မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
745 Views

မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

[Unicode]

“The Belt and Road” နှင့် စီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေး၏ အရေးပါသည့်စီမံကိန်းဖြစ်သည့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းဖြစ်မြောက်နိုင်ခြေလေ့လာမှု (Feasibility Study) ဆိုင်ရာ နားလည်မှုစာချွန်လွှာ အားလက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

China Railway Eryuan Engineering Group ကုမ္ပဏီလီမိတက်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးအောင်ဝင်း တို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး ယင်းတရုတ်-မြန်မာရထားလမ်း ချိတ်ဆက်ခြင်းစီမံကိန်းအရမြန်မာနိုင်ငံပြည်တွင်း ရထားလမ်း ဖောက်လုပ်ခြင်းသည် မြန်မာနိုင်ငံနှင့် လူဦးရေ ၁.၄ ဘီလီယံရှိသောကြီးမားသည့်ဈေးကွက်ကြီးနှင့် ကျယ်ပြန့်သော အာရှ-ဥရောပကုန်းမြေ (Eurasia) ကို ပိုမိုနီးကပ်စွာချိတ်ဆက်ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ကပြောဆိုသည်။

အဆိုပါ China Railway Eryuan Engineering Group ကုမ္ပဏီအနေဖြင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလကတရုတ်နိုင်ငံသမ္မတ Mr. Xi Jinping မြန်မာနိုင်ငံသို့ ခရီးစဉ် လာရောက်စဉ်အချိန်တွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ မူဆယ်-မန္တလေးရထားလမ်း ဖြစ်မြောက်နိုင်ခြေလေ့လာမှု အစီရင်ခံစာတင်ပြခဲ့ဖူးပြီး ယခုအခါ တရုတ်-မြန်မာပူးပေါင်းပြီး မန္တလေး-ကျောက်ဖြူရထားလမ်းပိုင်းဖြစ်မြောက်နိုင်ခြေ လေ့လာမှုကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တရုတ်ပြည်တွင်း ယူနန် တာလီ မှ ရွှေလီ အထိ ရထားလမ်းပိုင်းသည်၂၀၂၃ ခုနှစ်ကုန်တွင် ဖောက်လုပ်ပြီးစီး၍ ရထားပြေးဆွဲနိုင်မည်ဖြစ်ကာ တရုတ်-မြန်မာနယ်စပ်အထိပေါက်ရောက် မည်ဖြစ်ပြီး ယင်း မန္တလေး-ကျောက်ဖြူရထားလမ်း စီမံကိန်းက မြန်မာနိုင်ငံ၏ ပြည်တွင်းအမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း တရုတ်သံအမတ် က ပြောဆိုခဲ့သည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

မႏၲေလး-ေက်ာက္ျဖဴရထားလမ္း စီမံကိန္းျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈ (Feasibility Study) နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုး

“The Belt and Road” ႏွင့္ စီးပြားေရးစႀကႍ အတူတကြတည္ေဆာက္ေရး၏ အေရးပါသည့္စီမံကိန္းျဖစ္သည့္ တ႐ုတ္-ျမန္မာပူးေပါင္းေဆာင္႐ြက္မႈ မႏၲေလး-ေက်ာက္ျဖဴရထားလမ္း စီမံကိန္းျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈ (Feasibility Study) ဆိုင္ရာ နားလည္မႈစာခြၽန္လႊာ အားလက္မွတ္ေရးထိုးလိုက္ၿပီျဖစ္သည္။

