ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အိမ်နဲ့ မြေဝယ်ယူခွင့်ပြုဖို့ ဝန်ကြီးများအဖွဲ့ သဘောတူ - Property News in Myanmar from iMyanmarHouse.com
1274 Views

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေကို အိမ်နဲ့ မြေဝယ်ယူခွင့်ပြုဖို့ ဝန်ကြီးများအဖွဲ့ သဘောတူ

[Unicode]

 

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးများအဖွဲ့က အောက်တိုဘာလ ၂၆ရက် ချမှတ်လိုက်တဲ့ အဓိက ဆုံးဖြတ်ချက်တစ်ရပ်အရ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံမှာ အိမ်နဲ့ မြေတွေ ဝယ်ယူခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

 

 

ထိုင်းနိုင်ငံမှာ အနည်းဆုံး ဘတ်သန်း ၄၀ ရင်းနှီးမြှုပ်နှံပြီး အဲ့ဒီရင်းနှီးမြှုပ်နှံမှုကို သုံးနှစ်ကျော်ကြာအောင် ထိန်းသိမ်းထားနိုင်တဲ့ ဘယ်နိုင်ငံခြားသားမဆို ထိုင်းနိုင်ငံမှာ အိမ်နဲ့ မြေဝယ်ယူခွင့်ရရှိမှာ ဖြစ်တယ်လို့ Bangkok Biz Newsကဖော်ပြပါတယ်။ဒါပေမယ့် မြေယာဥပဒေ ပုဒ်မ ၆၃အရ နိုင်ငံခြားသားတွေ ဝယ်ယူတဲ့ မြေဟာ ၁၆၀၀စတုရန်းမီတာ ထက်ပိုမများ ရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒီဥပဒေသစ်ကို မကြာခင် Royal Gazette သတင်းမှာ ဖော်ပြပြီးနောက် တစ်လအကြာမှာ စတင် အသက်ဝင်လာမှာ ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုပိုများလာစေဖို့ ဒီဥပဒေကို ပြည်ထဲရေးဝန်ကြီးဌာနက ယခုနှစ် စောစောပိုင်းက အဆိုပြုခဲ့တာဖြစ်ပါတယ်။

 

ထိုင်းအစိုးရ၊ ထိုင်းနိုင်ငံတော်ဘဏ်၊ နိုင်ငံပိုင် အဖွဲ့အစည်းတွေ ဒါမှမဟုတ် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ ငွေတိုက်စာချုပ်တွေ ဝယ်ယူတဲ့ နိုင်ငံခြားသားတွေ အိမ်နဲ့ မြေဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။အခြား ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့ လူချမ်းသာနိုင်ငံရေးသမားတွေလည်း အိမ်နဲ့ မြေဝယ်ယူနိုင်မှာ ဖြစ်ကြောင်း အဲ့ဒီသတင်းမှာ အသေးစိတ် ဖော်ပြထားပါတယ်။

အိမ်နဲ့ မြေဝယ်ယူမယ့် နိုင်ငံခြားသားတွေ အနေနဲ့ သူတို့ရဲ့ ရင်နှီးမြှုပ်နှံမှု အချက်အလက် အသေးစိတ်ကို တင်ပြပေးရမှာ ဖြစ်ပါတယ်။ဒါပေမယ့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေ အနေနဲ့ စစ်တပ်နေရာတွေမှာ မြေဝယ်ယူခွင့်မရှိဘူးလို့ သတ်မှတ်ထားပါတယ်။

 

ဝယ်ယူထားတဲ့ အိမ်နဲ့ မြေတွေကို ပုဂ္ဂိုလ် ရေးအရပဲ အသုံးပြုရမှာ ဖြစ်သလို အကောက်ခွန်ဥပဒေနဲ့ ဒေသခံတွေရဲ့ နေထိုင်မှု ဆိုင်ရာ သတ်မှတ်ချက်တွေကို မချိုးဖောက်ရဘူးလို့ လည်း သတ်မှတ်ထားပါတယ်။ဝယ်ယူဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ မြေယာညွှန်ကြားရေးမှူးရုံးကတစ်ဆင့် လျှောက်ထားရမှာ ဖြစ်ပြီး အဲဒီကတစ်ဆင့် ပြည်ထဲရေးက ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 Credit: myanmaplatform

 

 

 

 

[Zawgyi]

 

ထိုင္းႏိုင္ငံမွာ ႏိုင္ငံျခားသားေတြကို အိမ္နဲ႔ ေျမဝယ္ယူခြင့္ျပဳဖို႔ ဝန္ႀကီးမ်ားအဖြဲ႕ သေဘာတူ

 

