ယောက်ျားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ..... - Property Knowledge in Myanmar from iMyanmarHouse.com
1555 Views

ယောက်ျားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ.....

Knowledge | Posted by Shwe Zin Win

[Unicode]

ယောက်ျားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ ……. လူသားတွေမှာ ရုပ်ခန္ဓာသဘောအရ ကျားနဲ့ မ ဆိုပြီး လိင်အမျိုးအစား နှစ်မျိုးရှိပါတယ်။ အာဒံနဲ့ ဧဝကစတယ်ပဲပြောပြော ဗြဟ္မာကြီး ၄ ဦးက ဖန်တီးတယ်ပဲဆိုဆို မျောက်တွေကပဲ ဆင်းသက်လာ ဆင်းသက်လာ၊ လူတွေမှာ လိင်အမျိုးအစား ၂ မျိုး ကွဲပြားနေတာတော့ အမှန်ပါ။

ဒီလို ကွဲပြားနေတဲ့အလျှောက် မသိမသာအားဖြင့်တော့ သိသိသာသာပါ မတူညီတဲ့ လိင်အုပ်စု အချင်းချင်း ပြိုင်ဆိုင်မှုတွေ တလွဲမာနလေးတွေ ရှိလာပါတယ်။ သမိုင်း တစ်လျှောက်လုံးပါပဲ။

သမိုင်းတစ်လျှောက် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အမျိုးသမီးတွေက ဦးဆောင်ခဲ့တဲ့ ခေတ်တွေ ရှိခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေက ရှေ့တန်းကိုရောက်လာခဲ့ပါတယ်။ ခုခေတ်ကတော့ လိင်တန်းတူညီမျှရေးလို့ အော်နေကြတဲ့ခေတ်ဆိုပေမယ့် အမျိုးသားတွေ ကြီးစိုးနေဆဲကာလထဲမှာပါနေပါတယ်။

ခေတ်တွေ ဘယ်လောက်ကြာကြာ ဘယ်သူတွေက ဘယ်အချိန်တွေမှာ ဦးဆောင်ခဲ့ဦးဆောင်ခဲ့ အမြဲတမ်း လူတွေ သိချင်နေတဲ့ မေးခွန်းတစ်ခုရှိနေခဲ့ပါတယ်။ ဒါကတော့ ရုပ်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုမဟုတ်ပါဘူး။ ဉာဏစွမ်းရည်ပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုပါ။

ယောက်ျားနဲ့ မိန်းမ ဘယ်သူက ဉာဏ်ပိုကောင်းသလဲ

မေးခွန်းလေးကတော့ ရိုးရှင်းပါတယ်။ “အမျိုးသားနဲ့ အမျိုးသမီး ဘယ်သူက ဉာဏ်ရည်ပိုသာလဲ” ဆိုတာပါပဲ။ အမျိုးသားတွေ ကြီးစိုးတဲ့ခေတ်မို့လားတော့ မသိပါဘူး။ လူတွေပြောနေကျ စကားတွေကတော့ ယောက်ျားလေးတွေက မိန်းကလေးထက်ပိုပြီးတော့ ဉာဏ်ရည်ပိုထက်ပါတယ်တဲ့။ ဒါဟာ အမှန်တကယ်ပဲလား။ လေ့လာကြည့်ရအောင်။

ယောက်ျားတွေ ဉာဏ် ပိုကောင်းသလား

ခေတ်ဟောင်း လေ့လာမှုတွေမှာတော့ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ဉာဏ်ပိုကောင်းတယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းကတော့ ယောက်ျားလေးတွေရဲ့ ဦးနှောက်က မိန်းကလေးတွေရဲ့ ဦးနှောက်ထက် ထုထည်အားဖြင့် ၈% ကနေ ၁၃%အထိ ပိုကြီးနေတတ်တာကြောင့်ပါ။

