Swimming Pool (ရေကူးကန်) အလုပ်လုပ် ပုံအကြောင်း တစေ့တစောင်း။

Swimming Pool (ရေကူးကန်) အလုပ်လုပ် ပုံအကြောင်း တစေ့တစောင်း။ - Property Knowledge in Myanmar from iMyanmarHouse.com
14 Oct 2022 2:19 pm တွင် တင်ခဲ့သည်
1675 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

Swimming pool ဆိုရင် ကျွန်တော်တို့ရေကူးမယ်လို့ ပဲသိထားကြတာပေါ့နော်။ ဒါပေမဲ့ဒီပိုစ့်လေးဖတ်ပြီးရင်တော့ ကျွန်တော်တို့ ရေကူးလေ့ရှိတဲ့ Swimming pool ရဲ့အလုပ်လုပ်ဆောင်ပုံ /Pump Room နှင့် filtration system လုပ်ဆောင်ချက်များကို အကြမ်းဖျင်းသိရှိနားလည်လာ မယ်ဖြစ်ပါတယ်။ M&E အင်/ယာ တွေဆိုတော့ပိုနားလည်သင့်တာပေါ့။

Balancing Tank & Overflow Drain

ရေကူးကန်တိုင်းမှာရေတွေဟာ အမြဲ ပြည့်လျှံနေတာကိုသတိထားမိကြမယ်ထင်ပါတယ်။ အဲဒီတော့ကျွန်တော်တို့ ရေသွားကူးလို့ ရေကူးကန်ထဲ ခုန်ချလိုက်တော့ ကျွန်တော်တို့ရဲ့ကိုယ်အလေးချိန်ထုထည်နဲ့ညီမျှတဲ့ ရေတွေကို ရေကူးကန်ထဲကဖယ်ထုတ်ခြင်းခံလိုက်ရမှာပါမှာပါ။ အဲဖယ်ရှားခြင်းခံရတဲ့ရေတွေက လျှံတက်လာကာ ရေကူးကန်ရဲ့ ဘေးပတ်ပတ်လည်မှာရှိတဲ့ Overflow Drain ( Refer to no. 1 from Schematic Diagram)မှစီးဆင်းသွားကာ Balancing Tank (Refer to no.2 from Schematic Diagram ) ထဲရောက်ရှိသွားမှာပါ။ ပုံမှန်အားဖြင့် balancing tank တွေက ရေကူးကန်ရဲ့ အောက်တည့်တည့်မှာရှိတတ်ပါတယ်။ Balancing tank ဆိုတဲ့အတိုင်း လူတွေရေကူးကန်ထဲဆင်းတဲ့အချိန်ဖယ်ထုတ်လိုက် balance water ကို သိုလှောင်ပေးတဲ့အလုပ်လုပ်ပါတယ်။ စာဖတ်ရင်းပုံနဲ့တွဲကြည့်ရင် ပိုပြီးနားလည်သဘောပေါက်ပါလိမ့်မယ်။

Circulation Pump (1a)

အဲဒီ balancing tank ကရေတွေကို Circulation pump (1a) ကနေတဆင့်တွန်းတင်ပြီးတော့ ရေကူးကန်ရဲ့အောက်ခြေကြမ်းပြင် သို့ ရေကူးကန်ရဲ့ ဘေးအောက်ခြေ မှာရှိနေတဲ့ Floor Inlet ကနေတဆင့် ရေကူးကန်ကို ပြန်လည်ဖြည့်တင်းပေးပါတယ်။

Sand Filter (2a)

Circulation pumps (1a) ကနေ Swimming pool သို့ရေပြန်၍မတွန်းတင် မီမှာ Sand Filter နဲ့ ရေကိုပြန်စစ်ရပါမယ်။ ဘာလို့လဲဆိုတော့ အဲ့ balancing tank ထဲကရေတွေထဲမှာ လူတွေကနေတဆင့်ပါလာတဲ့ သဲတွေ၊ ဆံပင်တွေ၊ အမှုန်အမွှားတွေ၊ အဝတ်ထည်တွေကထွက်လာတဲ့ ချည်မျှင်တွေ အစရှိတဲ့ ဟာတွေကို Sand filter ကနေ တဆင့် စစ်ထုတ်ပေးပါတယ်။ အဲဒီတော့ အမှုန်မွှားကင်းစင်နေတဲ့ရေကိုပြန်ရပြီပေါ့။ Chemical Dosing System

