပါ တစ်လလျှင် စင်္ကာပူဒေါ်လာ ၉၅၀ ဖြင့် အငှားတင်ပေးခဲ့သည်။

အိမ်ရှင်နှင့် အိမ်ငှားအကြား ရေဖိုး၊ မီးဖိုး ခွဲရခြင်းမှာ ကရိကထများကြောင်း သူမက ပြောသည်။

တောင်းဆိုထားသည့် အိမ်လခတွင် ရေဖိုး ၊ မီးဖိုး ပါဝင်ပြီးဖြစ်ရာ ရည်မှန်းထားသည့် ကုန်ကျစရိတ်ထက် များပြားပါက အိမ်ရှင်ကသာ ပေးဆောင်ရမည်ဖြစ်သောကြောင့် အငှားကြော်ငြာတွင် WFH အလုပ်မလုပ်သူ ဟူသော ကန့်သတ်ချက်များ ထားရှိလာခြင်းဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: In Singapore, more landlords seek tenants who don’t work from home: ‘like being invaded’ (scmp)

 

 

 

[Zawgyi]

 

စကၤာပူတြင္ အိမ္တြင္သာေနကာ အလုပ္လုပ္သူမ်ား (Work From Home) အား အိမ္ရွင္တို႔ အိမ္မငွားလိုၾက

 

ေအာက္ေဖာ္ျပပါ ေၾကာ္ျငာမွာ စကၤာပူတြင္ ေတြ႔ရျမဲျဖစ္သည့္ အိမ္ျခံေျမေၾကာ္ျငာမ်ဳိးျဖစ္သည္။

“စကၤာပူေျမာက္ပိုင္းတြင္ တစ္လလွ်င္ စကၤာပူေဒၚလာ ၉၅၀ (ကန္ေဒၚလာ ၇၀၀) ျဖင့္ အခန္းတစ္ခန္း ငွားရန္ ရွိသည္။ တစ္ေယာက္အိပ္ အိပ္ရာ ၊ မတ္တပ္ပန္ကာ ၊ ဝိုင္ဖုိင္ ၊ အဝတ္ေလွ်ာ္ဝန္ေဆာင္မႈမ်ား ပါဝင္သည္။”

အထက္ပါ ေၾကာ္ျငာမွာ အျခားႏိုင္ငံမ်ားတြင္လည္း ေတြ႔ရေလ့ရွိေသာ သာမန္အိမ္ငွားေၾကာ္ျငာမ်ဳိးသာ ျဖစ္သည္။

သို႔ေသာ္ စကၤာပူမွ ေၾကာ္ျငာမ်ားတြင္ ေအာက္ပါ စာေၾကာင္းမ်ဳိး ပါဝင္ေလ့ရွိသည္။

“အိမ္တြင္သာေနကာ အလုပ္လုပ္ျခင္း (WFH) မလုပ္သူမ်ားကို ဦးစားေပးမည္။”

Carousell ႏွင့္ PropertyGuru အိမ္ျခံေျမဝက္ဘ္ဆိုက္မ်ားရွိ အခန္းငွားေၾကာ္ျငာမ်ားတြင္ ထိုသတ္မွတ္ခ်က္မ်ဳိး မွာ မထူးဆန္းေတာ့ေခ်။

အငွားခ်ထားေသာ အခန္းမ်ားစြာတြင္ အိမ္ရွင္တုိ႔က WFH မလုပ္သူမ်ားကို ပိုမိုႏွစ္သက္ေလ့ရွိေၾကာင္း ေဖာ္ျပ ၾကသည္။

မၾကာေသးမီလမ်ားအတြင္း အိမ္ရွင္တို႔ထံမွ အဆိုပါ ေတာင္းဆိုခ်က္မ်ဳိး မ်ားျပားလာေနေၾကာင္း ၊ အိမ္ျခံေျမ အက်ဳိးေဆာင္ ၂ ဦးက ေျပာသည္။

(စကၤာပူႏိုင္ငံ ၊ Queenstown အရပ္ရွိ HDB ျပည္သူ႔အိမ္ရာေရွ႕တြင္ ဆိုင္ကယ္တစ္စီး ျဖတ္သန္းသြားပံု။ ဓာတ္ပံု-Bloomberg)

