ကိုဗစ်ကာလတွင်း ကျပ် သိန်းတစ်ထောင်ဝန်းကျင် တိုက်ခန်းများ အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
937 Views

ကိုဗစ်ကာလတွင်း ကျပ် သိန်းတစ်ထောင်ဝန်းကျင် တိုက်ခန်းများ အရောင်းအဝယ်ဖြစ်

[Unicode]

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်တွင်း ရန်ကုန်မြို့ တိုက်ခန်း အရောင်းအဝယ်ဈေးကွက်တွင် ကျပ် သိန်းတစ်ထောင်ဝန်းကျင် အခန်းများ ကျဈေးဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“အရောင်းအဝယ်ကတော့ လက်ရှိအခြေအနေမှာ သိန်းတစ်ထောင်၊ တစ်ထောင်အောက် ၊ ပတ်ချာလည် အခန်းတွေကတော့ ပိုဖြစ်တာပေါ့၊ မဖြစ်မနေ နေရမယ့် သူတွေ ဝယ်တာရှိတယ်၊ တကယ်လိုချင်တဲ့သူက မဖြစ်မနေ ဝယ်ရင်းနဲ့ အခု ထိုက်သင့်တဲ့အရောင်းအဝယ်လေးတော့ ဖြစ်ပါတယ်၊ တက်ဈေးလည်း မဟုတ်ဘူး၊ကျဈေးနဲ့ ပေါ့၊ ဒါပေမယ့် သိပ်များများစားစားတော့ အရောင်းအဝယ်ဖြစ်တာ မဟုတ်ဘူး၊ တဖြည်းဖြည်းနဲ့ အိမ်ရာက ဈေးကွက်သိပ်မကောင်းတော့ ထုတ်လုပ်မှုနည်းလာတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ ကြာလာရင် တိုက်ခန်းတွေ ရှားလာတယ်” ဟု M.K.T ဆောက်လုပ်ရေးကုမ္ပဏီမှ ဦးမျိုး မြင့် ကပြောဆိုသည်။

“ပြည်တွင်းဈေးကွက်မှာတော့ ကြိုကြားကြိုကြား ရောင်းရပါတယ်၊ အရောင်းဝယ်ကတော့ ကိုဗစ် ကာ လဆိုတော့ ခါတိုင်းထက်စာရင်တော့ လျော့နေတာပေါ့၊ နိုင်ငံခြားသား ရောင်းဝယ်မှုဈေးကွက်ကတော့ လုံးလုံးရပ်နေတယ် “ဟု တက်လမ်းဆောက်လုပ်ရေးမှ ဦးရှိန်ဝင်းက ပြောဆိုသည်။

လက်ရှိတွင် ကိုဗစ်ဖြစ်ပွားနေမှုကြောင့် ရန်ကုန်မြို့တွင် တိုက်ခန်း၊ ကွန်ဒိုများ၏ အရောင်း အဝယ်ဈေး ကွက် ကျဆင်းလျက်ရှိနေပြီး မြေကွက်များသာ အရောင်းအဝယ်သွက်လက်နေကြောင်း အိမ်ခြံမြေ အ ကျိုးဆောင်များထံမှ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးနှုန်းအားဖြင့် သင့်တင့်ပြီး သွားရေးလာရေးလွယ်ကူသည့် မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) ၊ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် မြေကွက်များအား ဝယ် ယူရင်းနှီးမြှုပ်နှံများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service