လာမယ့်ရက်သတ္တပတ်အတွင်း လူ ၇ သိန်းခွဲကို ကာကွယ်ဆေးစထိုးပေးမယ် - Property News in Myanmar from iMyanmarHouse.com
642 Views

လာမယ့်ရက်သတ္တပတ်အတွင်း လူ ၇ သိန်းခွဲကို ကာကွယ်ဆေးစထိုးပေးမယ်

[Unicode]

ကိုဗစ်ကာကွယ်ဆေး ဒီကနေ့ ဇန်နဝါရီ၂၂ရက်မှာရောက်မှာဖြစ်ပြီး နောက်တစ်ပတ်ထဲမှာ ကာကွယ်ဆေးထိုးတဲ့လုပ်ငန်း စတင်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးပေးမှာဖြစ်ပြီး အစိုးရအဖွဲ့၊ လွှတ်တော်အမတ်တွေကလည်း ကာကွယ်ဆေးထိုးပေးမယ့် ပထမအုပ်စုထဲမှာ ပါဝင်မယ်လို့ အခုလိုပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးက လူဦးရေ ၇သိန်းခွဲအတွက် ဆေး၁သန်းခွဲရောက်ရှိမှာဖြစ်ပြီး လူတစ်ဦးကို နှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်။

တစ်ကြိမ်နဲ့တစ်ကြိမ်ကြားမှာ ၂၈ရက်ခြားထိုးရမယ့်ဖြစ်တဲ့အတွက် ပထမတစ်ကြိမ်ထိုးထားပြီးသူတွေကလည်း မပေါ့ဆကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကာကွယ်ဆေးရဲ့အာနိသင်နဲ့ ပတ်သက်လို့လည်း အခုအချိန်က စမ်းသပ်ဆဲကာလဖြစ်တာကြောင့် ထိရောက်မှုအတိုင်းအတာကို သေသေချချာမသိသေးတဲ့အတွက် ကာကွယ်ဆေးထိုးပြီးရင်လည်း မပေါ့ဆကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ကိုဗစ်ရောဂါကာကွယ်ဖို့ အခြေခံစည်းကမ်းတွေကို လိုက်နာဖို့လိုပြီး အလေ့အထတစ်ခုဖြစ်အောင် နေထိုရမယ်လို့လည်း ပြောပါတယ်။

ကာကွယ်ဆေးဝယ်ယူဖို့ ပြည်သူတွေရဲ့ လှူဒါန်းမှုတွေကိုလည်း ကျေးဇူးတင်ပြီး ထိထိရောက်ရောက် အသုံးပြုသွားမယ်လို့လည်း အတိုင်ပင်ခံက ဆိုပါတယ်။

ကိုဗစ် ကာကွယ်ဆေးအနေနဲ့ အခုရောက်ရှိလာမယ့် အန္ဒိယနိုင်ငံက ကာကွယ်ဆေးအပြင် Covaxအဖွဲ့ရဲ့အစီအမံနဲ့ လာမည့် ဧပြီလထဲမှာ ကာကွယ်ဆေးရရှိမယ့်အခြေအနေတွေလည်းရှိနေတာပါ။

ဒါ့အပြင်တရုတ်နိုင်ငံကနေလည်းတရုတ်နိုင်ငံပိုင်ကာကွယ်ဆေးတချို့လှူဒါန်းဖို့သဘောတူညီထားတာတွေရှိပါပြီ။

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူဟာ ၃၀၁၃ဦးအထိရှိသွားခဲ့ပြီး၊ ပိုးတွေ့သူဟာ စုစုပေါင်း တစ်သိန်းသုံးသောင်းခြောက်ထောင်ကျော်ရှိနေပါပြီ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

