စဉ့်နှီးတုံး အသုံးပြုတာနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1190 Views

စဉ့်နှီးတုံး အသုံးပြုတာနဲ့ ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်များ

Knowledge | Posted by Aye Myat Thu

[Unicode]

အသားတွေ၊ ဟင်းသီးဟင်းရွက်တွေ လှီးတဲ့နေရာမှာ စဉ့်နှီးတုံးကို ဘယ်လို ဂရုစိုက်သင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

စဉ့်နှီးတုံး ၁ ခုတည်းပေါ်မှာ အသားရော၊ ဟင်းသီးဟင်းရွက်ကော လှီးနေပါသလား။

အသားငါးတွေ လှီးတဲ့ စဉ့်နှီးတုံးနဲ့ အသီးအရွက်တွေ လှီးတဲ့ စဉ့်နှီးတုံးကို သတ်သတ်ထားပေးပါ။ မဟုတ်ရင် အသားတွေမှာပါဝင်တဲ့ ဘက်တီးရီးယား ပိုးမွှားတွေက စဉ့်နှီးတုံးပေါ်မှာ ကျန်ပြီး ဟင်းသီးဟင်းရွက်ဆီရောက်ရင် ကျန်းမာရေးအတွက် မကောင်းပါဘူး။

တခါတလေ အလွယ်တကူ ခရမ်းချဉ်သီးကို စဉ့်နှီးတုံးပေါ်တင်လှီးပြီး အစိမ်းစားတာမျိုးတွေ လုပ်လေ့ရှိတာကြောင့်ပါ။

စဉ့်နှီးတုံးတွေ မရောသွားအောင် အရောင်ခွဲထားပါ။ ဥပမာ - အနီရောင် စဉ့်နှီးတုံးဆိုရင် အသား၊ ငါး လှီးဖို့၊ အစိမ်းရောင်ဆိုရင် ဟင်းသီးဟင်းရွက် လှီးဖို့ ခွဲထားပါ။ အရောင်တူနေရင်လည်း အမှတ်အသားလုပ်ထားပါ။

စဉ့်နှီးတုံး ချော်နေပါသလား

စဉ့်နှီးတုံးကို ခံပြီး လှီးတဲ့နေရာမှာ စဉ့်နှီတုံးချော်နေရင် အချိန်ကုန်ပါတယ်။ စဉ့်နှီးတုံးရဲ့ အောက်မှာ အဝတ်တစ်ခုခုခံပြီး လှီးပါ။

စဉ့်နှီးတုံးက အရမ်းမသေးပါနဲ့

စဉ့်နှီးတုံးအရမ်းသေးရင် ဓားက အောက်မှာရှိတဲ့ ကြမ်းပြင်ကို ထိပြီး အစင်းရာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အရမ်းသေးတဲ့ စဉ့်နှီးတုံးကို မဝယ်ပါနဲ့။

စဉ့်နှီးတုံးက ဖန် Marble အသားမသုံးပါနဲ့

တချို့ စဉ့်နှီးတုံးတွေက ဖန်တွေ ၊ Marble အသားတွေ အလှဆင်ကြပါတယ်။ တကယ်တမ်း ဓားနဲ့လှီးတဲ့အခါမှာ ချော်ထွက်နေလို့ အဆင်မပြေပါဘူး။

ဝါး စဉ့်နှီးတုံး အသုံးပြုရင်

ဝါးက သစ်သားထက်ပိုမာတာကြောင့် ဓားတွေကို အလွယ်တကူ တုံးစေပါတယ်။ ဒါကြောင့် စဉ့်နှီးတုံးအသုံးပြုရင် အိမ်မှာ ဓားသွေးကျောက်ထားထားပါ။

စဉ့်နှီးတုံးကို လဲလှယ်ပေးပါ

စဉ့်နှီတုံးက အသုံးပြုတာကြာလာရင် ပြောင်အာင် ဆေးကြောဖို့ ခက်လာပါတယ်။ ဘက်တီရီးယားတွေ ပိုနေလာနိုင်တာကြောင့် လဲလှယ်ပေးသင့်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: myfoodmyanmar

 

[Zawgyi]

















 




Credit: myfoodmyanmar

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service