Take That အဖွဲ့ အဆိုတော် ရော့ဘီ ဝီလျံစ်က သူ၏အိမ်တွင် မြေအောက်ရေကူးကန်နှင့် အားကစားလေ့ကျင့် ခန်းမ ဆောက်လိုသော်လည်း အိမ်နီးချင်း Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page က ကန့်ကွက်မှုကြောင့် အခက်တွေ့

Take That အဖွဲ့ အဆိုတော် ရော့ဘီ ဝီလျံစ်က သူ၏အိမ်တွင် မြေအောက်ရေကူးကန်နှင့် အားကစားလေ့ကျင့် ခန်းမ ဆောက်လိုသော်လည်း အိမ်နီးချင်း Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page က ကန့်ကွက်မှုကြောင့် အခက်တွေ့ - Property News in Myanmar from iMyanmarHouse.com
22 Mar 2023 11:16 am တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး

ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင် (iMyanmarHouse.com)

[Unicode]

Take That အဖွဲ့မှ အဆိုတော်ဟောင်း ကမ္ဘာကျော်အဆိုတော် ရော့ဘီ ဝီလျံစ် (Robbie Williams) သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တည်ရှိသော သူ၏ ပေါင် ၁၇ ဒသမ ၅ သန်းတန် နေအိမ်တွင် မြေအောက် ရေကူးကန်နှင့် အားကစားလေ့ကျင့်ခန်းမ ဆောက်လုပ်ရန် ကြိုးပမ်းမှုတွင် အတားအဆီး ကြုံတွေ့ရလျက် ရှိသည်။

အသက် ၄၈ နှစ်အရွယ်ရှိ ရော့ဘီသည် လန်ဒန်မြို့ရှိ သူ၏ စံအိမ်တွင် ကျန်းမာရေးအတွက် ရေကူးကန်နှင့် အားကစားခန်းမ ဆောက်လုပ်ရန် ပြီးခဲ့သော ၆ နှစ်ကတည်းက ကြိုးပမ်းခဲ့သော်လည်း အိမ်နီးချင်းဖြစ်သူ Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page (၇၉ နှစ်) ၏ သူ၏ အစီအစဉ်အပေါ် ကန့်ကွက်မှု များ ပြုလုပ်ထားသည်။

ရော့ဘီ၏ ဆောက်လုပ်ရေးအစီအစဉ်ကို ကန်ဆင်တန်နှင့် ချယ်လ်ဆီး ကောင်စီတို့က ကနဦးအတည်ပြုချက် များ ပေးထားသော်လည်း တရားဝင်လျှောက်ထားမှု ပြုလုပ်ရန် ပြောထားသည်ဟု ဆိုသည်။

ရော့ခ်သမား Jimmy Page က The Sun သတင်းဌာနသို့ ပြောသည်မှာ ရော့ဘီ၏ ဆောက်လုပ်ရေးလုပ်ငန်းမှ တုန်ခါမှုများကြောင့် သမိုင်းဝင်အဆောက်အအုံအဖြစ် Grade I အဆင့် သတ်မှတ်ခံထားရသော သူ၏ နေအိမ်မှ ရှေးဟောင်း ဆေးများနှင့် အင်္ဂတေပန်းချီများ ထိခိုက်စေနိုင်ကြောင်း ပြောသည်။

Jimmy Page သည် အဆိုပါ နေအိမ်တွင် ၁၉၇၂ ခုနှစ်ကတည်းက နေထိုင်နေခဲ့သူ ဖြစ်သည်။

 

 

(Take That အဖွဲ့မှ အဆိုတော်ဟောင်း ကမ္ဘာကျော်အဆိုတော် ရော့ဘီ ဝီလျံစ် (Robbie Williams) သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တည်ရှိသော သူ၏ ပေါင် ၁၇ ဒသမ ၅ သန်းတန် နေအိမ်တွင် မြေအောက် ရေကူးကန်နှင့် အားကစားလေ့ကျင့်ခန်းမ ဆောက်လုပ်ရန် ကြိုးပမ်းမှုတွင် အတားအဆီး ကြုံတွေ့ရလျက် ရှိသည်။ နိုဝင်ဘာလတွင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်သည်။)

ပြီးခဲ့သောနှစ် နိုဝင်ဘာလအတွင်းက ရော့ဘီသည် နှစ်အိမ်ကြား ခြံစည်းရိုးနှင့် ကပ်နေသော သစ်ပင်များကို ခုတ်ရန် စီစဉ်ချိန်တွင် အိမ်နီးချင်း ရော့ခ်ကြယ်ပွင့် ဂျင်မီနှင့် တင်းမာမှုများ ဖြစ်ခဲ့သေးသည်။

ရော့ဘီနှင့် ဂျင်မီတို့ နေအိမ်နှစ်လုံးကြား ခြံစည်းရိုးတလျှောက်တွင် သစ်ပင်များစွာရှိနေသည်။

ဂျင်မီပေ့ချ်သည် ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်သော Led Zeppelin အဖွဲ့ကြီးကို တည်ထောင်ခဲ့သူ ဖြစ်သည်။ ရော့ဘီက အလွန်တိမ်းစောင်းနေသော တံတိုင်းမွှေးပင်ကြီးတစ်ပင်ကို အပင်ခြေမှ ခုတ်လှဲပစ်ရန် စီစဉ်ခဲ့သည်။

ထို့အပြင် လူသွားလမ်းပေါ် မြေပြင်နားအထိ ကိုင်းကျနေသော ချယ်ရီပင်တစ်ပင်ကိုလည်း ခုတ်ပစ်လိုသည်။

ရော့ဘီက အလင်းရစေရန်အတွက် အိမ်ရှေ့ပန်းဥယျာဉ်ရှိ ကရဝေးပင်ကိုလည်း ငါးပုံတစ်ပုံခန့် ရှင်းပစ်လိုသည့်အပြင် အနီးရှိ ၁ ဒသမ ၅ မီတာထက်မြင့်သော အပင်များကို ချိုင်ပစ်လိုသည်။

