အာရှတိုက်၏ အချမ်းသာဆုံး အိန္ဒိယသူဌေးကြီး ဂေါသမ်း အဒါနီ အမေရိကန်မှအစီရင်ခံစာတစ်ခုကြောင့် ၄၈ နာရီအတွင်း ၅၁ ဘီလီယံ ပိုင်ဆိုင်မှုကျဆင်းသွားကာ အိန္ဒိယ၏ စီးပွားရေးလှုပ်ခါသွား

အာရှတိုက်၏ အချမ်းသာဆုံး အိန္ဒိယသူဌေးကြီး ဂေါသမ်း အဒါနီ အမေရိကန်မှအစီရင်ခံစာတစ်ခုကြောင့် ၄၈ နာရီအတွင်း ၅၁ ဘီလီယံ ပိုင်ဆိုင်မှုကျဆင်းသွားကာ အိန္ဒိယ၏ စီးပွားရေးလှုပ်ခါသွား - Property News in Myanmar from iMyanmarHouse.com
31 Jan 2023 12:25 pm တွင် တင်ခဲ့သည်
927 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် တစ်ဦးအပါအဝင်ဖြစ်သော ဂေါသမ်း အဒါနီ ပိုင်ဆိုင်သည့် Adani Group (အိန္ဒိယစွမ်းအင်နှင့် အခြေခံအဆောက်အအုံကော်ပိုရေးရှင်းကြီး) ၏ ရှယ်ယာများသည် အမေရိကန်မှ သုတေသနအဖွဲ့တစ်ခု ထုတ်ပြန်လိုက်သော အစီရင်ခံစာတစ်ရပ်ကြောင့် ရှယ်ယာဈေး ထိုးကျသွားကာ ကမ္ဘာ့ပဉ္စမမြောက် စီးပွားရေးအင်အားအကြီးဆုံး အိန္ဒိယ၏ စီးပွားရေးလုပ်ငန်းများ လှုပ်ခါသွားသည်။

အိန္ဒိယတွင် အဒါနီကုမ္ပဏီခွဲများစွာ၏ ရှယ်ယာအရောင်းအဝယ်များ ရပ်ဆိုင်းသွားခဲ့သည်။ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် အမေရိကန် သုတေသနအဖွဲ့ဖြစ်သော Hindenburg Research သည် နယူးယောက်မြို့တွင် အခြေစိုက်သည်။

ထိုအဖွဲ့၏ ရှည်လျားလှသော အစီရင်ခံစာတွင် စွပ်စွဲဖော်ပြထားသည်မှာ အဒါနီ၏ ကုမ္ပဏီသည် ဆယ်စုနှစ် များစွာ ကာလအတွင်း သူ၏ မိသားစုဝင်များနှင့်ဆက်နွယ်သော ပြည်ပရှိ အမည်ခံကုမ္ပဏီများကို အသုံးချကာ ရှယ်ယာဈေး မတန်တဆ မြှင့်တင်နိုင်ရန် ကြိုးစားခဲ့ကြောင်း စွပ်စွဲထားသည်။

Hindenburg Research ၏ ဖော်ပြချက်အရ အဒါနီ၏ ကုမ္ပဏီများသည် အန္တရာယ်ရှိလောက်အောင် ကြွေးမြီ တင်ရှိနေကြောင်း၊ ရှယ်ယာဈေးနှုန်းများမှာ တန်ကြေးထက် ၈၀ ရာခိုင်နှုန်းကျော် များပြားနေကြောင်းနှင့် အဒါနီ၏ ရှယ်ယာဈေးများ ပြုတ်ကျသွားဖွယ်ရှိကြောင်း ရေးသားဖော်ပြထားသည်။

Adani Group ကမူ အဆိုပါ စွပ်စွဲချက်များကို ပယ်ချထားပြီး Hindenburg အပေါ် ဥပဒေကြောင်းအရ အရေးယူနိုင်ရန် သုံးသပ်နေကြောင်း ပြောသည်။

