အပြောင်းအလဲတွေရှိလာတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် - Property News in Myanmar from iMyanmarHouse.com
671 Views

အပြောင်းအလဲတွေရှိလာတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်

[Unicode]

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် စီမံကိန်းကိုးခုအတွက် လုပ်ပိုင်ခွင့်ရ အီတာလျံ- ထိုင်းကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကို ရပ်ဆိုင်းလိုက်တယ်လို့ မြန်မာဘက်က မနေ့ကအတည်ပြု လိုက်ပါပြီ။

၂ရစတုရန်းကီလိုမီတာမြေဧရိယာပေါ်မှာ လုပ်ပိုင်ခွင့်ရအီတာလျံ- ထိုင်းကုမ္ပဏီနဲ့ စာချုပ် ရပ်ဆိုင်း တာကို ထိုင်းနဲ့နိုင်ငံတကာသတင်းအချို့မှာ ရေးသားဖော်ပြကြပေမယ့် မြန်မာဘက်ကတော့ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တရားဝင်အတည်ပြုပြောတာပါ။

အီတာလျံ- ထိုင်းကုမ္ပဏီဟာစီမံကိန်းအကောင်အထည်ဖော်ဖို့နှောင့်နေးကြန့်ကြာတာ၊ စာချုပ် မှာပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာတာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တာကြောင့် စာချုပ် ဖျက်သိမ်းကြောင်းကို ဒီဇင်ဘာလ ၃၀ ရက်က မြန်မာဘက်က ပေးပို့ခဲ့ပါတယ်။

အဲဒီလိုစာချုပ်ဖျက်သိမ်းတာနဲ့ပတ်သတ်ပြီး ထားဝယ်စီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က ဆိုပါတယ်။

အဲဒီစီမံကိန်းမှာပါဝင်ဖို့ ဂျပန်အစိုးရရဲ့ အစိုးရချင်းပူးပေါင်းဆောင်ရွက်ဖို့ အဆိုပြုလွှာ လက်ခံ ရရှိ ထားသလို မြန်မာ- ဂျပန်- ထိုင်းအစိုးရချင်းပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်သွားမယ်လို့ လည်း ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို မူလက ၂၀၄ ကီလိုမီတာကနေ ၁၉၆ ကီလိုမီတာပြောင်းလဲသတ်မှတ် ခဲ့ပြီး အီတာလျံ- ထိုင်းကုမ္ပဏီကထိုင်း- မြန်မာနှစ်လမ်းသွားလမ်းမအပါအဝင် ၂၇ ကီလိုမီတာအကျယ်မှာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ၁၀ မိုင်ပတ်လည်စက်မှုဇုန်စတဲ့ စီမံကိန်းကိုးခုလုပ်ပိုင်ခွင့်ရခဲ့တာပါ။

၂၀၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အဲဒီစာချုပ်ကို ထိုင်းကုမ္ပဏီ ဟာ စီမံကိန်းအကောင်အထည်ဖော်ဖို့နှောင့်နေးကြန့်ကြာတာ၊ စာချုပ် မှာပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာတာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ရပ်ဆိုင်းခဲ့ပါတယ်။

ဒါ့အပြင် စီမံကိန်းဧရိယာကြီးမားကျယ်ပြန့်တာဟာ ရင်းနှီးမြှပ်နှံသူတွေအတွက် အခက်အခဲ ဖြစ်သလို စီမံကိန်းဆောင်ရွက်မယ့် ဧရိယာကို ရွေးချယ်လုပ်ကိုင်သင့်တယ်ဆိုတဲ့ သင်ခန်းစာရခဲ့တယ်လို့ လည်း မြန်မာဘက်က ဆိုပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်၊ ထိုင်းနိုင်ငံအစိုးရတို့နဲ့အတူ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဉက္ကဌက ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ကနဦးအဆင့်စီမံကိန်းကို လုပ်ပိုင်ခွင့်ရတဲ့ အီတာလျံထိုင်းကုမ္ပဏီနဲ့ စာချုပ်တွေကိုလည်း သက်ဆိုင်ရာအစိုးရနဲ့ စီမံကိန်းမှာပါဝင်သူတွေနဲ့ ညှိနှိုင်းပြီးမှသာ ရပ်စဲခဲ့တာလို့ ဆိုပါတယ်။

