စွန်းစားလိုသည့် ခရီးသွားများအတွက် ချင်းပြည်နယ် ထန်တလန်မြို့နယ်က “မီအေပီရာဟူးတောင်နှင့် လေစိကျောက်ဂူ” - Property News in Myanmar from iMyanmarHouse.com
1063 Views

စွန်းစားလိုသည့် ခရီးသွားများအတွက် ချင်းပြည်နယ် ထန်တလန်မြို့နယ်က “မီအေပီရာဟူးတောင်နှင့် လေစိကျောက်ဂူ”

[Unicode]

စွန်းစားလိုသည့် ခရီးသွားများအတွက် ချင်းပြည်နယ် ထန်တလန်မြို့နယ်က “မီအေပီရာဟူးတောင်နှင့် လေစိကျောက်ဂူ”ကို ခရီးသွားလုပ်ငန်း ဖော်ဆောင်သွားမည့်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၄ ရက်က သိရသည်။

ထန်တလန်မြို့နယ် ဟရီဖီးကျေးရွာအနီး မီအေပီရာဟူးတောင်သည် အမြင့်ပေ ၆၅၀၀ ရှိ ပြီး၊ ၁၂၃၅၅ ဧက ကျယ်ဝန်းကာ တောင်ကြောတစ်လျှောက်တွင် တောရိုင်းတိရစ္ဆာန်များ၊ သစ်ခွပန်းများနှင့် တောင် ဆိတ်များ အလွန် ပေါများစွာ မြင်တွေ့နိုင် ကြောင်း၊တောင်ခြေတွင် ဒေသခံများ စပါး၊ ပဲ စိုက်ပျိုးသော ဧက ၃၀၀ ကျော်ရှိ Phaipi Nel ခေါ် လွင်ပြင်ကြီးကို မြင်တွေ့ နိုင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဟရီဖီးကျေးရွာအနီးရှိ လေစိကျောက်လိုဏ်ဂူမှာ အရှည်ပေ ၁၀၈၀ ရှိပြီး ကျောက်ဂူ၏ အကျယ်ဆုံးနေရာမှာ ၁၉ ပေ နှင့် အမြင့်ဆုံး နေရာသည် ၄၇ ပေရှိကြောင်းသိရသည်။ လိုဏ်ခေါင်း တစ်လျှောက်ကျောက်တုံးငယ်များနှင့် ဖြတ်သန်းစီး ဆင်းနေသည့် ချောင်းကိုတွေ့နိုင်ကြောင်း၊အဆိုပါကျောက်ဂူမှာ စွန့်စားလိုသူတွေအတွက် နေရာကောင်းဖြစ်ကြောင်း၊ ခြေနှစ်ဖက်နှင့် ကျောက်နံရံများကို ကန်ပြီး တက်ရခြင်းကြောင့် အန္တရာယ်များကြောင်း၊ယင်းကျောက်ဂူ၏ အောက်ဘက်ပိုင်း တွင် ရေအောက်ချောင်းရေသည် ရေတံခွန်လိုစီးဆင်းပြီး မြေကြီးနှင့်ဆက်စပ်နေသည့် အတွက် လေစိကျောက်ဂူလို့ နာမည် ပေးထားတာဖြစ်ကြောင်းသိရသည်။

ဟရီဖီးကျေးရွာသည် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၅၃၀၀ ရှိကာ ၊ ထန်တလန်မြို့၏ အနောက်ဘက် ၃၅ မိုင်အကွာ တွင် တည်ရှိကြောင်း အဆိုပါသတင်းအရ သိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service