ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ - Property News in Myanmar from iMyanmarHouse.com
1162 Views
ဈေးနှုန်းသုံးဆခန့် မြင့်တက်ခဲ့တဲ့ ဒလမြေဈေး ပြန်လည်တည်ငြိမ်နေ
[Unicode]
ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ဈေးနှုန်းဆက်တိုက်မြင့်ခဲ့တဲ့  ဒလမြေဈေး ဟာ အခုစက်တင်ဘာလထဲမှာ ပြန်လည်တည်ငြိမ်နေတယ်လို့   ဒလမြို့နယ်  ထဲက အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။ ဈေးပြန်လည်တည်ငြိမ်နေပေမယ့် အရင်တက်ခဲ့တဲ့ဈေးအတိုင်းတည်ငြိမ်နေတာဖြစ်ပြီး ဈေးပြန်ကျတာတော့ မရှိသေးဘူးလို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။
ဒလံတံတားစီမံကိန်းကြောင့် ဒလမြေဈေးတွေဟာ ဆက်တိုက်ဈေးမြင့်တက်ခဲ့ပါတယ်။ ရန်ကုန်_ဒလတံတားစီမံကိန်းကို လာမယ့် (၂၀၂၄)ခုနှစ်အစပိုင်းမှာ အပြီးဆောက်လုပ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားတာပါ။ အဲဒီနောက်ပိုင်းမှာပဲ ဒလမြေဈေးတွေ မြင့်တက်လာပြီး လမ်းမတန်းဈေးဟာဆိုရင် ကျပ်သိန်း (၅၀၀၀)ကျော် အထိပေါက်ဈေးရှိလာခဲ့တာဖြစ်ပါတယ်။
မြန်မာကိုးရီးယား ချစ်ကြည်ရေး(ဒလ)တံတားဟာ သံမဏိကြိုးဆိုင်းတံတားတွေအနက် အရှည်ဆုံးနဲ့ အကြီးဆုံးဖြစ်ပြီး တံတားအောက်ဖက်ကနေ ပင်လယ်ကူးကုန်တင်သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်အောင် ဒီဇိုင်းဆွဲ တည်ဆောက်ထားဖြစ်ပါတယ်။ ဒလမြစ်ကူးတံတားရဲ့ ပင်မ အရှည်ဟာ ၂၂၆၄၀ ပေရှိကာ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးခြင်း ၇၅ တန်ဖြစ်ပါတယ်။
ရန်ကုန်မြစ်အတွင်း ပင်လယ်ကူးသင်္ဘောကြီးတွေ ဖြတ်သန်းသွားလာနိုင်ဖို့ အမြင့် ပေ ၁၆၀ နဲ့ ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေ ရှိပါတယ်။ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတားကိုပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မေလက စတင်တည်ဆောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service