စီမံကိန်းကို ပြန်လည်စတင်ဖို့အတွက် မိတ်ဖက်အသစ်တွေ ရှာဖို့ အခွင့်အရေးရှိလာတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဂျပန်အစိုးရကလည်း စီမံကိန်းမှာပါဝင်ဖို့ စိတ်ဝင်စားတာကြောင့် ဇုန်မှာပါဝင်မယ့် ရေနက်ဆိပ်ကမ်းအတွက် ကြိုတင်လေလာ့မှုတွေ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ကော်မတီက ထုတ်ပြန်ထားပါတယ်။

မြန်မာ၊ဂျပန်၊ထိုင်း အရာရှိတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်အစည်းအဝေးကိုလည်း မကြာခင်ကပဲ ကျင်းပခဲ့ပြီး ပူးတွဲကော်မတီရဲ့အစည်းအဝေးတွေကိုလည်း အမြန်ဆုံးကျင်းပဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

အီတာလျံထိုင်းကုမ္ပဏီနဲ့ ၂၀၁၅ ခုနှစ်ကတည်းက ချုပ်ဆိုထားတဲ့ စာချုပ်တွေရပ်ဆိုင်းတာကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထုတ်ပြန်ကြေညာခဲ့တာပါ။

အီတာလျံထိုင်းကုမ္ပဏီဟာ ကနဦးစီမံကိန်းကို ဆက်လုပ်ဖို့အတွက် ဘဏ္ဋာရေးအထောက်အထားတွေ တင်ပြဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားတာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အေျပာင္းအလဲေတြ႐ွိလာတဲ့ ထားဝယ္အထူးစီးပြားေရးဇုန္

ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးအဆင့္ စီမံကိန္းကိုးခုအတြက္ လုပ္ပိုင္ခြင့္ရ အီတာလ်ံ- ထိုင္းကုမၸဏီနဲ႔ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ရပ္ဆိုင္းလိုက္တယ္လို႔ ျမန္မာဘက္က မေန႔ကအတည္ျပဳ လိုက္ပါၿပီ။

၂ရစတုရန္းကီလိုမီတာေျမဧရိယာေပၚမွာ လုပ္ပိုင္ခြင့္ရအီတာလ်ံ- ထိုင္းကုမၸဏီနဲ႔ စာခ်ဳပ္ ရပ္ဆိုင္း တာကို ထိုင္းနဲ႔ႏိုင္ငံတကာသတင္းအခ်ိဳ႕မွာ ေရးသားေဖာ္ျပၾကေပမယ့္ ျမန္မာဘက္ကေတာ့ဒီကေန႔ သတင္းစာ႐ွင္းလင္းပြဲျပဳလုပ္ၿပီး တရားဝင္အတည္ျပဳေျပာတာပါ။

အီတာလ်ံ- ထိုင္းကုမၸဏီဟာစီမံကိန္းအေကာင္အထည္ေဖာ္ဖို႔ေႏွာင့္ေနးၾကန္႔ၾကာတာ၊ စာခ်ဳပ္ မွာပါဝင္တဲ့ ဘ႑ာေရးဆိုင္ရာတာဝန္ေတြကို ျဖည့္ဆည္းဖို႔ ပ်က္ကြက္ခဲ့တာေၾကာင့္ စာခ်ဳပ္ ဖ်က္သိမ္းေၾကာင္းကို ဒီဇင္ဘာလ ၃၀ ရက္က ျမန္မာဘက္က ေပးပို႔ခဲ့ပါတယ္။

အဲဒီလိုစာခ်ဳပ္ဖ်က္သိမ္းတာနဲ႔ပတ္သတ္ၿပီး ထားဝယ္စီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီဥကၠ႒ ေဒါက္တာထြန္းႏိုင္က ဆိုပါတယ္။

အဲဒီစီမံကိန္းမွာပါဝင္ဖို႔ ဂ်ပန္အစိုးရရဲ႕ အစိုးရခ်င္းပူးေပါင္းေဆာင္႐ြက္ဖို႔ အဆိုျပဳလႊာ လက္ခံ ရ႐ွိ ထားသလို ျမန္မာ- ဂ်ပန္- ထိုင္းအစိုးရခ်င္းပူးေပါင္းေဆာင္႐ြက္အေကာင္အထည္ေဖာ္သြားမယ္လို႔ လည္း ေဒါက္တာထြန္းႏိုင္က ေျပာပါတယ္။