လာမယ့္ရက္သတၱပတ္အတြင္း လူ ၇ သိန္းခြဲကို ကာကြယ္ေဆးစထိုးေပးမယ္

ကိုဗစ္ကာကြယ္ေဆး ဒီကေန႔ ဇန္နဝါရီ၂၂ရက္မွာေရာက္မွာျဖစ္ၿပီး ေနာက္တစ္ပတ္ထဲမွာ ကာကြယ္ေဆးထိုးတဲ့လုပ္ငန္း စတင္မယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ေ႐ွ႕တန္းက က်န္းမာေရးဝန္ထမ္းေတြကို ဦးစားေပးထိုးေပးမွာျဖစ္ၿပီး အစိုးရအဖြဲ႕၊ လႊတ္ေတာ္အမတ္ေတြကလည္း ကာကြယ္ေဆးထိုးေပးမယ့္ ပထမအုပ္စုထဲမွာ ပါဝင္မယ္လို႔ အခုလိုေျပာပါတယ္။

ကိုဗစ္ကာကြယ္ေဆးက လူဦးေရ ၇သိန္းခြဲအတြက္ ေဆး၁သန္းခြဲေရာက္႐ွိမွာျဖစ္ၿပီး လူတစ္ဦးကို ႏွစ္ႀကိမ္ထိုးရမွာျဖစ္ပါတယ္။

တစ္ႀကိမ္နဲ႔တစ္ႀကိမ္ၾကားမွာ ၂၈ရက္ျခားထိုးရမယ့္ျဖစ္တဲ့အတြက္ ပထမတစ္ႀကိမ္ထိုးထားၿပီးသူေတြကလည္း မေပါ့ဆၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ကာကြယ္ေဆးရဲ႕အာနိသင္နဲ႔ ပတ္သက္လို႔လည္း အခုအခ်ိန္က စမ္းသပ္ဆဲကာလျဖစ္တာေၾကာင့္ ထိေရာက္မႈအတိုင္းအတာကို ေသေသခ်ခ်ာမသိေသးတဲ့အတြက္ ကာကြယ္ေဆးထိုးၿပီးရင္လည္း မေပါ့ဆၾကဖို႔ကိုလည္း တိုက္တြန္းထားပါေသးတယ္။

ကိုဗစ္ေရာဂါကာကြယ္ဖို႔ အေျခခံစည္းကမ္းေတြကို လိုက္နာဖို႔လိုၿပီး အေလ့အထတစ္ခုျဖစ္ေအာင္ ေနထိုရမယ္လို႔လည္း ေျပာပါတယ္။

ကာကြယ္ေဆးဝယ္ယူဖို႔ ျပည္သူေတြရဲ႕ လႉဒါန္းမႈေတြကိုလည္း ေက်းဇူးတင္ၿပီး ထိထိေရာက္ေရာက္ အသုံးျပဳသြားမယ္လို႔လည္း အတိုင္ပင္ခံက ဆိုပါတယ္။

ကိုဗစ္ ကာကြယ္ေဆးအေနနဲ႔ အခုေရာက္႐ွိလာမယ့္ အႏၵိယႏိုင္ငံက ကာကြယ္ေဆးအျပင္ Covaxအဖြဲ႕ရဲ႕အစီအမံနဲ႔ လာမည့္ ဧၿပီလထဲမွာ ကာကြယ္ေဆးရ႐ွိမယ့္အေျခအေနေတြလည္း႐ွိေနတာပါ။

ဒါ့အျပင္တ႐ုတ္ႏိုင္ငံကေနလည္းတ႐ုတ္ႏိုင္ငံပိုင္ကာကြယ္ေဆးတခ်ိဳ႕လႉဒါန္းဖို႔သေဘာတူညီထားတာေတြ႐ွိပါၿပီ။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ေသဆုံးသူဟာ ၃၀၁၃ဦးအထိ႐ွိသြားခဲ့ၿပီး၊ ပိုးေတြ႕သူဟာ စုစုေပါင္း တစ္သိန္းသုံးေသာင္းေျခာက္ေထာင္ေက်ာ္႐ွိေနပါၿပီ။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service