ကိုဗစ်ချေးငွေမှန်မှန်ကန်ကန်သုံးစွဲတာရှိမရှိ စောင့်ကြည့်မယ် - Property News in Myanmar from iMyanmarHouse.com
604 Views

ကိုဗစ်ချေးငွေမှန်မှန်ကန်ကန်သုံးစွဲတာရှိမရှိ စောင့်ကြည့်မယ်

[Unicode]

ကိုဗစ်ကြောင့်ထိခိုက်သွားတဲ့စီးပွားရေးလုပ်ငန်းတွေပြန်လည်ကုစားရေး CERP အစီအစဉ်အရထုတ်ချေးလိုက်တဲ့ချေးငွေတွေမှန်ကန်စွာအသုံးချခြင်းရှိမရှိစောင့်ကြည့်မှုတွေလုပ်ဆောင်သွားမယ်လို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်ကပြောပါတယ်။

ဧပြီလကစတင်ပြီးစီးပွားရေးလုပ်ငန်းတွေကိုချေးငွေတွေထုတ်ချေးလျှက်ရှိရာ စီးပွားရေးလုပ်ငန်းတွေထဲအမှန်တကယ်စီးဆင်းလည်ပတ်မှုမရှိပါက ပြန်လည်စစ်ဆေးပြီးအရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့လဲ၎င်းကပြောပါတယ်။

"ချေးငွေတွေတော့ထုတ်ပေးလိုက်တယ်ထိရောက်စွာသုံးရဲ့လားအကျိူးဖြစ်ရဲ့လား ဒါတွေကိုစောင့်ကြည့်မယ်လေ့လာဆန်းစစ်မယ် "လို့ ဦးထွန်းထွန်းနိုင်ကဆိုပါတယ်

အစိုးရက CERP လုပ်ငန်းစဉ်တွင်ပါရှိသောအသေးစား၊အလတ်စားလုပ်ငန်းများနှင့်ထိခိုက်လွယ်သောစီးပွားရေးလုပ်ငန်းအုပ်စုများကိုရွေးချယ်၍အတိုးနှုန်းသက်သာသောချေးငွေအစီအစဉ်ဖြင့်ဧပြီနှောင်းပိုင်းကစတင်ထောက်ပံ့ခဲ့တာပါ။

ချေးငွေအသုံးချမှုနဲ့ပတ်သတ်ပြီးလုပ်ငန်းရှင်တွေရဲ့အခက်အခဲကိုကုန်သည်စက်မှုအသင်းချုပ်ဒုဥက္ကဋ္ဌဒေါက်တာမောင်မောင်လေးကအခုလိုပြောပါတယ်။

"လုပ်ငန်းရှင်တွေကချေးငွေအတွက်မျှော်လင့်သလောက်မရတာတွေလည်းရှိတယ်ချေးငွေကိုအသုံးချတဲ့အခါမှာလစာမပေးနိုင်ဖို့လုပ်ငန်းဆက်ပြီးလည်ပတ်နိုင်ဖို့လောက်တောင်တချို့လုပ်ငန်းတွေအလျင်မမှီတာတွေလည်းရှိတယ်။

ပထမအသုတ်အနေနဲ့တစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်း ၃,၄၀၀ ကိုကျပ် ၁၀၁ ဘီလီယံချေးယူခွင့်ပြုခဲ့ပြီးနောက်စက်တင်ဘာလတွင်ဒုတိယအသုတ်ချေးငွေအဖြစ်ကျပ်ဘီလီယံ ၁၀၀ထုတ်ချေးဖို့လျှောက်လွှာခေါ်ယူခဲ့ပြီး လတ်တလောမှာလုပ်ငန်းပေါင်း၂၀၀၀ကျော်ကိုချေးငွေထုတ်ချေးထားပြီဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းကဏ္ဍပေါင်းစုံကို ထပ်မံထောက်ပံ့ရေးကျပ်ဘီလီယံ ၅၀၀အထိအစိုးရကအသုံးပြုပြီး ချေးငွေတွေထုတ်ချေးဖို့ပြင်ဆင်ထားတာပါ။

လက်ရှိမှာတော့ကိုဗစ်ကြောင့်ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့လုပ်ငန်းတွေကို ဦးစားပေးရွေးချယ်ပြီးလုပ်ငန်းအမျိူးအစားလိုက်ချေးငွေတွေထုတ်ချေးပေးနေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]




"ချေးငွေတွေတော့ထုတ်ပေးလိုက်တယ်ထိရောက်စွာသုံးရဲ့လားအကျိုးဖြစ်ရဲ့လား ဒါတွေကိုစောင့်ကြည့်မယ်လေ့လာဆန်းစစ်မယ် "လို့ ဦးထွန်းထွန်းနိုင်ကဆိုပါတယ်






လက်ရှိမှာတော့ကိုဗစ်ကြောင့်ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့လုပ်ငန်းတွေကို ဦးစားပေးရွေးချယ်ပြီးလုပ်ငန်းအမျိုးအစားလိုက်ချေးငွေတွေထုတ်ချေးပေးနေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။





Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service