တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည် - Property News in Myanmar from iMyanmarHouse.com
1623 Views

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက် ဖြတ်သန်းမည်

[Unicode]

တရုတ်နိုင်ငံမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတွင် စီးပွားရေးအရ အချက်အခြာကျသည့် မြန်မာနိုင်ငံ၏ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့အား ချိတ်ဆက်ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု RCEP အဖွဲ့ဝင်နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်းတစ် လျောက်တွင် နှစ်နိုင်ငံဘက်မှ များပြားလှသည့် ရင်းနှီးမြှုပ်နှံမှုများအား လိုအပ်ပြီး ယင်း စီးပွားရေးစင်္ကြလမ်းသည် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ကုန်သွယ်မှုလွယ်ကူမည့် အခြေခံအဆောက်အအုံနှင့် အစီအမံများ ဖြစ်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်း ရှင်များ အသင်းချုပ်မှ သိရသည်။

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partn ership RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန်နှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးရန် တရုတ်-အာဆီယံ Business Council နှင့် Guizhou Provincial Peoples Government တို့ ဇန်နဝါရီလတွင်း ပူးပေါင်း ကျင်းပသည့် ဆွေးနွေးပွဲမှ သိရသည်။

မြန်မာနိုင်ငံမှ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(RCEP) စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးပြီး ၂၀၂၀ ခုနှစ်တွင်းက ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေးဒေသ၏ အဖွဲ့ဝင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့ပြင်အာဆီယံ ၁၀ နိုင်ငံ နှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ ဩစတေးလျ၊ တောင်ကို ရီးယားတို့အပါအဝင် အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သည့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုစာချုပ်(RCEP) အား ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက စာချုပ်ချုပ်ဆိုခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service