အိပ်ယာမဲ့များ တစ်ညတာအိပ်ခွင့်ပေးမည့် စတုရန်း ၈ ပေသာရှိသော ဟိုတယ်ကလေး

အိပ်ယာမဲ့များ တစ်ညတာအိပ်ခွင့်ပေးမည့် စတုရန်း ၈ ပေသာရှိသော ဟိုတယ်ကလေး - Property News in Myanmar from iMyanmarHouse.com
5 Jul 2022 10:12 am တွင် တင်ခဲ့သည်
761 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တွင် မြို့တွင်းရှိ အိမ်ရာမဲ့များအား အလွန်သေးငယ်သည့် ဟိုတယ်ကလေးတစ်လုံးတွင် တစ်ညတာ အခမဲ့ တည်းခိုခွင့်ပေးရန် ဆောက်လုပ်ပေးလာသူရှိသည်။

တမူထူးသော ထိုအိမ်လေးကို ဘာလင်၏ အသေးဆုံးဟိုတယ်ဟု အမည်ပေးထားပြီး အကျယ်အဝန်းမှာ စတုရန်း ၂ ဒသမ ၅ မီတာ (၈ ဒသမ ၂ ပေ) သာရှိရာ အချို့သော ဓာတ်လှေကားများအောက်ပင် သေးငယ်သေးသည်။

သို့သော် ယင်းသို့သေးငယ်လှသည့်တိုင် မီးဖိုဆောင်၊ ရေချိုးခန်းနှင့် အိပ်ခန်း ၁ ခန်းတို့ ပါဝင်သည့်အပြင် WiFi လည်း အခမဲ့သုံးစွဲနိုင်သည်ဟု ဆိုသည်။

ထိုဟိုတယ်ကလေးကို ဆောက်လုပ်သူမှာ ဒီဇိုင်နာ “ဖန်းဘို့ လေမန်းဇယ်လ်” (Van Bo Le-Mentzel) ဖြစ်ပြီး သူ၏ ဟိုတယ်ကလေးကို ရိုက်ကူးပြသထားသည့်ဗွီဒီယိုဖိုင်အတွင်း လေမန်းဇယ်လ်ကို တွေ့ရသည်။

(သေးငယ်လှသော နေရာလေး)

[ဒီဇိုင်နာ ဖန်းဘို့ လေမန်းဇယ်လ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည် (Picture: Ruptly)] လေမန်းဇယ်လ်က သူ၏ သေးငယ်သော ဟိုတယ်လေးအကြောင်း အသေးစိတ်ရှင်းပြခဲ့ပြီး ဒီဇိုင်းရေးဆွဲရာတွင် တွေ့ကြုံရသည့်အခက်အခဲများကိုလည်း ရှင်းပြသည်။

“ဘာလင်မြို့မှာ အိမ်ရာမဲ့တွေ အများကြီးရှိပါတယ်။ ဂျာမနီရဲ့ အေးခဲတဲ့ဆောင်းရာသီမှာ ခင်ဗျားတို့ သိတဲ့အတိုင်း အိမ်ရာမဲ့တွေ သေဆုံးကြရတာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်က ကားပေါ်တင်ပြီး သယ်နိုင်မယ့် အလွန်သေးတဲ့ အိမ်ကလေးတစ်လုံး ဖန်တီးဖို့ စိတ်ကူးရပါတယ်။ ဒီလိုအိမ်လေးဆိုရင် လိုတဲ့နေရာကို ယူသွားပေးလို့ ရတယ်လေ”ဟု လေမန်းဇယ်လ်က ပြောသည်။

“အကျယ်အဝန်းက စတုရန်း ၂ ဒသမ ၅ မီတာပဲရှိတယ်။ ဒါက တကယ့်ကို သေးငယ်ပါတယ်။ ဒါကြောင့် ဒီလို ကျဉ်းမြောင်းတဲ့နေရာလေးမှာ ဘယ်လိုဇိမ်ကျကျနေနိုင်အောင်လုပ်မလဲဆိုတဲ့ စိန်ခေါ်မှုရှိပါတယ်”

(ဤအိမ်လေး ဆောက်လုပ်ရသည့် ရည်ရွယ်ချက်မှာ အိမ်ရာမဲ့များအား အိပ်စက်ခွင့်ရမည့် အမိုးအကာနေရာတစ်ခု ဖန်တီးပေးရေး ဖြစ်သည်)

(တစ်ညတာသာ တည်းခိုခွင့်ပေးမည်ဖြစ်သည်။ သို့သော် တစ်နေရာမျှ မရှိသည်ထက်စာလျှင် တော်သေးသည်)