 

 

(ရော့ဘီ၏ အိမ်နီးချင်း Led Zeppelin အဖွဲ့ကြီး၏ ဂစ်တာသမား ဂျင်မီပေ့ချ်က ရော့ဘီ၏ ဆောက်လုပ်ရေးအစီအစဉ်ကို ကန့်ကွက်ထားသည်။ ၂၀၂၁ ခုနှစ်က ရိုက်ကူးခဲ့သော ပုံဖြစ်သည်။)

 

ယင်းအပြင် ရော့ဘီက ရေမြောသီးပင်တစ်ပင်ကို အလွန်အမင်း အုပ်ဆိုင်းနေသည့် အကိုင်းတစ်ကိုင်းကို ၅ မီတာခန့် ခုတ်ရန်၊ ကျန်သည့်ကိုင်းများကို အကိုင်းချဲမှုများလုပ်ရန်၊ သေနေ ခြောက်နေသည့်အကိုင်းများကို ရှင်းရန် စီစဉ်ခဲ့သည်။

Loquat ဟုခေါ်သော တရုတ်နှင်းသီးပင်ကိုလည်း ၁ ဒသမ ၅ မီတာနှင့်အထက် ခုတ်ပစ်ရန် စီစဉ်သည်။

 

(ရော့ဘီသည် ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည်။ လက်ရှိနေထိုင်သည့် အခန်း ၄၇ ခန်းပါ စံအိမ်မှာ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Michael Winner ထံမှ ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့သည့် စံအိမ်ဖြစ်သည်)

ပြီးခဲ့သောနှစ်အတွင်း ရော့ဘီ ဝီလျံစ်က သူ၏စံအိမ်ဝန်းအတွင်း သစ်ပင်ခုတ်လှဲရန် တင်ပြမှုကို မြို့ကောင်စီက ငြင်းပယ်ခဲ့သော်လည်း နောက်တစ်လအကြာတွင် Led Zeppelin ၏ ဂစ်တာကြယ်ပွင့် ဂျင်မီပေ့ချ်က သူ၏နေအိမ်အတွင်း သစ်ပင်ခုတ်ရန် တင်ပြမှုမှာမူ ခွင့်ပြုချက်ရခဲ့သည်။

ဂျင်မီပေ့ချ်က ပြီးခဲ့သော ဧပြီလ ၂၁ ရက်တွင် သူ၏ စံအိမ်ရှေ့မှ ကရဝေးပင်ကို ပြန်လည်ပုံဖော် ရှင်းလင်းရန် တင်ပြခဲ့သည်။

ဂျင်မီပေ့ချ်၏ တင်ပြမှုကို တစ်လအကြာတွင် မြို့ကောင်စီက ခွင့်ပြုခဲ့သည်။

ကန်ဆင်တန်နှင့် ချယ်လ်ဆီးကောင်စီမှ ထုတ်ပြန်သည်မှာ ဂျင်မီပေ့ချ်၏ တင်ပြချက်အပေါ် ကောင်စီအနေဖြင့် ကန့်ကွက်ရန် မရှိကြောင်း၊ လုပ်ရိုးလုပ်စဉ် မွမ်းမံထိန်းသိမ်းမှုတစ်ခုသာဖြစ်ကြောင်း ထုတ်ပြန်သည်။

 

 

(Led Zeppelin ၏ ဂစ်တာကြယ်ပွင့် ဂျင်မီပေ့ချ်၏ The Tower House ဟု အမည်ပေးထားသော စံအိမ်ကို ယခင်က ပိုင်ဆိုင်ဖူးသူများတွင် ကဗျာဆရာ John Betjeman နှင့် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲများတွင် ပါမောက္ခ Dumbledore အဖြစ် သရုပ်ဆောင်ခဲ့သူ Richard Harris တို့ ပါဝင်သည်)

 

(ဂျင်မီပေ့ချ်က ခြံဝန်းအတွင်းမှ အပင်ခုတ်ရန် မလျှောက်ထားမီ ၂ ပတ်အလိုတွင် ရော့ဘီက သူ၏ ပန်းဥယျာဉ်အတွင်းရှိ ပေ ၇၀ မြင့်သော တရုတ်နှင်းသီးပင် ခုတ်လှဲရန် တင်ပြထားမှုမှာ ပယ်ချခံခဲ့ရသည်)

 

 

(ရော့ဘီသည် Boyband တစ်ခုဖြစ်သော Take That နှင့်အတူ ၁၉၉၁ ခုနှစ်တွင် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။ ပုံမှာ ၁၉၉၂ ခုနှစ်က ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်။ အပေါ်ဝဲဘက်မှ နာရီလက်တံအတိုင်း- Jason Orange, Gary Barlow, Howard Donald, Mark Owen and Robbie Williams)

 

ဂျင်မီပေ့ချ်က သူ၏စံအိမ်ကို ဝယ်ယူခဲ့ချိန်က အသက် ၂၈ နှစ်သာ ရှိသေးသည်။

The Tower House စံအိမ်ကို ၁၈၇၅ ခုနှစ်မှ ၁၈၈၁ ခုနှစ်ကြား ဗိသုကာပညာရှင် William Burges က ၎င်းကိုယ်တိုင်နေထိုင်ရန် ဒီဇိုင်းဆွဲဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အခန်းများတွင် Themes အမျိုးမျိုးဖြင့် ပုံဖော်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အချိန်၊ အချစ်နှင့် စာပေတို့ ဖြစ်သည်။

 

 

(ဂျင်မီ (ယာဘက်) ကို Led Zeppelin အဖွဲ့ကြီး၏ ရှေ့ထွက်အဆိုတော် ရောဘတ်ပလန့်နှင့်အတူ ၁၉၇၅ ခုနှစ်အတွင်း စင်မြင့်ဖျော်ဖြေပွဲတစ်ခုတွင် တွေ့ရပုံ)

