ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ပြည်သူ့အဌားအိမ်ရာစီမံကိန်း(ရန်ကုန်) ကိုးလတွင်း အပြီးသတ်တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
2284 Views

ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ပြည်သူ့အဌားအိမ်ရာစီမံကိန်း(ရန်ကုန်) ကိုးလတွင်း အပြီးသတ်တည်ဆောက်မည်

[Unicode]

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ စံပြစိုက်ပျိုးရေးအထူးဇုန် နေရာရှိ ပြည်သူ့အဌားအိမ်ရာစီမံ ကိန်းအား ကိုးလအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှ သိရသည်။

“အဌားအိမ်ရာစီမံကိန်းကို ကျွန်တော်တို့အနေနဲ့ ဒီနှစ် စက်တင်ဘာလကုန်မှာ အပြီးဆောက်မှာပါ၊ ကိုးလအတွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောဆိုသည်။

ပြည်သူ့အဌားအိမ်ရာစီမံကိန်း(ရန်ကုန်) ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ချုပ်နှင့် လုပ်ငန်းလက်ခံကုမ္ပဏီများကြား၊ လုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ်များအား ဇန်နဝါရီ ၉ ရက်က ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ကနေ ဆောက်မည့် အဌားအိမ်ရာစီမံကိန်းအတွက် စာချုပ်ချုပ်ဆိုပြီးဖြစ်ပါတယ်၊ အသင်းဝင်တွေ အကုန်လုံး စာချုပ်ချုပ်ဆိုတာပေါ့၊ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အသင်းတွေရယ်၊ အဖွဲ့ချုပ်မှာ ဝင်ထားတဲ့အသင်းဝင်တွေရယ်ပေါ့ စာချုပ်ချုုပ်ဆိုခဲ့ပြီး ဖြစ်ပါတယ် “ ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးရှိန်ဝင်း ကပြောဆိုသည်။

ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးအတွက် ရည်ရွယ်ကာ ပြည်သူများအတွက် အဌားအိမ်ရာ လေးခန်းတွဲ ငါးထပ် တည်ဆောက်ရေးစီမံကိန်း(ရန်ကုန်)တွင် အခန်းပေါင်း ၆,၃၀၀ အား ဆောက် လုပ်သွားမည်ဖြစ်သည်။

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအနီးရှိ စီမံကိန်းဧရိယာတွင် တည်ဆောက်မည့် အခန်း ၃,၀၀၀ ပါဝင်သည့် ပြည်သူ့အဌားအိမ်ရာစီမံကိန်း(မန္တလေး)မှာမှု စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေး လုပ်ငန်းရှင်များအသင်း(MDA)မှ သိရသည်။

ထို့ပြင် အိမ်ရာလိုအပ်ချက်ရှိနေသည့် ပြည်သူများအတွက် အဓိကမြို့ကြီးများတွင် အဌားအိမ်ရာစီမံကိန်းများဖော် ဆောင်လျက်ရှိပြီး နိုင်ငံတစ်ဝှမ်းအဌားအိမ်ရာစီမံကိန်းအဖြစ် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) ၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံဖြိုးရေး လုပ်ငန်းရှင်များအသင်း(MDA) ၊ မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA) တို့ပူးပေါင်းကာ  အခန်းပေါင်း တစ်သောင်း တည်ဆောက်သွားမည်ဖြစ်ကာ ရန်ကုန်မြို့တွင် အခန်းပေါင်း ၆,၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇,၀၀ နှင့် မန္တလေးမြို့တွင် အခန်း ပေါင်း ၃,၀၀၀ အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)႐ွိ ျပည္သူ႕အဌားအိမ္ရာစီမံကိန္း(ရန္ကုန္) ကိုးလတြင္း အၿပီးသတ္တည္ေဆာက္မည္

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၊ စံျပစိုက္ပ်ိဳးေရးအထူးဇုန္ ေနရာ႐ွိ ျပည္သူ႕အဌားအိမ္ရာစီမံ ကိန္းအား ကိုးလအတြင္း အၿပီးသတ္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္(MCEF)မွ သိရသည္။