အဒါနီ ကော်ပိုရေးရှင်းမှ ဘဏ္ဍာရေးအရာရှိချုပ် (CFO) Jugeshinder Singh က ပြောသည်မှာ အဆိုပါ အစီရင်ခံစာသည် သတင်းမှားနှင့် အခြေအမြစ်မရှိမှုတို့ကို မလိုမုန်းတီးမှုဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သော သောကြာနေ့က Adani Enterprises ၏ ရှယ်ယာဈေးနှုန်း ၁၈ ရာခိုင်နှုန်းကျော် ကျဆင်းသွားပြီး အဒါနီ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်ဖြန့်ဖြူးမှုလုပ်ငန်းများ အပါအဝင် အခြားသော ကုမ္ပဏီခွဲများစွာ၏ ရှယ်ယာဈေးများ ၂၀ ရာခိုင်နှုန်း ပြုတ်ကျသွားခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း အဒါနီ၏ ကုမ္ပဏီ ၇ ခုမှာ ကန်ဒေါ်လာ ၅၀ ဘီလီယံခန့် ဆုံးရှုံးသွားခဲ့ရကြောင်း Bloomberg သတင်းတွင် ဖော်ပြသည်။

အဒါနီ၏ ကုမ္ပဏီများ အထိနာမှုမှာ အိန္ဒိယ၏ ပုဂ္ဂလိကပိုင်နှင့် အများပိုင်ဘဏ်များကိုလည်း ရိုက်ခတ်ခဲ့သည်။

အဆိုပါ ဘဏ်များသည် ကုမ္ပဏီများ၏ ကြွေးမြီ ၄၀ ရာခိုင်နှုန်းခန့် ထုတ်ပေးထားကြရကြောင်း ဟောင်ကောင်အခြေစိုက် ရင်းနှီးမြှုပ်နှံမှု ဘဏ်တစ်ခုဖြစ်သော CSLA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆန်းစစ်လေ့လာသူတို့က ပြောသည်မှာမူ အိန္ဒိယဘဏ်များသည် အဒါနီ၏ ကြွေးမြီများ ကိုင်တွယ်ထားရသည့် အန္တရာယ်ကို ကြံ့ကြံ့ခံရပ်တည်ရန် တောင့်တင်းကြောင်း သုံးသပ်သည်။

သို့တိုင်အောင် အိန္ဒိယဘဏ္ဍာရေးနယ်ပယ်မှ စတော့ရှယ်ယာများ၏ ဈေးနှုန်းမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

Hindenburg ၏ အစီရင်ခံစာကြောင့် စတော့ဈေးကွက်ပြိုလဲမှုမှာ အိန္ဒိယမှ စီးပွားရေးအဓိပတိကြီး၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။

အဒါနီသည် ကိုယ်ထူးကိုယ်ချွန် ဘီလျံနာတစ်ဦးဖြစ်ပြီး မထင်မရှားအညတရ တစ်ဦးဘဝမှ အိန္ဒိယသို့ အရာရာတင်သွင်းပေးသည့် ထိပ်တန်းသူဌေးကြီး ဖြစ်လာခဲ့သည်။

ကျောက်မီးသွေးစွမ်းအင် ၊ သင်္ဘောဝန်ဆောင်မှုများ ၊ အသင့်ထုတ်ပိုးပြီး အစားအစာများ ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ဒစ်ဂျစ်တယ်မီဒီယာတို့ အပါအဝင် ဖြစ်သည်။

အဒါနီ၏ ကြွယ်ဝမှုသည် ဆတိုးနှုန်းဖြင့် တဟုန်တိုးမြင့်တက်ကြွယ်ဝလာခဲ့ခြင်း ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၉ ဘီလီယံသာ ကြွယ်ဝခဲ့ရာမှ ၂၀၂၂ ဒီဇင်ဘာတွင် ကန်ဒေါ်လာ ၁၂၇ ဘီလီယံအထိ ရောက်ရှိလာခဲ့ကာ ကမ္ဘာပေါ်တွင် ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာထိ ရောက်ရှိလာခဲ့သည်။

သို့သော် Hindenburg ၏ အစီရင်ခံစာကြောင့် အဒါနီ၏ ကြွယ်ဝမှုမှာ တတိယနေရာသို့ ကျဆင်းသွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Billionaire Adani's Empire Loses $51 Billion in 48 Hours (washingtonpost, thestreet, yahoo)

  [Zawgyi]

အာရွတိုက္၏ အခ်မ္းသာဆံုး အိႏိၵယသူေဌးၾကီး ေဂါသမ္း အဒါနီ အေမရိကန္မွအစီရင္ခံစာတစ္ခုေၾကာင့္ ၄၈ နာရီအတြင္း ၅၁ ဘီလီယံ ပိုင္ဆိုင္မႈက်ဆင္းသြားကာ အိႏိၵယ၏ စီးပြားေရးလႈပ္ခါသြား

ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္မ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ေသာ ေဂါသမ္း အဒါနီ ပိုင္ဆိုင္သည့္ Adani Group (အိႏိၵယစြမ္းအင္ႏွင့္ အေျခခံအေဆာက္အအံုေကာ္ပိုေရးရွင္းၾကီး) ၏ ရွယ္ယာမ်ားသည္ အေမရိကန္မွ သုေတသနအဖြဲ႔တစ္ခု ထုတ္ျပန္လိုက္ေသာ အစီရင္ခံစာတစ္ရပ္ေၾကာင့္ ရွယ္ယာေစ်း ထုိးက်သြားကာ ကမၻာ့ပဥၥမေျမာက္ စီးပြားေရးအင္အားအၾကီးဆံုး အိႏိၵယ၏ စီးပြားေရးလုပ္ငန္းမ်ား လႈပ္ခါသြားသည္။

အိႏိၵယတြင္ အဒါနီကုမၸဏီခြဲမ်ားစြာ၏ ရွယ္ယာအေရာင္းအဝယ္မ်ား ရပ္ဆုိင္းသြားခဲ့သည္။ အစီရင္ခံစာ ထုတ္ျပန္ခဲ့သည့္ အေမရိကန္ သုေတသနအဖြဲ႔ျဖစ္ေသာ Hindenburg Research သည္ နယူးေယာက္ျမိဳ႕တြင္ အေျခစိုက္သည္။

ထိုအဖြဲ႔၏ ရွည္လ်ားလွေသာ အစီရင္ခံစာတြင္ စြပ္စြဲေဖာ္ျပထားသည္မွာ အဒါနီ၏ ကုမၸဏီသည္ ဆယ္စုႏွစ္ မ်ားစြာ ကာလအတြင္း သူ၏ မိသားစုဝင္မ်ားႏွင့္ဆက္ႏြယ္ေသာ ျပည္ပရွိ အမည္ခံကုမၸဏီမ်ားကို အသံုးခ်ကာ ရွယ္ယာေစ်း မတန္တဆ ျမွင့္တင္ႏိုင္ရန္ ၾကိဳးစားခဲ့ေၾကာင္း စြပ္စြဲထားသည္။

Hindenburg Research ၏ ေဖာ္ျပခ်က္အရ အဒါနီ၏ ကုမၸဏီမ်ားသည္ အႏၱရာယ္ရွိေလာက္ေအာင္ ေၾကြးျမီ တင္ရွိေနေၾကာင္း၊ ရွယ္ယာေစ်းႏႈန္းမ်ားမွာ တန္ေၾကးထက္ ၈၀ ရာခုိင္ႏႈန္းေက်ာ္ မ်ားျပားေနေၾကာင္းႏွင့္ အဒါနီ၏ ရွယ္ယာေစ်းမ်ား ျပဳတ္က်သြားဖြယ္ရွိေၾကာင္း ေရးသားေဖာ္ျပထားသည္။

Adani Group ကမူ အဆုိပါ စြပ္စြဲခ်က္မ်ားကို ပယ္ခ်ထားျပီး Hindenburg အေပၚ ဥပေဒေၾကာင္းအရ အေရးယူႏုိင္ရန္ သံုးသပ္ေနေၾကာင္း ေျပာသည္။

အဒါနီ ေကာ္ပိုေရးရွင္းမွ ဘ႑ာေရးအရာရွိခ်ဳပ္ (CFO) Jugeshinder Singh က ေျပာသည္မွာ အဆိုပါ အစီရင္ခံစာသည္ သတင္းမွားႏွင့္ အေျခအျမစ္မရွိမႈတို႔ကို မလိုမုန္းတီးမႈျဖင့္ ေပါင္းစပ္ထားျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ျပီးခ့ဲေသာ ေသာၾကာေန႔က Adani Enterprises ၏ ရွယ္ယာေစ်းႏႈန္း ၁၈ ရာခုိင္ႏႈန္းေက်ာ္ က်ဆင္းသြားျပီး အဒါနီ၏ ျပန္လည္ျပည့္ျဖိဳးျမဲစြမ္းအင္ႏွင့္ လွ်ပ္စစ္ျဖန္႔ျဖဴးမႈလုပ္ငန္းမ်ား အပါအဝင္ အျခားေသာ ကုမၸဏီခြဲမ်ားစြာ၏ ရွယ္ယာေစ်းမ်ား ၂၀ ရာခုိင္ႏႈန္း ျပဳတ္က်သြားခဲ့သည္။