 

 

ဂျင်မီက သူ၏ ရှေးဟောင်းစံအိမ်ကို မထိမခိုက်စေဘဲ ထိန်းသိမ်းထားရှိနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များ ဖြင့် ငြမ်းများဆင်ခြင်း၊ နံရံများကို အစွန်းချွတ်သန့်ရှင်းခြင်းများပြုလုပ်ကာ ပဲ့တင်သံ ပြင်းထန်စွာ ရိုက်ခတ်မှုမှ ကာကွယ်ရန် လျှပ်စစ်ဂစ်တာပင် တီးခတ်ခြင်းမပြုဘဲ acoustic ဂစ်တာကိုသာ အမြဲတီးခဲ့သည်ဟု ဆိုသည်။

၂၀၁၇ ခုနှစ်အတွင်း X Factor ဒိုင်လူကြီးတစ်ဦးလည်းဖြစ်သူ ရော့ဘီသည် ကလေးများ ဆော့ကစားရန်အတွက် သူ၏ ပန်းဥယျာဉ်အတွင်း ခြေတံရှည်အိမ်တစ်လုံး ဆောက်လုပ်ရန် တင်ပြခဲ့သည်။

ထိုလုပ်ဆောင်မှုအပေါ် အိမ်နီးချင်းများက အမျက်ထွက်ခဲ့ကြပြီး သူ၏အဆောက်အအုံသည် ၎င်းတို့၏ ပန်းဥယျာဉ်များကို အလင်းမရစေရန် ဖြစ်စေလိမ့်မည်ဟု ကန့်ကွက်ကြသည်။

ထိုအဆောက်အအုံကို ဆောက်လုပ်နေချိန်ကာလအတွင်း ရော့ဘီက အိမ်နီးချင်း ရော့ခ်ကြယ်ပွင့် ဂျင်မီမှာ မိမိ၏ အိမ်အပြင်ဘက်၌ ကားထဲတွင် နာရီပေါင်းများစွာ ထိုင်နေခဲ့ပြီး ရူးကြောင်ကြောင်ဖြစ်နေပုံရသည်ဟု ပြောခဲ့ရာ အိမ်နီးချင်းများ ပိုမိုအမျက်ထွက်ခဲ့သဖြင့် ရော့ဘီမှာ တောင်းပန်မှုများ ပြုလုပ်ခဲ့ရသည်။

ရော့ဘီက အီတလီ ရေဒီယိုအသံလွှင့်ဌာန DeeJay သို့ ပြောသည်မှာ “ဂျင်မီက ကျွန်တော်တို့အိမ် အပြင်ဘက် မှာ သူ့ကားရပ်ပြီး ကားထဲမှာ ၄ နာရီလောက် ထိုင်နေခဲ့တယ်။ သူက ကျွန်တော်တို့ ဆောက်လုပ်နေတဲ့ အသံဗလံတွေ ဘယ်လောက်ဆူညံလဲဆိုတာ workmen ကက်ဆက်တစ်လုံးနဲ့ အသံဖမ်းနေခဲ့ပါတယ်။ ဆောက်လုပ်ရေးသမားတွေ ရောက်လာတဲ့အချိန်မှာ သူဟာ သူ့ခြံထဲက ပန်းခြံထဲမှာ စောင့်ရင်း အိပ်ပျော်နေတာ တွေ့ခဲ့ရတယ်။ စိတ်ဖောက်ပြန်နေတဲ့ ပုံစံပါပဲ” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

 

 

(၂၀၁၇ ခုနှစ်အတွင်း X Factor ဒိုင်လူကြီးဟောင်း ရော့ဘီသည် သူ၏ ပန်းဥယျာဉ်အတွင်း ခြေတံရှည် အိမ်တစ်လုံး ဆောက်လုပ်ခဲ့ရာ အိမ်နီးချင်းများ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ဓာတ်ပုံမှာ ပြီးခဲ့သော နိုဝင်ဘာလက ရိုက်ကူးထားခြင်း ဖြစ်သည်)

 

 

((Led Zeppelin အဖွဲ့ကြီး၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ))

Black dog- သျှီ (အတွေး)

Black dog- မင်းမင်းလတ် (ရန်ကုန်သူစကား ၄ နဲ့စား) Rock N’ Roll - ဖိုးကျော် (မိုးအကြောင်း လေအကြောင်း) D’Yer Mak’er – သီရိဂျေမောင်မောင် (ရူးသွားလိမ့်မည်) Whole lotta love- မင်းမင်းလတ် (ဒါလီရေ လုံအောင်ပုန်း) Stairway to Heaven - ကျော်ဟိန်း (ကြိုက်သလိုလုပ်နိုင်တယ်)

 

((မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်း))

Led Zeppelin ရော့ခ်ဂီတအဖွဲ့ကြီးမှ ဂစ်တာသမား Jimmy Page သည် ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် သူ၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့စဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ဖော်ပြခဲ့ဖူးသည်။

 

(အောက်ဖော်ပြပါ ဓာတ်ပုံများမှာ မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်စဉ် Jimmy Page ရိုက်ကူးခဲ့သော ဓာတ်ပုံများ ဖြစ်ပါသည်။ ဓာတ်ပုံ- Jimmy Page/Facebook)

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

((ဆက်စပ်သတင်း))

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin ၏ အဆိုတော် ရောဘတ်ပလန့်၏ စံအိမ်

https://www.imyanmarhouse.com/news/read/1017543

 

Ref: Robbie Williams 'suffers new hurdle in bid to build underground pool and gym at his £17.5million home as battle with neighbour and Led Zeppelin guitarist Jimmy Page rumbles on' (dailymail)

 

 

 

 

[Zawgyi]

 

