စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အဦပန္နက်တင်အခမ်းအနား နေပြည်တော်၌ပြုလုပ် - Property News in Myanmar from iMyanmarHouse.com
1016 Views

စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အဦပန္နက်တင်အခမ်းအနား နေပြည်တော်၌ပြုလုပ်

[Unicode]

စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အဦပန္နက်တင် အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်၌ပြုလုပ်ခဲ့ကြောင်းနိုင်ငံပိုင်သတင်းစာအရ သိရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန တည်ထောင်ခြင်း စီမံကိန်းကို ကိုရီးယားအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုရီးယား နိုင်ငံ၏ အကူအညီ အမေရိကန် ဒေါ်လာ (၈ ဒသမ ၃၇) သန်းဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို စိုက်ပျိုး ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဦးနှစ်ဘက် အကျိုးစီးပွား ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို လည်း ကောင်း၊ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပြုပြင်ရေးဌာန ကိုလည်းကောင်း တည်ဆောက် သွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းပြီးစီးပါက ထုတ်လုပ်သူတောင်သူများ အတွက် စိုက်ပျိုးထွက်ကုန်များ၏ ဈေးကွက်သတင်းအချက် အလက် များကို ရရှိစေခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှု အခြေအနေများကို ဖန်တီးပေးနိုင်မည်

ဖြစ်ကာ အဆင့်မြင့် ရိတ်သိမ်းချိန် လွန်နည်းပညာများ၊ ထုတ်ကုန်စံချိန်စံညွှန်း များ၊ အစားအစာဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် စားသုံးသူများအနေဖြင့်လည်း အရည်အသွေးကောင်း၍ ဘေးကင်းလုံခြုံသော စိုက်ပျိုးရေး ထွက်ကုန်များကို လက်လှမ်းမီရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ ဒုတိယ ဝန်ကြီးဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာလီဆန်းဟွာ၊ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ(KOICA)မှ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြပြီး စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟို ဌာန အဆောက်အဦ ပန္နက်တင်အခမ်းအနားကို ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

စိုက္ပ်ိဳးေရးထြက္ကုန္ဆိုင္ရာ ေဈးကြက္ဗဟိုဌာန အေဆာက္အဦပႏၷက္တင္အခမ္းအနား ေနျပည္ေတာ္၌ျပဳလုပ္

စိုက္ပ်ိဳးေရးထြက္ကုန္ဆိုင္ရာ ေဈးကြက္ဗဟိုဌာန အေဆာက္အဦပႏၷက္တင္ အခမ္းအနားကို ဇန္နဝါရီ ၂၀ ရက္က ေနျပည္ေတာ္၌ျပဳလုပ္ခဲ့ေၾကာင္းႏိုင္ငံပိုင္သတင္းစာအရ သိရသည္။

ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးေရးထြက္ကုန္ဆိုင္ရာ ေဈးကြက္ဗဟိုဌာန တည္ေထာင္ျခင္း စီမံကိန္းကို ကိုရီးယားအျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနတို႔ ပူးေပါင္း၍ ကိုရီးယား ႏိုင္ငံ၏ အကူအညီ အေမရိကန္ ေဒၚလာ (၈ ဒသမ ၃၇) သန္းျဖင့္ ၂၀၁၈ ခုႏွစ္မွ စတင္ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါစီမံကိန္းကို စိုက္ပ်ိဳး ထုတ္လုပ္သူႏွင့္ စားသုံးသူ ႏွစ္ဦးႏွစ္ဘက္ အက်ိဳးစီးပြား ပိုမိုတိုးတက္လာေစရန္ ရည္႐ြယ္၍ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္တြင္ စိုက္ပ်ိဳးေရး ထြက္ကုန္ဆိုင္ရာ ေဈးကြက္ဗဟိုဌာနကို လည္း ေကာင္း၊ ရွမ္းျပည္နယ္၊ ဟဲဟိုးၿမိဳ႕နယ္တြင္ စိုက္ပ်ိဳးေရးဆိုင္ရာ ထုတ္ကုန္ျပဳျပင္ေရးဌာန ကိုလည္းေကာင္း တည္ေဆာက္ သြားမည္ ျဖစ္ေၾကာင္းသိရသည္။

ယင္းစီမံကိန္းၿပီးစီးပါက ထုတ္လုပ္သူေတာင္သူမ်ား အတြက္ စိုက္ပ်ိဳးထြက္ကုန္မ်ား၏ ေဈးကြက္သတင္းအခ်က္ အလက္ မ်ားကို ရရွိေစျခင္းျဖင့္ ေဈးကြက္တည္ၿငိမ္မႈ အေျခအေနမ်ားကို ဖန္တီးေပးႏိုင္မည္ ျဖစ္ကာ အဆင့္ျမင့္ ရိတ္သိမ္းခ်ိန္ လြန္နည္းပညာမ်ား၊ ထုတ္ကုန္စံခ်ိန္စံၫႊန္း မ်ား၊ အစားအစာေဘးကင္းလုံၿခဳံမႈ စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ႏိုင္ျခင္းျဖင့္ စားသုံးသူမ်ားအေနျဖင့္လည္း အရည္အေသြးေကာင္း၍ ေဘးကင္းလုံၿခဳံေသာ စိုက္ပ်ိဳးေရး ထြက္ကုန္မ်ားကို လက္လွမ္းမီရရွိႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

အခမ္းအနားသို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူ၊ ဒုတိယ ဝန္ႀကီးဦးလွေက်ာ္၊ ေနျပည္ေတာ္ေကာင္စီဝင္ ဦးေအးေမာင္စိန္၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္ေဆြ၊ ျမန္မာႏိုင္ငံဆိုင္ရာ ကိုရီးယားသမၼတႏိုင္ငံသံအမတ္ႀကီး မစၥတာလီဆန္းဟြာ၊ကိုရီးယားအျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ ႐ြက္ေရး ေအဂ်င္စီ(KOICA)မွ ဌာေနကိုယ္စားလွယ္ Ms. Lee Youn Soo ႏွင့္ အဖြဲ႕ဝင္မ်ား၊ အၿမဲတမ္းအတြင္းဝန္ႏွင့္ ၫႊန္ၾကား ေရးမႉးခ်ဳပ္မ်ား၊ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား တက္ေရာက္ ၾကၿပီး စိုက္ပ်ိဳးေရးထြက္ကုန္ဆိုင္ရာ ေဈးကြက္ဗဟို ဌာန အေဆာက္အဦ ပႏၷက္တင္အခမ္းအနားကို ေဆာင္႐ြက္ခဲ့ၾက ေၾကာင္းသိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service