ပုသိမ်စက်မူမြို့တော်စီမံကိန်း (PIC)တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ ထည့်သွင်းတည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1378 Views

ပုသိမ်စက်မူမြို့တော်စီမံကိန်း (PIC)တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ ထည့်သွင်းတည်ဆောက်မည်

ပုသိမ်စက်မူမြို့တော်စီမံကိန်း(PIC)၏ Pharse 2 အဆင့်တွင် တန်ဖိုးသင့် အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း Ayeyarwaddy Development Public အများပိုင် ကုမ္ပဏီလီမိတက်မှ သိရသည်။

“Pharse ၁ ပြီးတာနဲ့ ဒီ ၂၀၂၁ ထဲမှာပဲ ဆက်တိုက်ဖော်ဆောင်သွားမှာကတော့ ပုသိမ်မြို့ဆက်စီမံကိန်းပေါ့၊အဲဒါနဲ့ တစ်ဆက်တည်း အိမ်ရာစီမံကိန်း တွေ၊ တန်ဖိုးနည်းအိမ်ရာတွေပေါ့ ဖော်ဆောင်သွားမယ်၊မြို့ပြအင်္ဂါ ရပ်နဲ့ညီတဲ့ လူနေမှု ဘ၀ တစ်ရပ်တိုး တက် အောင်ပေါ့ ၊ ဘာဖြစ်လို့လဲဆိုတော့ အခုလက်ရှိ ပုသိမ်မှာက တကယ့်ကွာလတီ ကောင်းတဲ့ အိမ်ရာ စီမံကိန်းတွေ မရှိသေးဘူး၊ ပုသိမ်မြို့မှာလည်း သူရဲ့စီးပွားရေးအနေအထားနဲ့ လူနေမှု အဆင့် အတန်း တစ်ခုရှိပါတယ်၊ အဲဒီအတွက် သူတို့အတွက် နေရာတစ်ခုဖန်တီးပေးလို့ရှိရင် သူတို့အနေနဲ့ လွယ်လွယ် ကူကူ လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေနိုင်မယ်ပေါ့၊ အဓိကတော့ မြို့ရဲ့ စီးပွားရေးကို အထောက်အကူပြုချင်တယ်” ဟု Ayeyarwaddy Development Public အများပိုင် ကုမ္ပဏီမှ Deputy Chief Executive Officer ဦးကြည်သာထွန်းက ပြောဆိုသည်။

ယင်း Pharse 2 အဆင့်တွင် အိမ်ရာစီမံကိန်းများ၊ တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့်အတူ Hotel &resort ၊ ဈေးဝယ်စင်တာများ စီမံကိန်းများပါ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ဧက ၁၂၀၀ ရှိသည့် Pharse 1အဆင့်တွင် အင်တာနေရှင် နယ်ဆိပ်ကမ်း၊ စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်လျက်ရှိနေပြီး ၂၀၂၁ ခုနှစ်တွင်း အပြီး သတ်တည် ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်း၏ Pharse 1 ဧရိယာတွင် အထည်ချုပ်စက်ရုံလေးရုံခန့် စတင်လည်ပတ်နေပြီဖြစ်ပြီး ယခုနှစ်အတွင်း အထည်ချုပ်စက်ရုံသစ် လေးရုံခန့်ထပ်မံလည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

“Pharse 1 မှာဆို အင်တာနေရှင်နယ်ဆိပ်ကမ်း ပါပါတယ်၊ စက်ရုံအဆောက်အအုံတွေ ပါပါတယ်၊ နှစ်တို နှစ်ရှည် ဌားရမ်းလို့ရမယ့် စက်ရုံတွေပါပါတယ်၊ အခုဧက ၆၀၀ လောက်စ တင်လည်ပတ်နေပါပြီ၊ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်မယ်၊ ပြည်တွင်းစက်ရုံတွေ နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပေါ့ “ဟု ၎င်း ကထပ် လောင်းပြောဆိုသည်။

အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငပုတောကား လမ်းဘေးရှိ မြေဧက ၆၇၀၀ ပေါ်တွင် ပုသိမ်စက်မှုမြို့တော်စီမံကိန်းအား တည်ဆောက် နေခြင်းဖြစ်ပြီး ယင်းစီမံကိန်းတွင် Pharse 1 ၊ Pharse 2၊ Pharse 3 ဖြင့် အပိုင်းသုံးပိုင်းခွဲခြားကာ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရ သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ပုသိမ္စက္မူၿမိဳ႕ေတာ္စီမံကိန္း (PIC)တြင္ တန္ဖိုးသင့္အိမ္ရာစီမံကိန္းမ်ားႏွင့္ ေဈးဝယ္စင္တာမ်ား ထည့္သြင္းတည္ေဆာက္မည္

ပုသိမ္စက္မူၿမိဳ႕ေတာ္စီမံကိန္း(PIC)၏ Pharse 2 အဆင့္တြင္ တန္ဖိုးသင့္ အိမ္ရာစီမံကိန္းမ်ားႏွင့္ ေဈးဝယ္စင္တာမ်ား ထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း Ayeyarwaddy Development Public အမ်ားပိုင္ ကုမၸဏီလီမိတက္မွ သိရသည္။