Take That အဖြဲ႔ အဆိုေတာ္ ေရာ့ဘီ ဝီလ်ံစ္က သူ၏အိမ္တြင္ ေျမေအာက္ေရကူးကန္ႏွင့္ အားကစားေလ့က်င့္ ခန္းမ ေဆာက္လုိေသာ္လည္း အိမ္နီးခ်င္း Led Zeppelin ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဂစ္တာသမား Jimmy Page က ကန္႔ကြက္မႈေၾကာင့္ အခက္ေတြ႔

 

Take That အဖြဲ႔မွ အဆိုေတာ္ေဟာင္း ကမၻာေက်ာ္အဆိုေတာ္ ေရာ့ဘီ ဝီလ်ံစ္ (Robbie Williams) သည္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕တြင္ တည္ရွိေသာ သူ၏ ေပါင္ ၁၇ ဒသမ ၅ သန္းတန္ ေနအိမ္တြင္ ေျမေအာက္ ေရကူးကန္ႏွင့္ အားကစားေလ့က်င့္ခန္းမ ေဆာက္လုပ္ရန္ ၾကိဳးပမ္းမႈတြင္ အတားအဆီး ၾကံဳေတြ႔ရလ်က္ ရွိသည္။

အသက္ ၄၈ ႏွစ္အရြယ္ရွိ ေရာ့ဘီသည္ လန္ဒန္ျမိဳ႕ရွိ သူ၏ စံအိမ္တြင္ က်န္းမာေရးအတြက္ ေရကူးကန္ႏွင့္ အားကစားခန္းမ ေဆာက္လုပ္ရန္ ျပီးခဲ့ေသာ ၆ ႏွစ္ကတည္းက ၾကိဳးပမ္းခဲ့ေသာ္လည္း အိမ္နီးခ်င္းျဖစ္သူ Led Zeppelin ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဂစ္တာသမား Jimmy Page (၇၉ ႏွစ္) ၏ သူ၏ အစီအစဥ္အေပၚ ကန္႔ကြက္မႈ မ်ား ျပဳလုပ္ထားသည္။

ေရာ့ဘီ၏ ေဆာက္လုပ္ေရးအစီအစဥ္ကို ကန္ဆင္တန္ႏွင့္ ခ်ယ္လ္ဆီး ေကာင္စီတို႔က ကနဦးအတည္ျပဳခ်က္ မ်ား ေပးထားေသာ္လည္း တရားဝင္ေလွ်ာက္ထားမႈ ျပဳလုပ္ရန္ ေျပာထားသည္ဟု ဆိုသည္။

ေရာ့ခ္သမား Jimmy Page က The Sun သတင္းဌာနသို႔ ေျပာသည္မွာ ေရာ့ဘီ၏ ေဆာက္လုပ္ေရးလုပ္ငန္းမွ တုန္ခါမႈမ်ားေၾကာင့္ သမိုင္းဝင္အေဆာက္အအံုအျဖစ္ Grade I အဆင့္ သတ္မွတ္ခံထားရေသာ သူ၏ ေနအိမ္မွ ေရွးေဟာင္း ေဆးမ်ားႏွင့္ အဂၤေတပန္းခ်ီမ်ား ထိခိုက္ေစႏိုင္ေၾကာင္း ေျပာသည္။ Jimmy Page သည္ အဆိုပါ ေနအိမ္တြင္ ၁၉၇၂ ခုႏွစ္ကတည္းက ေနထိုင္ေနခဲ့သူ ျဖစ္သည္။

(Take That အဖြဲ႔မွ အဆိုေတာ္ေဟာင္း ကမၻာေက်ာ္အဆိုေတာ္ ေရာ့ဘီ ဝီလ်ံစ္ (Robbie Williams) သည္ အဂၤလန္ႏိုင္ငံ၊ လန္ဒန္ျမိဳ႕တြင္ တည္ရွိေသာ သူ၏ ေပါင္ ၁၇ ဒသမ ၅ သန္းတန္ ေနအိမ္တြင္ ေျမေအာက္ ေရကူးကန္ႏွင့္ အားကစားေလ့က်င့္ခန္းမ ေဆာက္လုပ္ရန္ ၾကိဳးပမ္းမႈတြင္ အတားအဆီး ၾကံဳေတြ႔ရလ်က္ ရွိသည္။ ႏိုဝင္ဘာလတြင္ ရုိက္ကူးထားေသာ ဓာတ္ပံုျဖစ္သည္။)

ျပီးခဲ့ေသာႏွစ္ ႏိုဝင္ဘာလအတြင္းက ေရာ့ဘီသည္ ႏွစ္အိမ္ၾကား ျခံစည္းရုိးႏွင့္ ကပ္ေနေသာ သစ္ပင္မ်ားကို ခုတ္ရန္ စီစဥ္ခ်ိန္တြင္ အိမ္နီးခ်င္း ေရာ့ခ္ၾကယ္ပြင့္ ဂ်င္မီႏွင့္ တင္းမာမႈမ်ား ျဖစ္ခဲ့ေသးသည္။

ေရာ့ဘီႏွင့္ ဂ်င္မီတို႔ ေနအိမ္ႏွစ္လံုးၾကား ျခံစည္းရုိးတေလွ်ာက္တြင္ သစ္ပင္မ်ားစြာရွိေနသည္။

ဂ်င္မီေပ့ခ်္သည္ ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီးျဖစ္ေသာ Led Zeppelin အဖြဲ႔ၾကီးကို တည္ေထာင္ခဲ့သူ ျဖစ္သည္။ ေရာ့ဘီက အလြန္တိမ္းေစာင္းေနေသာ တံတိုင္းေမႊးပင္ၾကီးတစ္ပင္ကုိ အပင္ေျခမွ ခုတ္လွဲပစ္ရန္ စီစဥ္ခဲ့သည္။

ထို႔အျပင္ လူသြားလမ္းေပၚ ေျမျပင္နားအထိ ကိုင္းက်ေနေသာ ခ်ယ္ရီပင္တစ္ပင္ကိုလည္း ခုတ္ပစ္လုိသည္။