ဒါပေမယ့် ဦးနှောက်ရဲ့ အရွယ်အစားဆိုတာက ခန္ဓာကိုယ်အရွယ်အစားနဲ့ အချိုးကျတာဆိုတော့ ဒီအချက်က သေချာပေါက် မှန်ကန်တယ်လို့ တစ်ထစ်ချကြီးပြောလို့တော့မရပါဘူး။ ဘာလို့လဲဆိုတော့ ဝေလငါး၊ လင်းပိုင် နဲ့ ဆင်တို့ရဲ့ ဦးနှောက်တွေက လူသားတွေထက် အများကြီး ပိုကြီးပါတယ်။ ဒါပေမယ့် သူတို့ရဲ့ သိမြင်တတ်ကျွမ်းမှုစွမ်းရည် (Cognitive Ability) ကတော့ ကျွန်တော်တို့ လူသားတွေထက် အများကြီးပိုနည်းတယ်လေ။

မိန်းကလေးတွေက ပိုဉာဏ်ကောင်းသလား

မိန်းမတွေရဲ့ ဦးနှောက်ဟာ အနည်းငယ် ပိုဆန်းကျယ်ပါတယ်။ တစ်ပြိုင်နက်တည်း သုံး၊ လေးမျိုးလုပ်နိုင်ကြောင်းကို သိပ္ပံနည်းကျလေ့လာမှုတွေမှာ တွေ့ရှိထားပါတယ်။ စမတ်ဖုန်းတွေမှာ Multi-tasking နည်းပညာမပေါ်ခင်ကတည်းက မိန်းကလေးတွေရဲ့ ဦးနှောက်ထဲမှာ Multi-tasking နည်းပညာရှိနေတဲ့ သဘောပါ။

အကြောင်းကတော့ မိန်းကလေးတွေရဲ့ ဦးနှောက်အပြင်လွှာ (Cortical Surface) က ယောက်ျားလေးတွေထက် ပိုထူလို့ပါ။ ဦးနှောက်မှာက ဘယ်ခြမ်းနဲ့ညာခြမ်းဆိုပြီးတော့ ခွဲထားလိုက်ရင် ယောက်ျားလေးတွေက တစ်ခြမ်းထဲမှာပဲ ချိတ်ဆက်လုပ်ကိုင်မှုအများအပြားလုပ်ဆောင်နိုင်ပေမယ့် မိန်းကလေးတွေရဲ့ ဦးနှောက်ကတော့ ဘယ်၊ ညာချိတ်ဆက်လုပ်ကိုင်နိုင်ပါတယ်။

အဖြေရှိရဲ့လား

ယောက်ျားနဲ့ မိန်းမဟာ ပုံမှန်ဉာဏ်ရည်ဉာဏ်သွေး (General Intelligence) မှာ ကွာခြားမှုမရှိပေမယ့် မိန်းကလေးတွေက အပြော၊ အရေး (Verbal Ability) စွမ်းရည်မှာ ပိုသာပြီးတော့ အမြင်နဲ့ပုံဖော်မှုစွမ်းရည် (Visual Spatial Ability) မှာလည်း ပိုမိုကောင်းမွန်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုက ယောက်ျားလေးတွေဟာ ဉာဏ်စမ်းလို ပုစ္ဆာတွေဖြေဆိုတဲ့နေရာမျိုးတွေမှာ ရလဒ်တွေ မတည်ငြိမ်တတ်ပဲ၊ ကောင်းရင် အရမ်းကောင်း မကောင်းရင်လည်း ဆိုးဆိုးဝါးဝါးတွေဖြစ်နေတတ်ပါတယ်။

