ကွန်ဒိုအခန်းအရေအတွက် ၁၅,၀၀၀ လောက်ထွက်ပေါ်လာနိုင်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
1126 Views
ကွန်ဒိုအခန်းအရေအတွက် ၁၅,၀၀၀ လောက်ထွက်ပေါ်လာနိုင်ဖွယ်ရှိ
[Unicode]
ရန်ကုန်မှာဆောက်လုပ်ဆဲ ကွန်ဒိုတိုက်ခန်းတွေထဲကနေ အခန်းအရေအတွက် ၁၅,၀၀၀ လောက်ထွက်ပေါ်လာဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှသိရပါတယ်။
ဒီထဲက အခန်းရေ ၆,၀၀၀ လောက်ကို နိုင်ငံခြားသားတွေကိုရောင်းချနိုင်ဖို့ရည်ရွယ်ထားတာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌ ဦးရှိန်ဝင်းကပြောပါတယ်။
တစ်ခန်းကို မြန်မာကျပ်ငွေသိန်း၂,၅၀၀ လောက်နဲ့ ရောင်းချနိုင်ခဲ့ရင်အမေရီကန်ဒေါ်လာ ၁ဒသမ ၁ဘီလီယံ နိုင်ငံခြားငွေရရှိနိုင်တာကြောင့် နိုင်ငံတော်ရဲ့စီးပွားရေးလည်ပတ်မှုကိုအထောက်အကူဖြစ်စေနိုင်မယ်လို့ ၎င်းကဆိုပါတယ်။
လက်ရှိမှာကွန်ဒိုဥပဒေပြဌာန်းပြီးဖြစ်တာကြောင့် နိုင်ငံခြားသားလုပ်ငန်းရှင်တွေကိုရောင်းချဖို့ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကမျှော်လင့်နေတာပါ။ ကွန်ဒိုတစ်လုံးမှာပါဝင်တဲ့အခန်းအရေအတွက် ၄၀ရာခိုင်နှုန်းကို နိုင်ငံခြားသားရောင်းချခွင့် ပြုထားတာ ဖြစ်ပါတယ်။
ကိုဗစ်ကြောင့် ရန်ကုန်မြို့ကဆောက်လုပ်ရေးလုပ်ငန်းအများစုဟာ ဧပြီနဲ့မေလတွေမှာ အများစုရပ်နားခဲ့တာပါ။
ပြီးခဲ့တဲ့ကပ်ရောဂါပထမလှိုင်းအပြီးဇွန်လကစပြီးတော့ တည်ဆောက်ရေးလုပ်ငန်းတွေ ရာနှုန်းည့်ပြပြန်လည် လည်ပတ်နေရာကနေစက်တင်ဘာလလောက်ကစတင်ပြီးရပ်နားခဲ့ရပါသေးတယ်။.
ဒီဇင်ဘာလလယ်လောက်ကစတင်ပြီးတာ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်လာပြီး ရာနှုန်းပြည့်လည်ပတ်နိုင်ခြင်းတော့မရှိသေးပါဘူး။
ကပ်ရောဂါကြောင့် ၂၀၂၁ ခုနှစ်အတွင်း မျှော်မှန်းထားတဲ့ကွန်ဒိုအဆောက်အဦးအိမ်ရာတွေအနေနဲ့ သတ်မှတ်ကာလထက်နောက်ကျပြီးစီးမယ့် အနေအထားလည်းဖြစ်ပေါ်နေတာပါ။
အရောင်းဈေးကွက်အနေနဲ့ကတော့လက်ရှိမှာ အွန်လိုင်းကိုသာ အဓိကအားထား ရောင်းချနေရတာဖြစ်ပြီးနှစ်လယ်ပိုင်းလောက်မှာ ရောင်းအားတွေပြန်လည်မြင့်တက်လာဖို့မျှော်လင့်နေတာပါ။
ကွန်ဒိုတိုက်ခန်းဈေးကွက်အနေနဲ့ နိုင်ငံခြားသားအဝယ်ကိုမျှော်နေရတာဖြစ်တာကြောင့် ပြည်တွင်းဈေးကွက် ဘက်ကိုလတ်တလောမှာပြောင်းလဲထားရတာပါ။ ရန်ကုန်မှာကပ်ရောဂါကာလအတွင်းအိမ်ခြံမြေအရောင်းအဝယ်ပိုင်းတွေနှေးကွေးခဲ့ပေမယ့် ၂၀၂၁ နှစ်စပိုင်းမှာ အရောင်းအဝယ်တွေပြန်လည်ကောင်းမွန်ဖို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေကမျှော်လင့်နေကြပါပြီ။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Upcoming Property Events
From 08 Jul To 08 Aug
Central Shophouse
From 09 Aug To 10 Aug
THADAR CONDOMINIUM
From 09 Aug To 10 Aug
Mingalar Market
YADANAR BON
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service