The PickUp House ဟု အမည်ပေးထားသော အိမ်ကလေးကို လမ်းဘေးရပ်နားထားသော ကားများဘေးတွင် ရှာဖွေနိုင်သည်။

အဆိုပါအိမ်ကလေးကိုလည်း ကားပေါ်တွင်သာ ထားရှိမည်ဖြစ်ရာ အလိုရှိသည့်နေရာသို့ ရွှေ့ပြောင်းသွားလာနိုင်သည်။

ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ညအိပ်ရန်အတွက် အမိုးအကာရှိသောနေရာတစ်ခု ဖန်တီးပေးရေး၊ အထူးသဖြင့် အေးစက်လှသော ဆောင်းအအေးဒဏ်မှ ကာကွယ်ပေးနိုင်ရန် ဖြစ်သည်။

လေမန်းဇယ်၏ ပြောကြားချက်အရ သူ၏ဟိုတယ်သည် တစ်ညလျှင် လူတစ်ဦးသာ တည်းခိုနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

“သူတို့ ဒီ Nothotel (ဂျာမန်ဘာသာအရ အရေးပေါ် ဟိုတယ်ဟု အဓိပ္ပာယ်ရ) ကို ရောက်လာရင် လှဲလျောင်း အပန်းဖြေနိုင်ကြမှာဖြစ်ပါတယ်”

“တစ်ညတာ အတွက်ပါပဲ။ ဒါပေမယ့် မရှိတာထက်စာရင် ပိုကောင်းပါတယ်”

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tiny house specialist designs 2.5 square-metre ‘hotel’ for Berlin’s homeless(metro)

[Zawgyi]

အိပ္ယာမဲ့မ်ား တစ္ညတာအိပ္ခြင့္ေပးမည့္ စတုရန္း ၈ ေပသာရွိေသာ ဟိုတယ္ကေလး

ဂ်ာမနီႏိုင္ငံ၊ ဘာလင္ျမိဳ႕တြင္ ျမိဳ႕တြင္းရွိ အိမ္ရာမဲ့မ်ားအား အလြန္ေသးငယ္သည့္ ဟိုတယ္ကေလးတစ္လံုးတြင္ တစ္ညတာ အခမဲ့ တည္းခိုခြင့္ေပးရန္ ေဆာက္လုပ္ေပးလာသူရွိသည္။

တမူထူးေသာ ထိုအိမ္ေလးကို ဘာလင္၏ အေသးဆံုးဟိုတယ္ဟု အမည္ေပးထားျပီး အက်ယ္အဝန္းမွာ စတုရန္း ၂ ဒသမ ၅ မီတာ (၈ ဒသမ ၂ ေပ) သာရွိရာ အခ်ိဳ႕ေသာ ဓာတ္ေလွကားမ်ားေအာက္ပင္ ေသးငယ္ေသးသည္။

သို႔ေသာ္ ယင္းသို႔ေသးငယ္လွသည့္တိုင္ မီးဖိုေဆာင္၊ ေရခ်ဳိးခန္းႏွင့္ အိပ္ခန္း ၁ ခန္းတို႔ ပါဝင္သည့္အျပင္ WiFi လည္း အခမဲ့သံုးစြဲႏိုင္သည္ဟု ဆိုသည္။

ထိုဟိုတယ္ကေလးကို ေဆာက္လုပ္သူမွာ ဒီဇိုင္နာ “ဖန္းဘို႔ ေလမန္းဇယ္လ္” (Van Bo Le-Mentzel) ျဖစ္ျပီး သူ၏ ဟိုတယ္ကေလးကို ရိုက္ကူးျပသထားသည့္ဗြီဒီယိုဖိုင္အတြင္း ေလမန္းဇယ္လ္ကို ေတြ႔ရသည္။

(ေသးငယ္လွေသာ ေနရာေလး)

[ဒီဇိုင္နာ ဖန္းဘို႔ ေလမန္းဇယ္လ္က ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္ (Picture: Ruptly)] ေလမန္းဇယ္လ္က သူ၏ ေသးငယ္ေသာ ဟိုတယ္ေလးအေၾကာင္း အေသးစိတ္ရွင္းျပခဲ့ျပီး ဒီဇိုင္းေရးဆြဲရာတြင္ ေတြ႔ၾကံဳရသည့္အခက္အခဲမ်ားကိုလည္း ရွင္းျပသည္။