ေရာ့ဘီက အလင္းရေစရန္အတြက္ အိမ္ေရွ႕ပန္းဥယ်ာဥ္ရွိ ကရေဝးပင္ကိုလည္း ငါးပံုတစ္ပံုခန္႔ ရွင္းပစ္လိုသည့္အျပင္ အနီးရွိ ၁ ဒသမ ၅ မီတာထက္ျမင့္ေသာ အပင္မ်ားကို ခ်ဳိင္ပစ္လုိသည္။

(ေရာ့ဘီ၏ အိမ္နီးခ်င္း Led Zeppelin အဖြဲ႔ၾကီး၏ ဂစ္တာသမား ဂ်င္မီေပ့ခ်္က ေရာ့ဘီ၏ ေဆာက္လုပ္ေရးအစီအစဥ္ကို ကန္႔ကြက္ထားသည္။ ၂၀၂၁ ခုႏွစ္က ရုိက္ကူးခဲ့ေသာ ပံုျဖစ္သည္။)

ယင္းအျပင္ ေရာ့ဘီက ေရေျမာသီးပင္တစ္ပင္ကို အလြန္အမင္း အုပ္ဆိုင္းေနသည့္ အကိုင္းတစ္ကိုင္းကို ၅ မီတာခန္႔ ခုတ္ရန္၊ က်န္သည့္ကိုင္းမ်ားကို အကိုင္းခ်ဲမႈမ်ားလုပ္ရန္၊ ေသေန ေျခာက္ေနသည့္အကိုင္းမ်ားကို ရွင္းရန္ စီစဥ္ခဲ့သည္။

Loquat ဟုေခၚေသာ တရုတ္ႏွင္းသီးပင္ကိုလည္း ၁ ဒသမ ၅ မီတာႏွင့္အထက္ ခုတ္ပစ္ရန္ စီစဥ္သည္။

(ေရာ့ဘီသည္ ကမၻာတစ္ဝန္းတြင္ အိမ္ျခံေျမမ်ားစြာ ပိုင္ဆိုင္ထားသည္။ လက္ရွိေနထုိင္သည့္ အခန္း ၄၇ ခန္းပါ စံအိမ္မွာ ျဗိတိန္ရုပ္ရွင္ဒါရိုက္တာ Michael Winner ထံမွ ၂၀၁၃ ခုႏွစ္အတြင္း ဝယ္ယူခဲ့သည့္ စံအိမ္ျဖစ္သည္)

ျပီးခဲ့ေသာႏွစ္အတြင္း ေရာ့ဘီ ဝီလ်ံစ္က သူ၏စံအိမ္ဝန္းအတြင္း သစ္ပင္ခုတ္လွဲရန္ တင္ျပမႈကို ျမိဳ႕ေကာင္စီက ျငင္းပယ္ခဲ့ေသာ္လည္း ေနာက္တစ္လအၾကာတြင္ Led Zeppelin ၏ ဂစ္တာၾကယ္ပြင့္ ဂ်င္မီေပ့ခ်္က သူ၏ေနအိမ္အတြင္း သစ္ပင္ခုတ္ရန္ တင္ျပမႈမွာမူ ခြင့္ျပဳခ်က္ရခဲ့သည္။

ဂ်င္မီေပ့ခ်္က ျပီးခဲ့ေသာ ဧျပီလ ၂၁ ရက္တြင္ သူ၏ စံအိမ္ေရွ႕မွ ကရေဝးပင္ကို ျပန္လည္ပံုေဖာ္ ရွင္းလင္းရန္ တင္ျပခဲ့သည္။

ဂ်င္မီေပ့ခ်္၏ တင္ျပမႈကို တစ္လအၾကာတြင္ ျမိဳ႕ေကာင္စီက ခြင့္ျပဳခဲ့သည္။

ကန္ဆင္တန္ႏွင့္ ခ်ယ္လ္ဆီးေကာင္စီမွ ထုတ္ျပန္သည္မွာ ဂ်င္မီေပ့ခ်္၏ တင္ျပခ်က္အေပၚ ေကာင္စီအေနျဖင့္ ကန္႔ကြက္ရန္ မရွိေၾကာင္း၊ လုပ္ရိုးလုပ္စဥ္ မြမ္းမံထိန္းသိမ္းမႈတစ္ခုသာျဖစ္ေၾကာင္း ထုတ္ျပန္သည္။

(Led Zeppelin ၏ ဂစ္တာၾကယ္ပြင့္ ဂ်င္မီေပ့ခ်္၏ The Tower House ဟု အမည္ေပးထားေသာ စံအိမ္ကို ယခင္က ပိုင္ဆိုင္ဖူးသူမ်ားတြင္ ကဗ်ာဆရာ John Betjeman ႏွင့္ ဟယ္ရီေပၚတာ ဇာတ္လမ္းတြဲမ်ားတြင္ ပါေမာကၡ Dumbledore အျဖစ္ သရုပ္ေဆာင္ခဲ့သူ Richard Harris တို႔ ပါဝင္သည္)

(ဂ်င္မီေပ့ခ်္က ျခံဝန္းအတြင္းမွ အပင္ခုတ္ရန္ မေလွ်ာက္ထားမီ ၂ ပတ္အလိုတြင္ ေရာ့ဘီက သူ၏ ပန္းဥယ်ာဥ္အတြင္းရွိ ေပ ၇၀ ျမင့္ေသာ တရုတ္ႏွင္းသီးပင္ ခုတ္လွဲရန္ တင္ျပထားမႈမွာ ပယ္ခ်ခံခဲ့ရသည္)

(ေရာ့ဘီသည္ Boyband တစ္ခုျဖစ္ေသာ Take That ႏွင့္အတူ ၁၉၉၁ ခုႏွစ္တြင္ ကမၻာေက်ာ္ခဲ့သူ ျဖစ္သည္။ ပံုမွာ ၁၉၉၂ ခုႏွစ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံုျဖစ္သည္။ အေပၚဝဲဘက္မွ နာရီလက္တံအတိုင္း- Jason Orange, Gary Barlow, Howard Donald, Mark Owen and Robbie Williams)