ကျောင်းစာသင်ယူမှုဖက်ကို လေ့လာမယ်ဆိုရင်လည်း မိန်းကလေးတွေက ဘာသာစကား၊ သင်္ချာနဲ့ သိပ္ပံတွေမှာ ယောက်ျားလေးတွေထက် ရမှတ် ၇၀% လောက်အထိ ပိုများတတ်တာကို တွေ့ရပါတယ်။ ခြွင်းချက်အနေနဲ့ အမေရိကန်နိုင်ငံက SAT Test လို စာမေးပွဲမျိုးတွေမှာတော့ ယောက်ျားလေးတွေက မိန်းကလေးတွေထက် ပျမ်းမျှအားဖြင့် အမှတ်ပိုများတတ်ပါတယ်။

တစ်ကမ္ဘာလုံးက ကျောင်းသားတွေကို ခြုံပြီးကြည့်မယ်ဆိုရင်လည်း ယောက်ျားနဲ့ မိန်းမကြားမှာ မှတ်ဉာဏ်ကွာဟချက် သိသိသာသာ ကွာဟမှုမရှိပါဘူး။ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှုနဲ့ ပညာသင်ကြားရေးစနစ်တွေကြောင့် မိန်းကလေးတွေက ပိုတော်နေတဲ့ အိုက်စလန် (Iceland) လိုနိုင်ငံမျိုးကတော့ ခြွင်းချက်ပါ။

ခြုံပြီးပြောရရင် ယောက်ျားတွေက မိန်းမတွေကို ပိုတော်တယ်၊ ဉာဏ်ပိုကောင်းတယ်လို့ပြောနေကြပေမယ့် တကယ်တော့ သိသိသာသာကွာခြားမှုမရှိပါဘူး။ ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကြောင့်သာ မိန်းကလေးတွေက သူတို့ဟာ ယောက်ျားလေးတွေလောက် မတော်ဘူးလို့ထင်သွားတာပါ။ ဒါကို စိတ်ပညာအရ Stereotype Threat လို့ခေါ်ပါတယ်။ ခေတ်ကလည်း ယောင်္ကျားတွေ ကြီးစိုးတဲ့ ကာလကိုး။

လက်ရှိ သမိုင်းကြောင်းတစ်လျှောက် သိပ္ပံနဲ့ နည်းပညာ၊ စာပေနဲ့ ဂီတ၊ နိုင်ငံရေးအကုန်လုံးလိုလိုမှာ ယောက်ျားတွေ ဦးဆောင်နေကြပါတယ်။ ဒါတွေဟာ မိန်းကလေးတွေကို အခွင့်အရေးမပေးခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ဉာဏ်ရည်ဆိုတာက ပတ်ဝန်းကျင်နဲ့ လေ့ကျင့်သင်ကြားမှုကြောင့်သာ ကွာခြားသွားတတ်ကြတာပါ။ ယောက်ျား၊ မိန်းမ လိင်ပေါ်မူတည်ပြီး ကွာခြားမှုမရှိပါဘူး။ ယောင်္ကျားဖြစ်လို့ မိန်းမဖြစ်လို့ ဉာဏ်ပိုကောင်းတယ်၊ ပိုညံ့တယ်ဆိုတာမျိုး မရှိတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

 

[Zawgyi]

ေယာက်္ားနဲ႔ မိန္းမ ဘယ္သူက ဉာဏ္ပိုေကာင္းသလဲ.....

 

ေယာက်္ားနဲ႔ မိန္းမ ဘယ္သူက ဉာဏ္ပိုေကာင္းသလဲ ……. လူသားေတြမွာ ႐ုပ္ခႏၶာသေဘာအရ က်ားနဲ႔ မ ဆိုၿပီး လိင္အမ်ိဳးအစား ႏွစ္မ်ိဳး႐ွိပါတယ္။ အာဒံနဲ႔ ဧဝကစတယ္ပဲေျပာေျပာ ျဗဟၼာႀကီး ၄ ဦးက ဖန္တီးတယ္ပဲဆိုဆို ေမ်ာက္ေတြကပဲ ဆင္းသက္လာ ဆင္းသက္လာ၊ လူေတြမွာ လိင္အမ်ိဳးအစား ၂ မ်ိဳး ကြဲျပားေနတာေတာ့ အမွန္ပါ။