ထိုင္းႏိုင္ငံရဲ႕ ဝန္ႀကီးမ်ားအဖြဲ႕က ေအာက္တိုဘာလ ၂၆ရက္ ခ်မွတ္လိုက္တဲ့ အဓိက ဆုံးျဖတ္ခ်က္တစ္ရပ္အရ ႏိုင္ငံျခားသားေတြကို ထိုင္းႏိုင္ငံမွာ အိမ္နဲ႔ ေျမေတြ ဝယ္ယူခြင့္ျပဳသြားမွာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ အနည္းဆုံး ဘတ္သန္း ၄၀ရင္းႏွီးျမႇဳပ္ႏွံၿပီး အဲ့ဒီရင္းႏွီးျမႇဳပ္ႏွံမႈကို သုံးႏွစ္ေက်ာ္ၾကာေအာင္ ထိန္းသိမ္းထားႏိုင္တဲ့ ဘယ္ႏိုင္ငံျခားသားမဆို ထိုင္းႏိုင္ငံမွာ အိမ္နဲ႔ ေျမဝယ္ယူခြင့္ရ႐ွိမွာ ျဖစ္တယ္လို႔ Bangkok Biz Newsကေဖာ္ျပပါတယ္။ဒါေပမယ့္ ေျမယာဥပေဒ ပုဒ္မ ၆၃အရ ႏိုင္ငံျခားသားေတြ ဝယ္ယူတဲ့ ေျမဟာ ၁၆၀၀စတုရန္းမီတာ ထက္ပိုမမ်ား ရဘူးလို႔ သတ္မွတ္ထားပါတယ္။

ဒီဥပေဒသစ္ကို မၾကာခင္ Royal Gazette သတင္းမွာ ေဖာ္ျပၿပီးေနာက္ တစ္လအၾကာမွာ စတင္ အသက္ဝင္လာမွာ ျဖစ္ပါတယ္။ထိုင္းႏိုင္ငံမွာ ႏိုင္ငံျခားသားေတြရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈပိုမ်ားလာေစဖို႔ ဒီဥပေဒကို ျပည္ထဲေရးဝန္ႀကီးဌာနက ယခုႏွစ္ ေစာေစာပိုင္းက အဆိုျပဳခဲ့တာျဖစ္ပါတယ္။

ထိုင္းအစိုးရ၊ ထိုင္းႏိုင္ငံေတာ္ဘဏ္၊ ႏိုင္ငံပိုင္ အဖြဲ႕အစည္းေတြ ဒါမွမဟုတ္ ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ထားတဲ့ ေငြတိုက္စာခ်ဳပ္ေတြ ဝယ္ယူတဲ့ ႏိုင္ငံျခားသားေတြ အိမ္နဲ႔ ေျမဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။အျခား ခိုင္မာတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ျပဳလုပ္တဲ့ လူခ်မ္းသာႏိုင္ငံေရးသမားေတြလည္း အိမ္နဲ႔ ေျမဝယ္ယူႏိုင္မွာ ျဖစ္ေၾကာင္း အဲ့ဒီသတင္းမွာ အေသးစိတ္ ေဖာ္ျပထားပါတယ္။

အိမ္နဲ႔ ေျမဝယ္ယူမယ့္ ႏိုင္ငံျခားသားေတြ အေနနဲ႔ သူတို႔ရဲ႕ ရင္ႏွီးျမႇဳပ္ႏွံမႈ အခ်က္အလက္ အေသးစိတ္ကို တင္ျပေပးရမွာ ျဖစ္ပါတယ္။ဒါေပမယ့္ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံသူေတြ အေနနဲ႔ စစ္တပ္ေနရာေတြမွာ ေျမဝယ္ယူခြင့္မ႐ွိဘူးလို႔ သတ္မွတ္ထားပါတယ္။

ဝယ္ယူထားတဲ့ အိမ္နဲ႔ ေျမေတြကို ပုဂၢိဳလ္ ေရးအရပဲ အသုံးျပဳရမွာ ျဖစ္သလို အေကာက္ခြန္ဥပေဒနဲ႔ ေဒသခံေတြရဲ႕ ေနထိုင္မႈ ဆိုင္ရာ သတ္မွတ္ခ်က္ေတြကို မခ်ိဳးေဖာက္ရဘူးလို႔ လည္း သတ္မွတ္ထားပါတယ္။ဝယ္ယူဖို႔ ေလွ်ာက္ထားတဲ့ ႏိုင္ငံျခားသားေတြ အေနနဲ႔ ေျမယာၫႊန္ၾကားေရးမႉး႐ုံးကတစ္ဆင့္ ေလွ်ာက္ထားရမွာ ျဖစ္ၿပီး အဲဒီကတစ္ဆင့္ ျပည္ထဲေရးက ခြင့္ျပဳေပးသြားမွာ ျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: myanmaplatform

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ

Upcoming Property Events

From 18 Oct To 19 Oct

INNO CITY

From 18 Oct To 19 Oct

Mingalar Market

From 18 Oct To 19 Oct

INNO CITY

MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service