အဲ့ဒီရေတွေက အမှိုက်နဲ့ အမှုန်မွှားကင်းစင်နေပေမဲ့ ရောဂါပိုးမွှားတွေရှိနေနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ရေကူကန်ဆိုတာက အများပြည်သူတွေလာရောက်အသုံးပြုကြလို့ပါပဲ။ လာရောက်အသုံးပြုသူတွေရဲ့ ကိုယ်ခန္ဓာကထွက်တဲ့ မျက်ရည်၊ နှပ်၊ တံတွေး၊ ဆီး အစရှိသဖြင့် အညစ်ကြေးများ၊ ဘက်တီးရီးယားများကတော့ အဲဒီရေမှာပျော်ဝင်နေတာပေါ့။ ဖော်ပြပါ အညစ်ကြေးများကြောင့်ဖြစ်ပေါ်လာတဲ့ ဘက်တီးရီးယားပိုးမွှားများသေအောင်၊ ရေကိုပြန်ပြီး ကြည်လင်လာအောင်၊ ရေညှိ ရေမှော်ပင်များ ဖြစ်မလာအောင် Chemical Dosing Pump မှတဆင့် ကလိုရင်းပါဝင်သော Chemical compound ကို ၎င်းရေသို့ အစက်ချ ထည့်သွင်းရောနှောပေးရပါတယ်။

ဒီလိုသန့်စင်ပြီးတဲ့ရေတွေကိုမှသာ Circulation Pump မှ တဆင့် pool သို့ပြန်တွန်းတင်ပါတယ်။

FRP backwash holding Tank

စောစောကပြောထားတဲ့အတိုင်း sand filter ကအညစ်ကြေးတွေကို စစ်ပေးရတဲ့အတွက် ကြာလာရင် ညစ်ပတ်လာတာပေါ့။ အဲဒီတော့ sand filter တွေကို ပြန်ပြီးဆေးကြောသန့်စင်ပေးရပါတယ်။ ဒီဆေးကြောလို့ထွက်လာတဲ့ ညစ်ညမ်းနေတဲ့ရေကို FRP backwash holding tank မှာ ခဏစွန့်ထုတ်ပြီးထားမှာပါ။ ပြီးရင်တော့ ဒီရေဆိုးတွေကို Floor Trap မှတဆင့် IC သို့ပို့ဆောင်စွန့်ပစ်မှာပါ။

Main Drain

Swimming pool ကို ဆေးကြောချင်လို့ဖြစ်ဖြစ်၊ maintenance လုပ်ချင်လို့ဖြစ်ဖြစ် ရေကန်ရဲ့ရေတွေကို ဖောက်ထုတ်ဖို့လိုအပ်တဲ့အခါ Swimming pool ရဲ့ အောက်ခြေမှာရှိတဲ့ main drain ကနေတဆင့် Circulation Pump နဲ့စုတ်ယူပြီး External Drain သို့စွန့်ထုတ်မှာပါ။

Spa Jet Pump or Jacuzzi Pump

တချို့ Spa Jet ပါဝင်တဲ့ Swimming Pool မှာတော့ pool ထဲကရေကို Spa Jet Pump မှတိုက်ရိုက်စုတ်ယူပြီး Spa Jet Nozzles မှတဆင့် ရေတွေကို ရေကန်ထဲရှိ sitting area တွင် မှုတ်ထုတ်ပေးနေမှာပါ။ Spa Jet nozzle ကထွက်ရှိလာတဲ့ရေက pressure အနည်းငယ်ရှိပြီး ပူစီပေါင်းလေးတွေထွက်နေမှာပါ။ အဲဒီနေရာမှာထိုင်ပြီး ရေနဲ့အနှိပ်ခံလို့ရတာပေါ့နော်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit to Photo

Credit: Yan Myo Aung

 

 

[Zawgyi]


 




Circulation Pump (1a)


Sand Filter (2a)






Main Drain







 

Credit to Photo

Credit: Yan Myo Aung

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service