“ဘာလင္ျမိဳ႕မွာ အိမ္ရာမဲ့ေတြ အမ်ားၾကီးရွိပါတယ္။ ဂ်ာမနီရဲ႕ ေအးခဲတဲ့ေဆာင္းရာသီမွာ ခင္ဗ်ားတို႔ သိတဲ့အတုိင္း အိမ္ရာမဲ့ေတြ ေသဆံုးၾကရတာ ရွိပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္က ကားေပၚတင္ျပီး သယ္ႏိုင္မယ့္ အလြန္ေသးတဲ့ အိမ္ကေလးတစ္လံုး ဖန္တီးဖို႔ စိတ္ကူးရပါတယ္။ ဒီလိုအိမ္ေလးဆိုရင္ လိုတဲ့ေနရာကို ယူသြားေပးလို႔ ရတယ္ေလ”ဟု ေလမန္းဇယ္လ္က ေျပာသည္။

“အက်ယ္အဝန္းက စတုရန္း ၂ ဒသမ ၅ မီတာပဲရွိတယ္။ ဒါက တကယ့္ကို ေသးငယ္ပါတယ္။ ဒါေၾကာင့္ ဒီလို က်ဥ္းေျမာင္းတဲ့ေနရာေလးမွာ ဘယ္လိုဇိမ္က်က်ေနႏိုင္ေအာင္လုပ္မလဲဆိုတဲ့ စိန္္ေခၚမႈရွိပါတယ္”

(ဤအိမ္ေလး ေဆာက္လုပ္ရသည့္ ရည္ရြယ္ခ်က္မွာ အိမ္ရာမဲ့မ်ားအား အိပ္စက္ခြင့္ရမည့္ အမိုးအကာေနရာတစ္ခု ဖန္တီးေပးေရး ျဖစ္သည္)

(တစ္ညတာသာ တည္းခိုခြင့္ေပးမည္ျဖစ္သည္။ သို႔ေသာ္ တစ္ေနရာမွ် မရွိသည္ထက္စာလွ်င္ ေတာ္ေသးသည္)

The PickUp House ဟု အမည္ေပးထားေသာ အိမ္ကေလးကို လမ္းေဘးရပ္နားထားေသာ ကားမ်ားေဘးတြင္ ရွာေဖြႏိုင္သည္။

အဆိုပါအိမ္ကေလးကိုလည္း ကားေပၚတြင္သာ ထားရွိမည္ျဖစ္ရာ အလိုရွိသည့္ေနရာသို႔ ေရႊ႕ေျပာင္းသြားလာႏိုင္သည္။

ေဆာက္လုပ္ရျခင္း၏ ရည္ရြယ္ခ်က္မွာ ညအိပ္ရန္အတြက္ အမိုးအကာရွိေသာေနရာတစ္ခု ဖန္တီးေပးေရး၊ အထူးသျဖင့္ ေအးစက္လွေသာ ေဆာင္းအေအးဒဏ္မွ ကာကြယ္ေပးႏိုင္ရန္ ျဖစ္သည္။

ေလမန္းဇယ္၏ ေျပာၾကားခ်က္အရ သူ၏ဟိုတယ္သည္ တစ္ညလွ်င္ လူတစ္ဦးသာ တည္းခိုႏိုင္မည္ျဖစ္သည္ဟု ဆိုသည္။

“သူတုိ႔ ဒီ Nothotel (ဂ်ာမန္ဘာသာအရ အေရးေပၚ ဟိုတယ္ဟု အဓိပၸာယ္ရ) ကို ေရာက္လာရင္ လွဲေလ်ာင္း အပန္းေျဖႏိုင္ၾကမွာျဖစ္ပါတယ္”

“တစ္ညတာ အတြက္ပါပဲ။ ဒါေပမယ့္ မရွိတာထက္စာရင္ ပိုေကာင္းပါတယ္”

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tiny house specialist designs 2.5 square-metre ‘hotel’ for Berlin’s homeless(metro)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
ဇနီးဟောင်း အင်ဂျလီနာ ဂျိုလီ၏ အိမ်နှင့် အနည်းငယ်သာ ကွာဝေးသောအိမ်တွင် နေထိုင်လျက်ရှိသူ ဘရက်ပစ်၊ ကလေးများ အလည်လာလျှင် ဘရက်ပ
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် မကျန်းမာသော ဇနီးအား ပြုစုစောင့်ရှောက်နေစဉ် နေအိမ်ကို အခြားသူများက ဝင်ရောက်ကျူးကျော်န
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
ဝါမဝင်ခင်အထိ အိမ်ခြံမြေဈေးကွက် ဆက်လက်ကောင်းမွန်နိုင်
mya-villa
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service