Diamond Inya Palace

Views 7385
 

               ပြီးပြည့်စုံတဲ့ ခမ်းနားမှုတွေ ပေးစွမ်းမယ့် Diamond Inya Palace Condo  ဟာဆိုရင်  ယနေ့ ခေတ်မြို့ပြလူနေမှုပုံစံတွေမှာ ကွန်ဒိုတွေ မှာ နေထိုင်မှုကလည်း ခေတ်ရဲ့တောင်းဆိုမှု အရ အရေးပါခေတ်မီစေတဲ့ နေထိုင်မှုတစ်ခု ဖြစ်လာပါတယ်။

               ဒီလိုနေထိုင်တဲ့ နေရာမှာလည်း မိမိဝယ်ယူနေထိုင် မယ့် ကွန်ဒိုရဲ့ တည်နေရာ၊ တည်ဆောက်မှု အရည်အသွေး၊ မြေအမျိုးအစားနဲ့ ပါဝင်တဲ့ Facilities  နဲ့ လိုက်ပြီး ရွေးချယ်မှု တွေပြုလုပ်လာတာကို တွေ့လာရပါတယ်။

             ဒါ့ကြောင့် iMyanmarhouse.com (အိုင်မြန်မာ ဟောက်စ်ဒေါ့ကွန်း) မဂ္ဂဇင်းပရိသတ်ကြီး အတွက် ဒီတစ်လရဲ့ ကွန်ဒိုလမ်းညွှန်ကဏ္ဍမှာ Mandalay Golden Wing Construction  ကနေ မရမ်းကုန်းမြို့နယ်၊ ပါရမီ၊ ဦးထွန်းငြိမ်းလမ်းက ဘိုးဘွား ပိုင်မြေမှာ တည်ဆောက်ထားတဲ့ နိုင်ငံတကာအဆင့်မီ Facilities အများဆုံးပါရှိတဲ့   Diamond Inya Palace Condominium ကို မိတ်ဆက်ပေးလိုက်ပါတယ်။

       

 

Diamond Inya Palace

 

Diamond Inya Palace

 တည်နေရာ၊ အကျယ်အ၀န်းနှင့် ပတ်ဝန်းကျင်

              Diamond Inya Palace Condominium  ကို ရန်ကုန် မြို့၊  မရမ်းကုန်းမြို့နယ်၊ ဦးထွန်းငြိမ်းလမ်းမပေါ်က မြေ(၂)ဧက အကျယ်အ၀န်းပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါ တယ်။ အထပ်အမြင့် စုစုပေါင်း(၃၃)ထပ်နဲ့ တည်ဆောက်သွား မှာဖြစ် ပြီး အခန်းစုစုပေါင်း (၃၇၆) ခန်းပါဝင်ကာ Penthouse အခန်း(၈)ခန်းကိုပါ  ထည့်သွင်း တည်ဆောက်ထားပါတယ်။

             အနီးပတ်ဝန်းကျင်မှာလည်း ဟိုတယ်ပါရမီ၊ Parami International Hospital ၊ British International School ၊ Parami Pizza ၊ အင်းယားလိတ်ဟိုတယ် ၊ ကမ်္ဘာအေးဘုရား၊ ဂမုန်းပွင့်ကုန်တိုက်၊ ဆီဒိုးနားဟိုတယ်၊ မြန်မာပလာဇာ ၊ MIS School ၊ Lotte Hotel & Resort ၊ အင်းယားကန် ၊ ရွှေတိဂုံ စေတီတော် ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၊ မြကျွန်းသာ အပန်းဖြေဥယျာဉ် ၊ ဥက္ကလာဂေါက်ကွင်း စတဲ့နေရာတွေကို လည်း မိနစ်ပိုင်းအတွင်းမှာတင် အရောက်သွားနိုင်တဲ့ နေရာ ကောင်းမှာ တည်ရှိတာဖြစ်ပါတယ်။

             လမ်းပန်းဆက်သွယ်ရေး ပတ်ဝန်းကျင်ကောင်းမွန်ပြီး ရှုခင်းမြင်ကွင်းများ လှပမှုများကြောင့် လူအများရဲ့ စိတ်ဝင်စား နှစ်ခြိုက်မှုကို ရရှိထားတဲ့ Condo Project  တစ်ခုဖြစ်ပါတယ်။

 

Diamond Inya Palace

Diamond Inya Palace

Diamond Inya Palace

Diamond Inya Palace

Diamond Inya Palace

 

တည်ဆောက်ပုံ နှင့် အခန်းအမျိုးအစားများ

          အဆောက်အအုံတစ်ခုလုံးကို Foundation  အဖြစ် Bored Piles နဲ့ Concrete Piles အမျိုးအစားတွေနဲ့ ပြုလုပ် ထားပါတယ်။  Substructure နှဲ့Superstructure တွေကိုတော့ Reinforced Concrete Frameword နဲ့ Steel Frame  တွေကို သုံးထားပါတယ်။ အမိုးကတော့ RC Flat Roof အမျိုးအစား ဖြစ်ပြီး တံခါးများ၊ ပြတင်းပေါက်များ ၊ မျက်နှာကြက် ၊ ကြမ်းခင်း၊ အတွင်းအပြင်ဆေး စတာတွေ အားလုံးကလည်း နိုင်ငံတကာ အဆင့်မီ အရည်အသွေးမြင့် ပစ္စည်းတွေကို မြန်မာ့ရေမြေ ရာသီဥတုနဲ့ အဆင်ပြေကိုက်ညီအောင် စနစ်တကျ အသုံးပြု ပေးထားတာကိုတွေ့ ရပါတယ်။

