ကွန်ဒိုတွေကို စိစစ်နေမှု ပြန်လည်စတင် - Property News in Myanmar from iMyanmarHouse.com
1387 Views

ကွန်ဒိုတွေကို စိစစ်နေမှု ပြန်လည်စတင်

[Unicode]

ဆောက်လုပ်ပြီးနဲ့ဆောက်လုပ်ဆဲကွန်ဒိုတွေကိုစိစစ်နေမှု ကပ်ရောဂါကြောင့်ရပ်နားထားရကနေ ပြန်လည်စိစစ် စစ်ဆေးမှုတွေစတင်လိုက်ပါပြီ။

ဆောက်လုပ်ပြီးနဲ့ဆောက်လုပ်ဆဲကွန်ဒိုတွေကို ကွန်ဒိုမီနီယံ အဆင့်ရှိမရှိစိစစ်မှုတွေ လုပ်ဆောင်နေတာပြီးစီးတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ရေးကော်မတီထံကသိရပါတယ်။

ကွန်ဒိုမီနီယံတွေကို စိစစ်ဖို့ စာချုပ်စာတမ်း ၊ တံဆိပ်ခေါင်းခွန် နှင့် အချိုးသင့်ပိုင်ဆိုင်မှုတန်ဖိုး တွက်ချက်တဲ့ ဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

ကွန်ဒိုမီနီယံဥပဒေအရ ကွန်ဒိုမီနီယံတွေမှာ အနည်းဆုံး ၆ထပ်နှင့်အထက်ရှိရမည်ဖြစ်ပြီး အကျယ်အဝန်း စကွဲယားဖိ နှစ်သောင်း အထက် ကျော်လွန်တဲ့ မြေပေါ်မှာ တည်ဆောက်ထားတဲ့ အ ဆောက်အအုံဖြစ်ရမှာပါ။

ဒါ့အပြင် အရင်ကလိုမြေပိုင်ရှင်တစ်ဦးတည်း အမည် ပေါက်မဟုတ်တော့ ဘဲ စီမံခန့်ခွဲရေးကော်မတီထံတွင် ယင်းမြေကိုအပ်နှံရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်ပိုင် မြေမှ အများပိုင်မြေအဖြစ်လွှဲပြောင်းရမှာဖြစ်ပါတယ်။

လတ်တလော မှာ ဗဟိုဘဏ် ၊ ရှေ့နေချုပ်ရုံး ၊ အမြတ်ခွန် ၊ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတို့နဲ့လည်း နည်းဥပဒေအရ ခက်ခဲနေတဲ့ အဆင်မပြေမှုတွေကိုလည်းညှိုနှိုင်းနေတာပါ။

Condominium ဥပဒေကို ၁၉၉၂ ခုနှစ်တွင် စတင်၍ ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ဥပဒေ အတည်ပြု ပြဌာန်းနိုင်ခဲ့ ကာ နည်းဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က အတည်ပြု ပြဌာန်းခဲ့သည်။

ထိုပြဋ္ဌာန်းခဲ့သော နည်းဥပဒေ၏ လိုအပ်ချက်များ ရှိခြင်းကြောင့် ပြန်လည် ပြင်ဆင်ထားသည့် နည်းဥပဒေကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၄ ရက်က ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းခြင်း ဖြစ်သည်။

လက်ရှိ အတည်ပြုလိုက်သော Condominium ဥပဒေနှင့် နည်းဥပဒေတွင် ကွန်ဒို (စုပေါင်းပိုင် အဆောက်အအုံ)များကို နိုင်ငံခြားသားများအား ၄၀ ရာခိုင်နှုန်း ရောင်းချခွင့် ရရှိမည်ဖြစ်သောကြောင့် ဆောက်လုပ်ရေး ကဏ္ဍ အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ကောင်းများ ရရှိလာနိုင်ကြောင်း သိရသည်။

ကွန်ဒိုနည်းဥပဒေပြဋ္ဌာန်းပြီး နောက် တိုက်ခန်း၊ အိမ်ရာအ ဆောက်အအုံဆိုင်ရာ ဥပဒေနှင့် Apartment Law တို့ကို ဆက်လက်ပြဋ္ဌာန်းရန် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီစဉ်နေသည်။

ကွန်ဒိုနည်းဥပဒေပြဋ္ဌာန်းနိုင် ခြင်းသည် အရောင်းအဝယ်အေး နေသည့် ကွန်ဒို တိုက်ခန်းဈေး ကွက်အတွက် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်အချို့က ပြော သည်။

နိုင်ငံခြားသား ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့်ပေးထားသည့် ကွန်ဒို ဥပဒေအတွက် အသေးစိတ်အ ချက်အလက်များပါဝင်သည့် နည်း ဥပဒေပြဋ္ဌာန်းနိုင်ခြင်းက ဆောက် လုပ်ရေး လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ် ကြောင်း မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာလုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေး မှူး ဦးလားဇာက ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]
















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service