China Railway Eryuan Engineering Group ကုမၸဏီလီမိတက္ႏွင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ျမန္မာ့မီးရထား အေထြေထြမန္ေနဂ်ာ ဦးေအာင္ဝင္း တို႔အၾကား နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးခဲ့ၿပီး ယင္းတ႐ုတ္-ျမန္မာရထားလမ္း ခ်ိတ္ဆက္ျခင္းစီမံကိန္းအရျမန္မာႏိုင္ငံျပည္တြင္း ရထားလမ္း ေဖာက္လုပ္ျခင္းသည္ ျမန္မာႏိုင္ငံႏွင့္ လူဦးေရ ၁.၄ ဘီလီယံ႐ွိေသာႀကီးမားသည့္ေဈးကြက္ႀကီးႏွင့္ က်ယ္ျပန္႔ေသာ အာ႐ွ-ဥေရာပကုန္းေျမ (Eurasia) ကို ပိုမိုနီးကပ္စြာခ်ိတ္ဆက္ေပးႏိုင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီး Mr. Chen Hai ကေျပာဆိုသည္။

အဆိုပါ China Railway Eryuan Engineering Group ကုမၸဏီအေနျဖင့္ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလကတ႐ုတ္ႏိုင္ငံသမၼတ Mr. Xi Jinping ျမန္မာႏိုင္ငံသို႔ ခရီးစဥ္ လာေရာက္စဥ္အခ်ိန္တြင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနသို႔ မူဆယ္-မႏၲေလးရထားလမ္း ျဖစ္ေျမာက္ႏိုင္ေျခေလ့လာမႈ အစီရင္ခံစာတင္ျပခဲ့ဖူးၿပီး ယခုအခါ တ႐ုတ္-ျမန္မာပူးေပါင္းၿပီး မႏၲေလး-ေက်ာက္ျဖဴရထားလမ္းပိုင္းျဖစ္ေျမာက္ႏိုင္ေျခ ေလ့လာမႈကို ဆက္လက္ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ တ႐ုတ္ႏိုင္ငံအေနျဖင့္ တ႐ုတ္ျပည္တြင္း ယူနန္ တာလီ မွ ေ႐ႊလီ အထိ ရထားလမ္းပိုင္းသည္၂၀၂၃ ခုႏွစ္ကုန္တြင္ ေဖာက္လုပ္ၿပီးစီး၍ ရထားေျပးဆြဲႏိုင္မည္ျဖစ္ကာ တ႐ုတ္-ျမန္မာနယ္စပ္အထိေပါက္ေရာက္ မည္ျဖစ္ၿပီး ယင္း မႏၲေလး-ေက်ာက္ျဖဴရထားလမ္း စီမံကိန္းက ျမန္မာႏိုင္ငံ၏ ျပည္တြင္းအမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အားျဖည့္ေပးႏိုင္မည္ျဖစ္ေၾကာင္း တ႐ုတ္သံအမတ္ က ေျပာဆိုခဲ့သည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
ပေါင် ၆၈ သန်း ချမ်းသာကြွယ်ဝသော ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ တိုင်ဆန်ဖြူရီက သားသမီး ၇ ဦးအား တစ်ပြားတစ်ချပ်မှ အမွေပေးမည်မဟုတ်က
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
အင်္ဂလန်တွင် ခြံဝန်းအတွင်း ခွေးတူဝက်တူကောင်များ သောင်းကျန်းနေသည့်အပြင် တစ်အိမ်လုံး မှိုစွဲနေ သောကြောင့် ဧည့်ခန်းထဲတွင် ၆
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
ကာဒါဆာမိ၏ နောက်ဆုံးထွက်သက် (သို့မဟုတ်) လူတစ်ဦးတည်းသာ နေထိုင်သော အိန္ဒိယက ကျေးရွာလေး
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
စီးပွားလာဘ်လာဘ ပိတ်စေသဖြင့် အိမ်တွင်မစိုက်ပျိုးသင့်တဲ့ ဆင်စွယ်ဂမုန်း
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးက
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
ရန်ကုန်တိုက်ခန်းအငှားဈေးကွက်အတွင်း ရေရရှိမှုနှင့် လေဝင်လေထွက်ကောင်းမွန်ရန် အရေးပါနေ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
တောင်ဒဂုံမြိုနယ်တွင် အိမ်ရာစီမံကိန်းများကြောင့် မြေကွက် ရင်းနှီးမြှုပ်နှံသူမြင့်တက်လာ
magical-world
ruby

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service