အထူးသျဖင့္ တိုက္ခန္းအတြင္းမွ အခန္းတစ္ခန္းကို အငွားခ်ထားေသာအခါမ်ဳိးတြင္ ျဖစ္သည္။

အခန္းငွားသူတုိ႔သည္ အိမ္တြင္ တစ္ေန႔လံုး ေနမည္ဆုိပါက မီတာခ ၊ ေရဖိုး အစရွိသည္တုိ႔ကို အိမ္ရွင္ႏွင့္ ခြဲျခမ္းေနရမည့္ အျငင္းအခုန္တို႔အား အိမ္ရွင္တုိ႔က မလိုလားေခ်။

WFH မလုပ္သည့္ အိမ္ငွားမ်ားကို ပိုမုိႏွစ္သက္သည့္ အျခားအေၾကာင္းရင္းတစ္ခုမွာ Privacy ေၾကာင့္ ျဖစ္ ေၾကာင္း အိမ္ျခံေျမအက်ဳိးေဆာင္တစ္ဦးျဖစ္သူ Jeanette Goh က ေျပာသည္။

၎သည္ မၾကာေသးမီက စကၤာပူအေနာက္ပိုင္းရွိ တိုက္ခန္းတစ္ခုမွ အခန္းတစ္ခန္းကို အငွားေစ်းကြက္တင္ ေပးခဲ့သည္။

“အိမ္ရွင္ေတြက အဲဒီအခ်က္ကို မၾကိဳက္ၾကဘူးရွင့္။ သူတုိ႔က စိတ္အိုက္သလို ခံစားၾကရတယ္။ သူတို႔ရဲ႕ ကိုယ္ပိုင္တိုက္ခန္းျဖစ္ေပမယ့္ သူတို႔အိမ္ထဲကို တျခားသူက က်ဴးေက်ာ္ေနသလို ခံစားရတယ္”ဟု သူမက ေျပာသည္။

၂၀၂၀ ႏွစ္ကုန္ပိုင္းတြင္ ကိုဗစ္ကပ္ေဘးကာလ စည္းမ်ဥ္းတင္းက်ပ္မႈမ်ား ျမင့္မားေနခ်ိန္၌ အိမ္ရွင္တို႔ ရင္ဆိုင္ခဲ့ရသည့္ အေတြ႔အၾကံဳမ်ားေၾကာင့္ ယခုကဲ့သို႔ WFH အလုပ္လုပ္သူမ်ားကို သေဘာမေတြ႔ျခင္း ျဖစ္ႏိုင္သည္။

ထိုကာလက ျပည္သူမ်ားကို ေနအိမ္တြင္သာ ေနထိုင္ၾကရန္ လမ္းညႊန္ထားရာ အိမ္ရွင္တုိ႔မွာ မီတာခ ၊ ေရဖုိးမ်ား တက္လာသည့္အျပင္ ၎တုိ႔၏ Privacy ကို က်ဴးေက်ာ္ ခံခဲ့ၾကရသည္။

Tham အမည္ရွိ အိမ္ျခံေျမအက်ဳိးေဆာင္အမ်ဳိးသမီးက Carousell အိမ္ျခံေျမဝက္ဘ္ဆိုက္တြင္ တုိက္ခန္း တစ္ခန္းမွ အခန္းတစ္ခုကို ေရဖိုးမီးဖုိးအပါ တစ္လလွ်င္ စကၤာပူေဒၚလာ ၉၅၀ ျဖင့္ အငွားတင္ေပးခဲ့သည္။

အိမ္ရွင္ႏွင့္ အိမ္ငွားအၾကား ေရဖိုး၊ မီးဖုိး ခြဲရျခင္းမွာ ကရိကထမ်ားေၾကာင္း သူမက ေျပာသည္။

ေတာင္းဆိုထားသည့္ အိမ္လခတြင္ ေရဖုိး ၊ မီးဖိုး ပါဝင္ျပီးျဖစ္ရာ ရည္မွန္းထားသည့္ ကုန္က်စရိတ္ထက္ မ်ားျပားပါက အိမ္ရွင္ကသာ ေပးေဆာင္ရမည္ျဖစ္ေသာေၾကာင့္ အငွားေၾကာ္ျငာတြင္ WFH အလုပ္မလုပ္သူ ဟူေသာ ကန္႔သတ္ခ်က္မ်ား ထားရွိလာျခင္းျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: In Singapore, more landlords seek tenants who don’t work from home: ‘like being invaded’ (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service