အဝတ်အစား နှင့် ဖိနပ်တွေကို သန့်ရှင်းစေဖို့ စက္ကန့်ပိုင်းအတွင်း ကူညီပေးမယ့် နည်းလမ်းကောင်း (၁၂)ချက် - Property Knowledge in Myanmar from iMyanmarHouse.com
769 Views

အဝတ်အစား နှင့် ဖိနပ်တွေကို သန့်ရှင်းစေဖို့ စက္ကန့်ပိုင်းအတွင်း ကူညီပေးမယ့် နည်းလမ်းကောင်း (၁၂)ချက်

Knowledge | Posted by Aye Myat Thu

[Unicode]

မကြာခဏဆိုသလို ကျွန်မတို့ ကြိုက်နှစ်သက်တဲ့ အင်္ကျီအဝတ်အစား ၊ ဖိနပ်တွေ ပျက်စီးတာတို့ ၊ မသေသပ်တဲ့ အသွင်အပြင်တွေ ဖြစ်တတ်ကြပါတယ်။

ပြီးတော့ ပစ္စည်းအသစ်တွေဆို ပိုဆိုးပါတယ်။ ဒီအတွက်တော့ မစိုးရိမ်ပါနဲ့။ စက္ကန့်ပိုင်းအတွင်းမှာပဲ သင်ရဲ့ အဝတ်အထည်နှင့် ဖိနပ်တွေကို ချက်ချင်းဆိုသလို ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

1. သားရေဖိနပ်များကို လက်သည်းတိုက်တဲ့ brush နဲ့ သေချာစွာ ပွတ်တိုက်ပေးပါ။ ဒီလိုနည်းအတိုင်း အခြားဖိနပ်တွေကို သန့်ရှင်းစွာ ပြုလုပ်ပေးနိုင်ပါတယ်။

2. မှန်သုတ်ဆေးရည်ကို လည်သာဖိနပ်တွေပေါ်မှာ ဖြန်းပြီး သုတ်ပေးပါ။ ကြည်လင်တောက်ပ လာတာကို မြင်တွေ့ရပါလိမ့်မယ်။

3. ဆား၊ ရေအေးနှင့် အမိုးနီးယားတို့ကို ရောနှောပြီး အဝတ်အစားပေါ်မှာ စွန်းထင်းနေတဲ့ သွေးအစက်ပြောက်တွေကို ဖယ်ရှားလိုက်ပါ။ ရေအေး တစ်လီတာ ၊ ဆား၂ဇွန်းဆို အမိုးနီးယားကိုလည်း ၂ဇွန်း ညီတူညီမျှ ထည့်ပေးဖို့ အရေးကြီးပါတယ်။

4. အနံ့ဆိုးတဲ့ အဝတ်တွေကို ဖယ်ရှားဖို့ ziplock အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညထားပေးပါ။ တစ်ခြား အနံ့ဆိုးတဲ့အရာတွေကိုလည်း ဒီနည်းလည်းနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။

5. ရေအေးနှင့် ရှာလကာရည်ကို ရောစပ်ပြီး လည်သာတွေပေါ်မှာ စွန်းထင်းတဲ့အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

6. စွန်းထင်းနေတဲ့ ဆီကွက်တွေကို ကူညီဖြေရှင်းပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပန်းကန်ဆေးဆပ်ပြာပါပဲ။ သေချာ ပွတ်တိုက်ပြီး သန့်ရှင်းအောင်ပြုလုပ်ပါ။

7. ဖယောင်း သို့မဟုတ် လက်သည်းဆိုးဆေးဟာ သားရေဖိနပ်ပေါ်က ခြစ်ရာတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပျက်စီးနေတဲ့နေရာကို ညင်သာစွာ သုတ်လိမ်းပေးပါ။ ဖယောင်းမှာလာပြီဆိုရင် ချည်သား အဝတ်စနဲ့ ဖိနပ်ကို ပြောင်လက်အောင် ပွတ်တိုက်ပေးပါ။ ဒါဆိုရင်တော့ သစ်လွင်တဲ့ ဖိနပ်တစ်ရန် ရပြီပေါ့။

8. ဂျင်းဘောင်းဘီအနက်တွေကို အရောင်မကျစေဖို့ ဆပ်ပြာမှုန့်ထဲကို ဆားနှင့် ရှာလကာရည်ထည့်ပေးပြီး လျှော်ဖွတ်ပါ။

9. အဝတ်အထည်ဟောင်းတွေကို နူးညံ့ပျော့ပျောင်းစေဖို့ ဆားရည်ထဲမှာ စိမ်ထားပေးပါ။ ဆားကို ဖန်ခွက်တစ်ဝက်စာ ထည့်ပြီး ရေအနည်းငယ်ထည့်ပါ။ ပြီးရင်တော့ သင့်ရဲ့ အထည်တွေကို ၃ရက်လောက်စိမ်ထားပါ။ ၃ရက်ပြည့်တဲ့အခါ ဆပ်ပြာမှုန့်ထည့်ပြီး အဝတ်လျှော်စက်ထဲမှာ လျှော်ဖွတ်ပေးနိုင်ပါပြီ။

10. လည်သာအိတ်တွေပေါ်က အစွန်းတွေကို ဖယ်ရှားဖို့အတွက် အဝတ်စ သို့မဟုတ် ဂွမ်းကို ရှာလကာရည်ထဲ စိမ်ပြီး အိတ်ကို သုတ်ပေးပါ။ အရောင်လင်းတဲ့အိတ်တွေကို ဖယ်ရှားဖို့ ရှာလကာအဖြူကိုသာ အသုံးပြုပါ။

11.ပိုးသားနဲ့ ပြုလုပ်ထားတဲ့အရာတွေကို အချို့သော hair conditioner နဲ့ လျှော်ဖွတ်နိုင်ပါတယ်။ ဒါဟာ နူးညံ့ပျော့ပျောင်းပြီး လှပတဲ့ ပစ္စည်းဖြစ်စေပါလိမ့်မယ်။

12. အင်္ကျီမှာရှိတဲ့ ချည်မွေးစတွေကို ဖယ်ရှားဖို့ အဝတ်မှာသုံးတဲ့ ကပ်ခွာကို အသုံးပြုနိုင်ပါတယ်။

ခုပြောပြလိုက်တဲ့ နည်းလမ်းတွေကို အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ပါတယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: textiledirectory

 

[Zawgyi]


 




















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service