ဒီလို ကြဲျပားေနတဲ့အေလွ်ာက္ မသိမသာအားျဖင့္ေတာ့ သိသိသာသာပါ မတူညီတဲ့ လိင္အုပ္စု အခ်င္းခ်င္း ၿပိဳင္ဆိုင္မႈေတြ တလြဲမာနေလးေတြ ႐ွိလာပါတယ္။ သမိုင္း တစ္ေလွ်ာက္လုံးပါပဲ။

သမိုင္းတစ္ေလွ်ာက္ လူ႕အဖြဲ႕အစည္းတစ္ခုလုံးကို အမ်ိဳးသမီးေတြက ဦးေဆာင္ခဲ့တဲ့ ေခတ္ေတြ ႐ွိခဲ့ဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသားေတြက ေ႐ွ႕တန္းကိုေရာက္လာခဲ့ပါတယ္။ ခုေခတ္ကေတာ့ လိင္တန္းတူညီမွ်ေရးလို႔ ေအာ္ေနၾကတဲ့ေခတ္ဆိုေပမယ့္ အမ်ိဳးသားေတြ ႀကီးစိုးေနဆဲကာလထဲမွာပါေနပါတယ္။

ေခတ္ေတြ ဘယ္ေလာက္ၾကာၾကာ ဘယ္သူေတြက ဘယ္အခ်ိန္ေတြမွာ ဦးေဆာင္ခဲ့ဦးေဆာင္ခဲ့ အၿမဲတမ္း လူေတြ သိခ်င္ေနတဲ့ ေမးခြန္းတစ္ခု႐ွိေနခဲ့ပါတယ္။ ဒါကေတာ့ ႐ုပ္ပိုင္းဆိုင္ရာ ယွဥ္ၿပိဳင္မႈမဟုတ္ပါဘူး။ ဉာဏစြမ္းရည္ပိုင္းဆိုင္ရာ ယွဥ္ၿပိဳင္မႈပါ။

ေယာက်္ားနဲ႔ မိန္းမ ဘယ္သူက ဉာဏ္ပိုေကာင္းသလဲ

ေမးခြန္းေလးကေတာ့ ႐ိုး႐ွင္းပါတယ္။ “အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ဘယ္သူက ဉာဏ္ရည္ပိုသာလဲ” ဆိုတာပါပဲ။ အမ်ိဳးသားေတြ ႀကီးစိုးတဲ့ေခတ္မို႔လားေတာ့ မသိပါဘူး။ လူေတြေျပာေနက် စကားေတြကေတာ့ ေယာက်္ားေလးေတြက မိန္းကေလးထက္ပိုၿပီးေတာ့ ဉာဏ္ရည္ပိုထက္ပါတယ္တဲ့။ ဒါဟာ အမွန္တကယ္ပဲလား။ ေလ့လာၾကည့္ရေအာင္။

ေယာက်္ားေတြ ဉာဏ္ ပိုေကာင္းသလား

ေခတ္ေဟာင္း ေလ့လာမႈေတြမွာေတာ့ ေယာက်္ားေလးေတြက မိန္းကေလးေတြထက္ ဉာဏ္ပိုေကာင္းတယ္လို႔ ဆိုပါတယ္။ အေၾကာင္းအရင္းကေတာ့ ေယာက်္ားေလးေတြရဲ႕ ဦးေႏွာက္က မိန္းကေလးေတြရဲ႕ ဦးေႏွာက္ထက္ ထုထည္အားျဖင့္ ၈% ကေန ၁၃%အထိ ပိုႀကီးေနတတ္တာေၾကာင့္ပါ။