ဂ်င္မီေပ့ခ်္က သူ၏စံအိမ္ကို ဝယ္ယူခဲ့ခ်ိန္က အသက္ ၂၈ ႏွစ္သာ ရွိေသးသည္။

The Tower House စံအိမ္ကို ၁၈၇၅ ခုႏွစ္မွ ၁၈၈၁ ခုနွစ္ၾကား ဗိသုကာပညာရွင္ William Burges က ၎ကိုယ္တိုင္ေနထိုင္ရန္ ဒီဇိုင္းဆြဲေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အခန္းမ်ားတြင္ Themes အမ်ဳိးမ်ဳိးျဖင့္ ပံုေဖာ္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ အခ်ိန္၊ အခ်စ္ႏွင့္ စာေပတို႔ ျဖစ္သည္။

(ဂ်င္မီ (ယာဘက္) ကို Led Zeppelin အဖြဲ႔ၾကီး၏ ေရွ႕ထြက္အဆိုေတာ္ ေရာဘတ္ပလန္႔ႏွင့္အတူ ၁၉၇၅ ခုႏွစ္အတြင္း စင္ျမင့္ေဖ်ာ္ေျဖပြဲတစ္ခုတြင္ ေတြ႔ရပံု)

ဂ်င္မီက သူ၏ ေရွးေဟာင္းစံအိမ္ကို မထိမခိုက္ေစဘဲ ထိန္းသိမ္းထားရွိႏိုင္ရန္အတြက္ ကၽြမ္းက်င္ပညာရွင္မ်ား ျဖင့္ ျငမ္းမ်ားဆင္ျခင္း၊ နံရံမ်ားကို အစြန္းခၽြတ္သန္႔ရွင္းျခင္းမ်ားျပဳလုပ္ကာ ပဲ့တင္သံ ျပင္းထန္စြာ ရိုက္ခတ္မႈမွ ကာကြယ္ရန္ လွ်ပ္စစ္ဂစ္တာပင္ တီးခတ္ျခင္းမျပဳဘဲ acoustic ဂစ္တာကိုသာ အျမဲတီးခဲ့သည္ဟု ဆိုသည္။

၂၀၁၇ ခုႏွစ္အတြင္း X Factor ဒိုင္လူၾကီးတစ္ဦးလည္းျဖစ္သူ ေရာ့ဘီသည္ ကေလးမ်ား ေဆာ့ကစားရန္အတြက္ သူ၏ ပန္းဥယ်ာဥ္အတြင္း ေျခတံရွည္အိမ္တစ္လံုး ေဆာက္လုပ္ရန္ တင္ျပခဲ့သည္။

ထိုလုပ္ေဆာင္မႈအေပၚ အိမ္နီးခ်င္းမ်ားက အမ်က္ထြက္ခဲ့ၾကျပီး သူ၏အေဆာက္အအံုသည္ ၎တို႔၏ ပန္းဥယ်ာဥ္မ်ားကို အလင္းမရေစရန္ ျဖစ္ေစလိမ့္မည္ဟု ကန္႔ကြက္ၾကသည္။

ထိုအေဆာက္အအံုကို ေဆာက္လုပ္ေနခ်ိန္ကာလအတြင္း ေရာ့ဘီက အိမ္နီးခ်င္း ေရာ့ခ္ၾကယ္ပြင့္ ဂ်င္မီမွာ မိမိ၏ အိမ္အျပင္ဘက္၌ ကားထဲတြင္ နာရီေပါင္းမ်ားစြာ ထိုင္ေနခဲ့ျပီး ရူးေၾကာင္ေၾကာင္ျဖစ္ေနပံုရသည္ဟု ေျပာခဲ့ရာ အိမ္နီးခ်င္းမ်ား ပိုမိုအမ်က္ထြက္ခဲ့သျဖင့္ ေရာ့ဘီမွာ ေတာင္းပန္မႈမ်ား ျပဳလုပ္ခဲ့ရသည္။

ေရာ့ဘီက အီတလီ ေရဒီယိုအသံလႊင့္ဌာန DeeJay သို႔ ေျပာသည္မွာ “ဂ်င္မီက ကၽြန္ေတာ္တို႔အိမ္ အျပင္ဘက္ မွာ သူ႔ကားရပ္ျပီး ကားထဲမွာ ၄ နာရီေလာက္ ထိုင္ေနခဲ့တယ္။ သူက ကၽြန္ေတာ္တို႔ ေဆာက္လုပ္ေနတဲ့ အသံဗလံေတြ ဘယ္ေလာက္ဆူညံလဲဆိုတာ workmen ကက္ဆက္တစ္လံုးနဲ႔ အသံဖမ္းေနခဲ့ပါတယ္။ ေဆာက္လုပ္ေရးသမားေတြ ေရာက္လာတဲ့အခ်ိန္မွာ သူဟာ သူ႔ျခံထဲက ပန္းျခံထဲမွာ ေစာင့္ရင္း အိပ္ေပ်ာ္ေနတာ ေတြ႔ခဲ့ရတယ္။ စိတ္ေဖာက္ျပန္ေနတဲ့ ပံုစံပါပဲ” ဟု ေျပာဆုိခဲ့ျခင္း ျဖစ္သည္။

(၂၀၁၇ ခုႏွစ္အတြင္း X Factor ဒိုင္လူၾကီးေဟာင္း ေရာ့ဘီသည္ သူ၏ ပန္းဥယ်ာဥ္အတြင္း ေျခတံရွည္ အိမ္တစ္လံုး ေဆာက္လုပ္ခဲ့ရာ အိမ္နီးခ်င္းမ်ား စိတ္အေႏွာင့္အယွက္ျဖစ္ခဲ့ရသည္။ ဓာတ္ပံုမွာ ျပီးခဲ့ေသာ ႏိုဝင္ဘာလက ရိုက္ကူးထားျခင္း ျဖစ္သည္)