“အဌားအိမ္ရာစီမံကိန္းကို ကြၽန္ေတာ္တို႔အေနနဲ႔ ဒီႏွစ္ စက္တင္ဘာလကုန္မွာ အၿပီးေဆာက္မွာပါ၊ ကိုးလအတြင္း တည္ေဆာက္သြားမွာျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ား အသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးျမင့္က ေျပာဆိုသည္။

ျပည္သူ႕အဌားအိမ္ရာစီမံကိန္း(ရန္ကုန္) ေဖာ္ေဆာင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာလုပ္ငန္း႐ွင္မ်ားအသင္း ခ်ဳပ္ႏွင့္ လုပ္ငန္းလက္ခံကုမၸဏီမ်ားၾကား၊ လုပ္ငန္းေဆာင္႐ြက္မႈ သေဘာတူစာခ်ဳပ္မ်ားအား ဇန္နဝါရီ ၉ ရက္က ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ကေန ေဆာက္မည့္ အဌားအိမ္ရာစီမံကိန္းအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးျဖစ္ပါတယ္၊ အသင္းဝင္ေတြ အကုန္လုံး စာခ်ဳပ္ခ်ဳပ္ဆိုတာေပါ့၊ ျပည္နယ္နဲ႔ တိုင္းမွာ႐ွိတဲ့ အသင္းေတြရယ္၊ အဖြဲ႕ခ်ဳပ္မွာ ဝင္ထားတဲ့အသင္းဝင္ေတြရယ္ေပါ့ စာခ်ဳပ္ခ်ဳုပ္ဆိုခဲ့ၿပီး ျဖစ္ပါတယ္ “ ဟု ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ ဥကၠဌ ဦး႐ွိန္ဝင္း ကေျပာဆိုသည္။

ကိုဗစ္ကာလအတြင္း အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးႏိုင္ေရးအတြက္ ရည္႐ြယ္ကာ ျပည္သူမ်ားအတြက္ အဌားအိမ္ရာ ေလးခန္းတြဲ ငါးထပ္ တည္ေဆာက္ေရးစီမံကိန္း(ရန္ကုန္)တြင္ အခန္းေပါင္း ၆,၃၀၀ အား ေဆာက္ လုပ္သြားမည္ျဖစ္သည္။

မႏၲေလးခ႐ိုင္၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ႐ွင္ေတာ္ကုန္းေက်း႐ြာအနီး႐ွိ စီမံကိန္းဧရိယာတြင္ တည္ေဆာက္မည့္ အခန္း ၃,၀၀၀ ပါဝင္သည့္ ျပည္သူ႕အဌားအိမ္ရာစီမံကိန္း(မႏၲေလး)မွာမႈ စတင္ေဆာက္လုပ္ေနၿပီျဖစ္ေၾကာင္း ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံဖြံၿဖိဳးေရး လုပ္ငန္း႐ွင္မ်ားအသင္း(MDA)မွ သိရသည္။

ထို႔ျပင္ အိမ္ရာလိုအပ္ခ်က္႐ွိေနသည့္ ျပည္သူမ်ားအတြက္ အဓိကၿမိဳ႕ႀကီးမ်ားတြင္ အဌားအိမ္ရာစီမံကိန္းမ်ားေဖာ္ ေဆာင္လ်က္႐ွိၿပီး ႏိုင္ငံတစ္ဝွမ္းအဌားအိမ္ရာစီမံကိန္းအျဖစ္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္(MCEF) ၊ ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံအေဆာက္အအုံဖြံၿဖိဳးေရး လုပ္ငန္း႐ွင္မ်ားအသင္း(MDA) ၊ ျမန္မာႏိုင္ငံလိုင္စင္ရကန္ထ႐ိုက္တာမ်ားအသင္းခ်ဳပ္ (MLCA) တို႔ပူးေပါင္းကာ  အခန္းေပါင္း တစ္ေသာင္း တည္ေဆာက္သြားမည္ျဖစ္ကာ ရန္ကုန္ၿမိဳ႕တြင္ အခန္းေပါင္း ၆,၃၀၀၊ ေနျပည္ေတာ္တြင္ အခန္းေပါင္း ၇,၀၀ ႏွင့္ မႏၲေလးၿမိဳ႕တြင္ အခန္း ေပါင္း ၃,၀၀၀ အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service