ဒါေပမယ့္ ဦးေႏွာက္ရဲ႕ အ႐ြယ္အစားဆိုတာက ခႏၶာကိုယ္အ႐ြယ္အစားနဲ႔ အခ်ိဳးက်တာဆိုေတာ့ ဒီအခ်က္က ေသခ်ာေပါက္ မွန္ကန္တယ္လို႔ တစ္ထစ္ခ်ႀကီးေျပာလို႔ေတာ့မရပါဘူး။ ဘာလို႔လဲဆိုေတာ့ ေဝလငါး၊ လင္းပိုင္ နဲ႔ ဆင္တို႔ရဲ႕ ဦးေႏွာက္ေတြက လူသားေတြထက္ အမ်ားႀကီး ပိုႀကီးပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ သိျမင္တတ္ကြၽမ္းမႈစြမ္းရည္ (Cognitive Ability) ကေတာ့ ကြၽန္ေတာ္တို႔ လူသားေတြထက္ အမ်ားႀကီးပိုနည္းတယ္ေလ။

မိန္းကေလးေတြက ပိုဉာဏ္ေကာင္းသလား

မိန္းမေတြရဲ႕ ဦးေႏွာက္ဟာ အနည္းငယ္ ပိုဆန္းက်ယ္ပါတယ္။ တစ္ၿပိဳင္နက္တည္း သုံး၊ ေလးမ်ိဳးလုပ္ႏိုင္ေၾကာင္းကို သိပၸံနည္းက်ေလ့လာမႈေတြမွာ ေတြ႕႐ွိထားပါတယ္။ စမတ္ဖုန္းေတြမွာ Multi-tasking နည္းပညာမေပၚခင္ကတည္းက မိန္းကေလးေတြရဲ႕ ဦးေႏွာက္ထဲမွာ Multi-tasking နည္းပညာ႐ွိေနတဲ့ သေဘာပါ။

အေၾကာင္းကေတာ့ မိန္းကေလးေတြရဲ႕ ဦးေႏွာက္အျပင္လႊာ (Cortical Surface) က ေယာက်္ားေလးေတြထက္ ပိုထူလို႔ပါ။ ဦးေႏွာက္မွာက ဘယ္ျခမ္းနဲ႔ညာျခမ္းဆိုၿပီးေတာ့ ခြဲထားလိုက္ရင္ ေယာက်္ားေလးေတြက တစ္ျခမ္းထဲမွာပဲ ခ်ိတ္ဆက္လုပ္ကိုင္မႈအမ်ားအျပားလုပ္ေဆာင္ႏိုင္ေပမယ့္ မိန္းကေလးေတြရဲ႕ ဦးေႏွာက္ကေတာ့ ဘယ္၊ ညာခ်ိတ္ဆက္လုပ္ကိုင္ႏိုင္ပါတယ္။

အေျဖ႐ွိရဲ႕လား

ေယာက်္ားနဲ႔ မိန္းမဟာ ပုံမွန္ဉာဏ္ရည္ဉာဏ္ေသြး (General Intelligence) မွာ ကြာျခားမႈမ႐ွိေပမယ့္ မိန္းကေလးေတြက အေျပာ၊ အေရး (Verbal Ability) စြမ္းရည္မွာ ပိုသာၿပီးေတာ့ အျမင္နဲ႔ပုံေဖာ္မႈစြမ္းရည္ (Visual Spatial Ability) မွာလည္း ပိုမိုေကာင္းမြန္ပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတဲ့အခ်က္တစ္ခုက ေယာက်္ားေလးေတြဟာ ဉာဏ္စမ္းလို ပုစၧာေတြေျဖဆိုတဲ့ေနရာမ်ိဳးေတြမွာ ရလဒ္ေတြ မတည္ၿငိမ္တတ္ပဲ၊ ေကာင္းရင္ အရမ္းေကာင္း မေကာင္းရင္လည္း ဆိုးဆိုးဝါးဝါးေတြျဖစ္ေနတတ္ပါတယ္။