((Led Zeppelin အဖြဲ႔ၾကီး၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆုိမႈမ်ား))

Black dog- သွ်ီ (အေတြး)

Black dog- မင္းမင္းလတ္ (ရန္ကုန္သူစကား ၄ နဲ႔စား) Rock N’ Roll - ဖိုးေက်ာ္ (မိုးအေၾကာင္း ေလအေၾကာင္း) D’Yer Mak’er – သီရိေဂ်ေမာင္ေမာင္ (ရူးသြားလိမ့္မည္) Whole lotta love- မင္းမင္းလတ္ (ဒါလီေရ လံုေအာင္ပုန္း) Stairway to Heaven - ေက်ာ္ဟိန္း (ၾကိဳက္သလိုလုပ္ႏိုင္တယ္)

((ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ျခင္း))

Led Zeppelin ေရာ့ခ္ဂီတအဖြဲ႔ၾကီးမွ ဂစ္တာသမား Jimmy Page သည္ ၂၀၀၉ ခုႏွစ္၊ ဇန္နဝါရီလအတြင္းက ျမန္မာႏိုင္ငံသို႔ အလည္အပတ္လာေရာက္ခဲ့ဖူးျပီး ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ ၂၇ ရက္တြင္ သူ၏ ေဖ့စ္ဘုတ္စာမ်က္ႏွာ၌ ျမန္မာႏိုင္ငံသို႔ အလည္အပတ္လာေရာက္ခဲ့စဥ္က ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ားကို ေဖာ္ျပခဲ့ဖူးသည္။

(ေအာက္ေဖာ္ျပပါ ဓာတ္ပံုမ်ားမွာ ျမန္မာႏိုင္ငံသို႔ အလည္အပတ္ေရာက္စဥ္ Jimmy Page ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ား ျဖစ္ပါသည္။ ဓာတ္ပံု- Jimmy Page/Facebook)

 

((ဆက္စပ္သတင္း))