ယခုရက္သတၱပတ္အတြင္း အဒါနီ၏ ကုမၸဏီ ၇ ခုမွာ ကန္ေဒၚလာ ၅၀ ဘီလီယံခန္႔ ဆံုးရံႈးသြားခဲ့ရေၾကာင္း Bloomberg သတင္းတြင္ ေဖာ္ျပသည္။

အဒါနီ၏ ကုမၸဏီမ်ား အထိနာမႈမွာ အိႏိၵယ၏ ပုဂၢလိကပိုင္ႏွင့္ အမ်ားပိုင္ဘဏ္မ်ားကိုလည္း ရုိက္ခတ္ခဲ့သည္။

အဆိုပါ ဘဏ္မ်ားသည္ ကုမၸဏီမ်ား၏ ေၾကြးျမီ ၄၀ ရာခုိင္ႏႈန္းခန္႔ ထုတ္ေပးထားၾကရေၾကာင္း ေဟာင္ေကာင္အေျခစိုက္ ရင္းႏွီးျမွဳပ္ႏွံမႈ ဘဏ္တစ္ခုျဖစ္ေသာ CSLA ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ဆန္းစစ္ေလ့လာသူတို႔က ေျပာသည္မွာမူ အိႏိၵယဘဏ္မ်ားသည္ အဒါနီ၏ ေၾကြးျမီမ်ား ကိုင္တြယ္ထားရသည့္ အႏၱရာယ္ကို ၾကံ႕ၾကံ႕ခံရပ္တည္ရန္ ေတာင့္တင္းေၾကာင္း သံုးသပ္သည္။

သို႔တုိင္ေအာင္ အိႏိၵယဘ႑ာေရးနယ္ပယ္မွ စေတာ့ရွယ္ယာမ်ား၏ ေစ်းႏႈန္းမွာ ၂ ဒသမ ၅ ရာခုိင္ႏႈန္း က်ဆင္းသြားခဲ့သည္။

Hindenburg ၏ အစီရင္ခံစာေၾကာင့္ စေတာ့ေစ်းကြက္ျပိဳလဲမႈမွာ အိႏိၵယမွ စီးပြားေရးအဓိပတိၾကီး၏ ပံုရိပ္ကို ထိခိုက္ေစခဲ့သည္။

အဒါနီသည္ ကိုယ္ထူးကိုယ္ခၽြန္ ဘီလ်ံနာတစ္ဦးျဖစ္ျပီး မထင္မရွားအညတရ တစ္ဦးဘဝမွ အိႏိၵယသို႔ အရာရာတင္သြင္းေပးသည့္ ထိပ္တန္းသူေဌးၾကီး ျဖစ္လာခဲ့သည္။

ေက်ာက္မီးေသြးစြမ္းအင္ ၊ သေဘၤာဝန္ေဆာင္မႈမ်ား ၊ အသင့္ထုတ္ပိုးျပီး အစားအစာမ်ား ၊ ျပန္လည္ျပည့္ျဖိဳးျမဲ စြမ္းအင္ႏွင့္ ဒစ္ဂ်စ္တယ္မီဒီယာတို႔ အပါအဝင္ ျဖစ္သည္။

အဒါနီ၏ ၾကြယ္ဝမႈသည္ ဆတိုးႏႈန္းျဖင့္ တဟုန္တိုးျမင့္တက္ၾကြယ္ဝလာခဲ့ျခင္း ျဖစ္ျပီး ၂၀၂၀ ျပည့္ႏွစ္တြင္ ကန္ေဒၚလာ ၉ ဘီလီယံသာ ၾကြယ္ဝခဲ့ရာမွ ၂၀၂၂ ဒီဇင္ဘာတြင္ ကန္ေဒၚလာ ၁၂၇ ဘီလီယံအထိ ေရာက္ရွိလာခဲ့ကာ ကမၻာေပၚတြင္ ဒုတိယေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္ေနရာထိ ေရာက္ရွိလာခဲ့သည္။

သို႔ေသာ္ Hindenburg ၏ အစီရင္ခံစာေၾကာင့္ အဒါနီ၏ ၾကြယ္ဝမႈမွာ တတိယေနရာသို႔ က်ဆင္းသြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Billionaire Adani's Empire Loses $51 Billion in 48 Hours (washingtonpost, thestreet, yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
kalaw-garden-valley
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service