ေက်ာင္းစာသင္ယူမႈဖက္ကို ေလ့လာမယ္ဆိုရင္လည္း မိန္းကေလးေတြက ဘာသာစကား၊ သခ်ၤာနဲ႔ သိပၸံေတြမွာ ေယာက်ာ္းေလးေတြထက္ ရမွတ္ ၇၀% ေလာက္အထိ ပိုမ်ားတတ္တာကို ေတြ႕ရပါတယ္။ ႁခြင္းခ်က္အေနနဲ႔ အေမရိကန္ႏိုင္ငံက SAT Test လို စာေမးပြဲမ်ိဳးေတြမွာေတာ့ ေယာက်ာ္းေလးေတြက မိန္းကေလးေတြထက္ ပ်မ္းမွ်အားျဖင့္ အမွတ္ပိုမ်ားတတ္ပါတယ္။

တစ္ကမ႓ာလုံးက ေက်ာင္းသားေတြကို ျခဳံၿပီးၾကည့္မယ္ဆိုရင္လည္း ေယာက်္ားနဲ႔ မိန္းမၾကားမွာ မွတ္ဉာဏ္ကြာဟခ်က္ သိသိသာသာ ကြာဟမႈမ႐ွိပါဘူး။ ပတ္ဝန္းက်င္၊ ယဥ္ေက်းမႈနဲ႔ ပညာသင္ၾကားေရးစနစ္ေတြေၾကာင့္ မိန္းကေလးေတြက ပိုေတာ္ေနတဲ့ အိုက္စလန္ (Iceland) လိုႏိုင္ငံမ်ိဳးကေတာ့ ႁခြင္းခ်က္ပါ။

ျခဳံၿပီးေျပာရရင္ ေယာက်ာ္းေတြက မိန္းမေတြကို ပိုေတာ္တယ္၊ ဉာဏ္ပိုေကာင္းတယ္လို႔ေျပာေနၾကေပမယ့္ တကယ္ေတာ့ သိသိသာသာကြာျခားမႈမ႐ွိပါဘူး။ ပတ္ဝန္းက်င္ရဲ႕ သက္ေရာက္မႈေၾကာင့္သာ မိန္းကေလးေတြက သူတို႔ဟာ ေယာက်္ားေလးေတြေလာက္ မေတာ္ဘူးလို႔ထင္သြားတာပါ။ ဒါကို စိတ္ပညာအရ Stereotype Threat လို႔ေခၚပါတယ္။ ေခတ္ကလည္း ေယာက်ၤားေတြ ႀကီးစိုးတဲ့ ကာလကိုး။

လက္႐ွိ သမိုင္းေၾကာင္းတစ္ေလွ်ာက္ သိပၸံနဲ႔ နည္းပညာ၊ စာေပနဲ႔ ဂီတ၊ ႏိုင္ငံေရးအကုန္လုံးလိုလိုမွာ ေယာက်္ားေတြ ဦးေဆာင္ေနၾကပါတယ္။ ဒါေတြဟာ မိန္းကေလးေတြကို အခြင့္အေရးမေပးခဲ့လို႔လည္း ျဖစ္ႏိုင္ပါတယ္။ တကယ္ေတာ့ဉာဏ္ရည္ဆိုတာက ပတ္ဝန္းက်င္နဲ႔ ေလ့က်င့္သင္ၾကားမႈေၾကာင့္သာ ကြာျခားသြားတတ္ၾကတာပါ။ ေယာက်္ား၊ မိန္းမ လိင္ေပၚမူတည္ၿပီး ကြာျခားမႈမ႐ွိပါဘူး။ ေယာက်ၤားျဖစ္လို႔ မိန္းမျဖစ္လို႔ ဉာဏ္ပိုေကာင္းတယ္၊ ပိုညံ့တယ္ဆိုတာမ်ိဳး မ႐ွိတာကို သိနားလည္ထားဖို႔ လိုအပ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service