ဂႏၳဝင္ေရာ့ခ္အဖြဲ႔ၾကီး Led Zeppelin ၏ အဆိုေတာ္ ေရာဘတ္ပလန္႔၏ စံအိမ္

https://www.imyanmarhouse.com/news/read/1017543

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Robbie Williams 'suffers new hurdle in bid to build underground pool and gym at his £17.5million home as battle with neighbour and Led Zeppelin guitarist Jimmy Page rumbles on' (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
ရော့ခ်အင်ရိုးလ် ဘုရင်မ Tina Turner ဆွစ်ဇာလန် စံအိမ်တွင် ကွယ်လွန်၊ ဇူးရစ်မြို့မှ စတုရန်းပေ ၂၆၀၀၀၀ ကျယ်ဝန်းကာ ဒေါ်လာ ၇၆ သန်းတန်ကြေးရှိ စံအိမ်ကြီး...
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို...
လန်ဒန်တွင် မေလကုန်၌ ကျင်းပမည့် Beyonce ၏ ဂီတပွဲတော်ကာလအတွင်း လန်ဒန်သို့လာမည့် ပရိသတ်များ တည်းခိုရန်နေရာ ရရှိစေရေးအတွက် ဟိုတယ်များတွင် နေထိုင်ခွင့်ပေးထားသော အိမ်ရာမဲ့များ ဟိုတယ်မှ ထွက်ခွာပေးရမည်ဟု ဆို...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
ပရီးမီးယားလိဂ် ဖလားရရှိသွားသော မန်စီးတီးအသင်းပိုင်ရှင် ရှိတ်ခ်မန်ဆော၏ Fast and Furious 7 ဇာတ်ကားရိုက်ကူးခဲ့သော ကြယ် ၇ ပွင့်အဆင့် ဟိုတယ်၊ ဒေါ်လာ သန်း ၅၀၀ တန် ရွက်လှေကြီးနှင့် အခြားပိုင်ဆိုင်မှုများ...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
အခြားကမ္ဘာတစ်ခုအလားထင်မှတ်မှားစေမယ့် ထူးခြားဆန်းပြားသက်ရှိမျိုးစိတ်များရှင်သန်ရာ ဆိုကိုထရာကျွန်း...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
မိုးပျံပူဖောင်းစီး ဝေဟင်ခရီးနှင်ချင်သူများအတွက် လည်ပတ်ဖွယ် ပူဖောင်းမြို့ငယ်လေး ကတ်ပါဒိုရှာ...
Elon Musk က ညဘက်တွင် အပေါ့သွားလိုပါက သက်တော်စောင့်များကို နှိုးရန်မလိုဘဲ သွားနိုင်ရန် တွစ်တာရုံးချုပ်ရှိ သူ၏ရုံးခန်းဘေးတွင် သန့်စင်ခန်းဆောက်လုပ်ရန် လိုင်စင်မရှိသော ရေပိုက်လိုင်းသမားကို ငှားရန်စီစဉ်ခဲ့ကြောင်း ၎င်းအားတရားစွဲထား...
Elon Musk က ညဘက်တွင် အပေါ့သွားလိုပါက သက်တော်စောင့်များကို နှိုးရန်မလိုဘဲ သွားနိုင်ရန် တွစ်တာရုံးချုပ်ရှိ သူ၏ရုံးခန်းဘေးတွင် သန့်စင်ခန်းဆောက်လုပ်ရန် လိုင်စင်မရှိသော ရေပိုက်လိုင်းသမားကို ငှားရန်စီစဉ်ခဲ့ကြောင်း ၎င်းအားတရားစွဲထား...
နယူးယောက်တွင် အမျိုးသမီးတစ်ဦး အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေရာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော...
နယူးယောက်တွင် အမျိုးသမီးတစ်ဦး အဟောင်းဆိုင်မှ ကြွေပန်းကန် ၄ ချပ်ကို ၈ ဒေါ်လာဖြင့် ဝယ်ယူခဲ့ရာ ကြွေပန်းကန်ရှိ ပန်းချီလက်ရာများမှာ ကမ္ဘာကျော်ပန်းချီဆရာကြီး ပီကာဆို၏ မူရင်းလက်ရာများ ဖြစ်နေရာ ဒေါ်လာ ၄၀၀၀၀ (မြန်မာငွေ သိန်း ၈၄၀) ကျော...
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လက်တစ်ဦးက ဆန်းကြယ်စွာ ဝယ်ယူသွား...
တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်းအထိ စံချိန်တင်ဈေးနှုန်းရရှိ ၊ ပုရီစံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး...
တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ပုရီ ဝတ်ဆင်ခဲ့သော Patek Phillippe နာရီကို လေလံတင်ရောင်းချခဲ့ရာ ဟောင်ကောင်ဒေါ်လာ ၄၉ သန်းအထိ စံချိန်တင်ဈေးနှုန်းရရှိ ၊ ပုရီစံမြန်းခဲ့သော ကမ္ဘာ့တန်ကြေးအကြီးဆုံး နန်းတော်ကြီး...
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...
မျောက်ခေါင်းခြောက် ၊ ဆင်မြီးလက်ကောက်မှသည် ပုတ်သင်ညိုအမှုန့်ဖြင့် ပြုလုပ်ထားသော ပီယဆေးအထိ ရနိုင်သော ကမ္ဘာ့အကြီးမားဆုံး စုန်းဈေးကြီး...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုက်ကူးမည့် ရုပ်ရှင်ထဲတွင် ကာမဆန္ဒ အထွတ်အထိပ်သို့ ရောက်ရှိသည့် ပြကွက်ပါသောကြောင့် အမှန်တကယ် ခံစားမှု အမူအရာတွေ့လိုသည်ဟု
ရိုက်ကူးမည့် ရုပ်ရှင်ထဲတွင် ကာမဆန္ဒ အထွတ်အထိပ်သို့ ရောက်ရှိသည့် ပြကွက်ပါသောကြောင့် အမှန်တကယ် ခံစားမှု အမူအရာတွေ့လိုသည်ဟု
ကမ္ဘာ့ဝတ်လစ်စလစ် သစ်ပင်ပန်းမန် စိုက်ပျိုးရေးနေ့တွင် ဗြိတိန်နိုင်ငံသားများ ဝတ်လစ်စလစ်ဖြင့် ပါဝင်ဆင်နွှဲ
ကမ္ဘာ့ဝတ်လစ်စလစ် သစ်ပင်ပန်းမန် စိုက်ပျိုးရေးနေ့တွင် ဗြိတိန်နိုင်ငံသားများ ဝတ်လစ်စလစ်ဖြင့် ပါဝင်ဆင်နွှဲ
ကယ်လီဖိုးနီးယားပြည်နယ်တွင် စားသောက်ဆိုင် ပန်းကန်ဆေးအလုပ် လာလျှောက်သောအမျိုးသား အင်တာဗျူးမှ ပြန်အထွက်တွင် ကားလမ်းဆီသို့ လ
ကယ်လီဖိုးနီးယားပြည်နယ်တွင် စားသောက်ဆိုင် ပန်းကန်ဆေးအလုပ် လာလျှောက်သောအမျိုးသား အင်တာဗျူးမှ ပြန်အထွက်တွင် ကားလမ်းဆီသို့ လ
စင်္ကာပူမှ သစ်ပင်ပန်းပင်ပေါင်း ၈၀၀၀၀ စိုက်ပျိုးထားသော မိုးမျှော်တိုက်ကြီး
စင်္ကာပူမှ သစ်ပင်ပန်းပင်ပေါင်း ၈၀၀၀၀ စိုက်ပျိုးထားသော မိုးမျှော်တိုက်ကြီး
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လ
ကယ်လီဖိုးနီးယားပြည်နယ်မှ Eagle Mountain အမည်ရှိ လူသူမရှိသော တစ္ဆေမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၂၂ ဒသမ ၅ သန်းဖြင့် ဝယ်လ
တစ်ခါတုန်းက အဖြစ်လေးတွေ (၅)
တစ်ခါတုန်းက အဖြစ်လေးတွေ (၅)
ရှားပါးကြံ့ဖြူ ၁၉၉၃ ကောင်နှင့် ဧက ၂၁၀၀၀ ကျယ်ဝန်းသော ခြံကြီးကို လေလံတင်ရောင်းချ
ရှားပါးကြံ့ဖြူ ၁၉၉၃ ကောင်နှင့် ဧက ၂၁၀၀၀ ကျယ်ဝန်းသော ခြံကြီးကို လေလံတင်ရောင်းချ
မိမိ၏ ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်မိ ခဲ့သောကြောင့် ယမ်းပုံမီးကျ အမျက်ထွက်ခဲ့ဖူးသူ လက်ဝှေ့ချန်ပီယံ မို
မိမိ၏ ဇနီးကို ဘရက်ပစ်နှင့် အိပ်ယာထဲတွင် လက်ပူးလက်ကြပ်မိ ခဲ့သောကြောင့် ယမ်းပုံမီးကျ အမျက်ထွက်ခဲ့ဖူးသူ လက်ဝှေ့ချန်ပီယံ မို
လက်ထပ်ပြီးနောက် လိင်ဆက်ဆံမှုမရှိတော့သော်လည်း အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြကြောင်း ထုတ်ပြောလာသော Take That အဖွဲ့အဆိုတော
လက်ထပ်ပြီးနောက် လိင်ဆက်ဆံမှုမရှိတော့သော်လည်း အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြကြောင်း ထုတ်ပြောလာသော Take That အဖွဲ့အဆိုတော
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သ
Amazon တည်ထောင်သူ၊ ကမ္ဘာ့တတိယ အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဘေးဇော့စ်နှင့် ချစ်သူမိန်းကလေး ကိန်းရုပ်ရှင်ပွဲတော်သို့ ဒေါ်လာ သ
city-villas
7mile

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store