          အခန်းအကျယ်အ၀န်းတွေကိုလည်း မာစတာအိပ်ခန်း၊ ရိုးရိုးအိပ်ခန်းတွေအပါအ၀င် အိပ်ခန်း အရေအတွက်ပါဝင်မှု ကို ၀ယ်ယူသူစိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် စတုရန်းပေ (၉၄၇) ကနေ (၃၀၂၅) အထိ စိတ်ကြိုက် ရွေးချယ် ၀ယ်ယူနိုင်မှာလည်းဖြစ်ပါတယ်။ သီးသန့်အနေနဲ့ Penthouse  အခန်း (၈) ခန်းပါဝင်ပြီး ဒီ Penthouse တွေရဲ့ အကျယ်အ၀န်း ကတော့ စတုရန်းပေ (၆၆၆၃) ကနေ (၁၁၆၆၈) အထိ ကျယ်ဝန်း တဲ့အတွက် တကယ့်ကို Penthouse တစ်ခုရဲ့ အရသာနဲ့ ခံစား မှုကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

          Room Decoration  တွေကတော့ အခန်းတိုင်းအတွက် Fully Decorated အဖြစ် ၀ယ်ယူသူထံ အပ်နှံပေးသွားမှာ ဖြစ်သလို Kitchen Room   တိုင်းမှာဆိုရင်လည်း  Cabinet ၊ Electric Cooker  ၊ Oven ၊ Exhaust Fan များ ၊ Bedroom အခန်း တိုင်းမှာလည်း  Teak Floor ၊ Air-Con (Daikin) & Wardrobe များ၊ Bathroom   တိုင်းတွင်လည်း  Basin ၊ Shower & All Sanitary Ware (TOTO) ၊ Water Heater   စတာတွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်းတပ်ဆင်ပေးထားတာ ကလည်း အဆင့်မြင့်စနစ်တစ်ခုဖြစ်မှန်း သိသာစေပါတယ်။

 

Diamond Inya Palace

Diamond Inya Palace

Diamond Inya Palace

Diamond Inya Palace

Diamond Inya Palace

 

ပါဝင်သည့်  Facilities များ

  •           ဒီ ကွန်ဒိုမီနီယံမှာဆိုရင် ထူးခြားချက်အနေနဲ့ ရေကူး ကန်နဲ့ အခြား  Facilities  တွေပါဝင်တဲ့    Facilities Floor တွေကို Ground Floor ၊ 6th Floor  နဲ့ 22nd Floor ဆိုပြီး (၃)ခု ပါဝင်တာကို အောက်ပါအတိုင်း တွေ့ရမှာဖြစ်ပါတယ်။   
  •          ဓာတ်လှေကားတွေကိုလည်း လူစီးဓာတ်လှေကား (၈)စီး၊ ကား ပါကင်အတွက် ဓာတ်လှေကား (၃)စီး၊ ကုန်တင်ကုန်ချအတွက် (၂)စီး၊ စုစုပေါင်း (၁၃)စီး ထည့်သွင်းတပ်ဆင်ထားတဲ့အပြင် ပထမထပ်ကနေ ငါးထပ်မြောက်အထိကို ကားပါကင်ပြုလုပ် ထားပေးတဲ့အတွက် ကားအစီးရေ (၅၀၀) ကို အဆင်ပြေစွာ ထားရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ပိုင်ဆိုင်မှု ခိုင်မာခြင်း

 ကွန်ဒိုဥပဒေနှင့်အညီ တည်ဆောက်ထားပြီး မြေပိုင်ဆိုင်ခြင်းပါ ပေးအပ်သွားမည်။

 တည်ဆောက်ပြီးဖြစ်၍ မကြာမီ အခန်းအပ်နှံနိုင်တော့မည်။

ဂုဏ်တက်စေခြင်း

 ကမ္ဘာ့အဆင့်မီတည်ဆောက်ထားသည်။

 Facility ပေါင်း ၅၀ ကျော် ထည့်ပေးထားသည်။

 Luxury နှင့် Branded ပစ္စည်းများ သုံးထားပေးသည်။

 ရွှေတိဂုံဘုရား view ၊ အင်းယား view နှင့် ရန်ကုန် တမြို့ လုံးရဲ့  360 view ရရှိမည်။

 

Diamond Inya Palace

Diamond Inya Palace

 

Project Location

 

Diamond Inya Palace

 

Developer Company

Enquire

Fill the form below to enquire.

Mandalay Golden Wing Holding Limited

Mandalay Golden Wing Holding Limited

Address
No. 39, 7 Mile, Pyay Road, Mayangone Township, Yangon, Myanmar
iMyanmarHouse.com - Mobile App
iMyanmarHouse.com - Monthly Property Magazine