ထားဝယ္အထူးစီးပြားေရးဇုန္ကို မူလက ၂၀၄ ကီလိုမီတာကေန ၁၉၆ ကီလိုမီတာေျပာင္းလဲသတ္မွတ္ ခဲ့ၿပီး အီတာလ်ံ- ထိုင္းကုမၸဏီကထိုင္း- ျမန္မာႏွစ္လမ္းသြားလမ္းမအပါအဝင္ ၂၇ ကီလိုမီတာအက်ယ္မွာ လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံ၊ ၁၀ မိုင္ပတ္လည္စက္မႈဇုန္စတဲ့ စီမံကိန္းကိုးခုလုပ္ပိုင္ခြင့္ရခဲ့တာပါ။

၂၀၁၅ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ အဲဒီစာခ်ဳပ္ကို ထိုင္းကုမၸဏီ ဟာ စီမံကိန္းအေကာင္အထည္ေဖာ္ဖို႔ေႏွာင့္ေနးၾကန္႔ၾကာတာ၊ စာခ်ဳပ္ မွာပါဝင္တဲ့ ဘ႑ာေရးဆိုင္ရာတာဝန္ေတြကို ျဖည့္ဆည္းဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုၿပီး ရပ္ဆိုင္းခဲ့ပါတယ္။

ဒါ့အျပင္ စီမံကိန္းဧရိယာႀကီးမားက်ယ္ျပန္႔တာဟာ ရင္းႏွီးျမႇပ္ႏွံသူေတြအတြက္ အခက္အခဲ ျဖစ္သလို စီမံကိန္းေဆာင္႐ြက္မယ့္ ဧရိယာကို ေ႐ြးခ်ယ္လုပ္ကိုင္သင့္တယ္ဆိုတဲ့ သင္ခန္းစာရခဲ့တယ္လို႔ လည္း ျမန္မာဘက္က ဆိုပါတယ္။

ထားဝယ္အထူးစီးပြားေရးဇုန္ စီမံကိန္းကို ဂ်ပန္၊ ထိုင္းႏိုင္ငံအစိုးရတို႔နဲ႔အတူ ဆက္လက္ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီဉကၠဌက ေျပာပါတယ္။

ထားဝယ္အထူးစီးပြားေရးဇုန္ရဲ႕ ကနဦးအဆင့္စီမံကိန္းကို လုပ္ပိုင္ခြင့္ရတဲ့ အီတာလ်ံထိုင္းကုမၸဏီနဲ႔ စာခ်ဳပ္ေတြကိုလည္း သက္ဆိုင္ရာအစိုးရနဲ႔ စီမံကိန္းမွာပါဝင္သူေတြနဲ႔ ညႇိႏိႈင္းၿပီးမွသာ ရပ္စဲခဲ့တာလို႔ ဆိုပါတယ္။

စီမံကိန္းကို ျပန္လည္စတင္ဖို႔အတြက္ မိတ္ဖက္အသစ္ေတြ ႐ွာဖို႔ အခြင့္အေရး႐ွိလာတာလို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ ဂ်ပန္အစိုးရကလည္း စီမံကိန္းမွာပါဝင္ဖို႔ စိတ္ဝင္စားတာေၾကာင့္ ဇုန္မွာပါဝင္မယ့္ ေရနက္ဆိပ္ကမ္းအတြက္ ႀကိဳတင္ေလလာ့မႈေတြ လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ေကာ္မတီက ထုတ္ျပန္ထားပါတယ္။ ျမန္မာ၊ဂ်ပန္၊ထိုင္း အရာ႐ွိေတြ ပါဝင္တဲ့ သုံးပြင့္ဆိုင္အစည္းအေဝးကိုလည္း မၾကာခင္ကပဲ က်င္းပခဲ့ၿပီး ပူးတြဲေကာ္မတီရဲ႕အစည္းအေဝးေတြကိုလည္း အျမန္ဆုံးက်င္းပဖို႔ ေမွ်ာ္မွန္းထားတယ္လို႔ သိရပါတယ္။

အီတာလ်ံထိုင္းကုမၸဏီနဲ႔ ၂၀၁၅ ခုႏွစ္ကတည္းက ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ေတြရပ္ဆိုင္းတာကို ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ထုတ္ျပန္ေၾကညာခဲ့တာပါ။

အီတာလ်ံထိုင္းကုမၸဏီဟာ ကနဦးစီမံကိန္းကို ဆက္လုပ္ဖို႔အတြက္ ဘဏၬာေရးအေထာက္အထားေတြ တင္ျပဖို႔လည္း ပ်က္ကြက္ခဲ့တယ္လို႔ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန္႔ခြဲမႈေကာ္မတီက ထုတ္ျပန္ထားတာပါ။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 02 Aug To 03 Aug

Inno City Special Sales Event

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service