“Pharse ၁ ၿပီးတာနဲ႔ ဒီ ၂၀၂၁ ထဲမွာပဲ ဆက္တိုက္ေဖာ္ေဆာင္သြားမွာကေတာ့ ပုသိမ္ၿမိဳ႕ဆက္စီမံကိန္းေပါ့၊အဲဒါနဲ႔ တစ္ဆက္တည္း အိမ္ရာစီမံကိန္း ေတြ၊ တန္ဖိုးနည္းအိမ္ရာေတြေပါ့ ေဖာ္ေဆာင္သြားမယ္၊ၿမိဳ႕ျပအဂၤါ ရပ္နဲ႔ညီတဲ့ လူေနမႈ ဘ၀ တစ္ရပ္တိုး တက္ ေအာင္ေပါ့ ၊ ဘာျဖစ္လို႔လဲဆိုေတာ့ အခုလက္႐ွိ ပုသိမ္မွာက တကယ့္ကြာလတီ ေကာင္းတဲ့ အိမ္ရာ စီမံကိန္းေတြ မ႐ွိေသးဘူး၊ ပုသိမ္ၿမိဳ႕မွာလည္း သူရဲ႕စီးပြားေရးအေနအထားနဲ႔ လူေနမႈ အဆင့္ အတန္း တစ္ခု႐ွိပါတယ္၊ အဲဒီအတြက္ သူတို႔အတြက္ ေနရာတစ္ခုဖန္တီးေပးလို႔႐ွိရင္ သူတို႔အေနနဲ႔ လြယ္လြယ္ ကူကူ လူေနမႈအဆင့္အတန္းျမင့္ျမင့္နဲ႔ ေနႏိုင္မယ္ေပါ့၊ အဓိကေတာ့ ၿမိဳ႕ရဲ႕ စီးပြားေရးကို အေထာက္အကူျပဳခ်င္တယ္” ဟု Ayeyarwaddy Development Public အမ်ားပိုင္ ကုမၸဏီမွ Deputy Chief Executive Officer ဦးၾကည္သာထြန္းက ေျပာဆိုသည္။

ယင္း Pharse 2 အဆင့္တြင္ အိမ္ရာစီမံကိန္းမ်ား၊ တန္ဖိုးသင့္အိမ္ရာစီမံကိန္းမ်ားႏွင့္အတူ Hotel &resort ၊ ေဈးဝယ္စင္တာမ်ား စီမံကိန္းမ်ားပါ ပါဝင္လာမည္ျဖစ္ေၾကာင္း သိရသည္။

ဧက ၁၂၀၀ ႐ွိသည့္ Pharse 1အဆင့္တြင္ အင္တာေန႐ွင္ နယ္ဆိပ္ကမ္း၊ စက္႐ုံ၊ အလုပ္႐ုံမ်ား တည္ေဆာက္လ်က္႐ွိေနၿပီး ၂၀၂၁ ခုႏွစ္တြင္း အၿပီး သတ္တည္ ေဆာက္သြားမည္ျဖစ္ၿပီး စီမံကိန္း၏ Pharse 1 ဧရိယာတြင္ အထည္ခ်ဳပ္စက္႐ုံေလး႐ုံခန္႔ စတင္လည္ပတ္ေနၿပီျဖစ္ၿပီး ယခုႏွစ္အတြင္း အထည္ခ်ဳပ္စက္႐ုံသစ္ ေလး႐ုံခန္႔ထပ္မံလည္ပတ္မည္ျဖစ္ေၾကာင္း သိရသည္။

“Pharse 1 မွာဆို အင္တာေန႐ွင္နယ္ဆိပ္ကမ္း ပါပါတယ္၊ စက္႐ုံအေဆာက္အအုံေတြ ပါပါတယ္၊ ႏွစ္တို ႏွစ္႐ွည္ ဌားရမ္းလို႔ရမယ့္ စက္႐ုံေတြပါပါတယ္၊ အခုဧက ၆၀၀ ေလာက္စ တင္လည္ပတ္ေနပါၿပီ၊ စက္႐ုံ၊ အလုပ္႐ုံေတြ လည္ပတ္မယ္၊ ျပည္တြင္းစက္႐ုံေတြ နဲ႔ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြေပါ့ “ဟု ၎ ကထပ္ ေလာင္းေျပာဆိုသည္။

အေမရိကန္ေဒၚလာ သန္း ၅၀၀ ရင္းႏွီးျမႇဳပ္ႏွံၿပီး ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ၿမိဳ႕နယ္ ငပုေတာကား လမ္းေဘး႐ွိ ေျမဧက ၆၇၀၀ ေပၚတြင္ ပုသိမ္စက္မႈၿမိဳ႕ေတာ္စီမံကိန္းအား တည္ေဆာက္ ေနျခင္းျဖစ္ၿပီး ယင္းစီမံကိန္းတြင္ Pharse 1 ၊ Pharse 2၊ Pharse 3 ျဖင့္ အပိုင္းသုံးပိုင္းခြဲျခားကာ တည္ေဆာက္ သြားမည္ျဖစ္ေၾကာင္း သိရ သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service