ကန်ဒေါ်လာအတက်ဖက်ကို ဆက်သွားနိုင် - Property News in Myanmar from iMyanmarHouse.com
2745 Views

ကန်ဒေါ်လာအတက်ဖက်ကို ဆက်သွားနိုင်

[Unicode]

သွင်းကုန်လုပ်ငန်းတွေပြန်လည်ပတ်ဖို့ဒေါ်လာလိုအပ်ချက်မြင့်မားလာတာကြောင့် ဒေါ်လာဈေးကရက်ပိုင်းအတွင်းပြန်လည်မြင့်တက်လာတာလို့ စီးပွားရေးလုပ်ငန်းရှင်တွေကသုံးသပ်ပါတယ်။

ဝန်ထမ်းကားပါမစ်ကြောင့် ပြည်ပကကားတင်သွင်းသူများလာနိုင်တာ၊၊သွင်းကုန်လုပ်ငန်းအချို့ပြန်လည်ပတ်ဖို့တာဆူနေတာစတာတွေကြောင့် ဈေးကွက်မှာကန်ဒေါ်လာလိုအပ်များပြားလာကာရက်ပိုင်းအတွင်း ၅ ရာခိုင်နှုန်းလောက်မြင့်တက်လာတာလို့ Farmer Auto ကားအရောင်းပြခန်းပိုင်ရှင်ဒေါက်တာစိုးထွန်းကခန့်မှန်းပါတယ်။

ဒေါ်လာဈေးရုတ်တရက်မြင့်တက်လာတာကြောင့် မနေ့ကမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကဈေးနှုန်းတည်ငြိမ်စေဖို့ တစ်ဒေါ်လာ ၁,၃၇၂ကျပ်ဖြင့်ပုဂ္ဂလိကဘဏ်များမှတစ်ဆင့်ပြည်တွင်းဈေးကွက်ကို လေလံဈေးကွက်နဲ့ဒေါ်လာသုံးသန်းစတင်ထုတ်ရောင်းပေးခဲ့ပါသေးတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၅ရက် မနက်ပိုင်းမှာတော့အမေရိကန်တစ်ဒေါ်လာကို ၁၃၉၅ အထိမြင့်တက်လာခဲ့ပြီးမနေ့ကအပိတ်ဈေးကတော့ ၁၃၈၅ သာရှိခဲ့လို့ဈေးကွက်မှာတော့မြင့်တက်နေဆဲဖြစ်ပါတယ်။

ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ စီးပွားရေးလုပ်ငန်းအများစုပြန်လည်ပြီးလည်ပတ်နိုင်ဖွယ်ရှိလို့ ဒေါ်လာဈေးကတော့အတက်ဘက်ကိုဦးတည်နိုင်ပြီး ပို့ကုန်လုပ်ငန်းရှင်တွေအတွက်အကောင်းဆုံးအခြေအနေဖြစ်သွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်နေကြပါပြီ။

ပုံမှန်အချိန်တွင်နှုန်းထားတစ်ခုဖြင့်ဒေါ်လာဝယ်ယူ၍ပြည်ပမှကုန်စည်တင်သွင်းရောင်းချပြီးချိန်တွင် ဒေါ်လာတန်ဖိုးထပ်မံမြင့်တက်ခြင်းကအကျိုးအမြတ်လျော့နည်းစေသည်ဟု ထိုင်းနိုင်ငံမှလူသုံးကုန်ပစ္စည်းများတင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

သို့သော် ကပ်ရောဂါကာလအတွင်းဝယ်လိုအားနည်းခြင်းကြောင့်ကုန်စည်တင်သွင်းမှုလည်းလျော့နည်းသည်ဟု ၎င်းကပြောသည်။

ပြည်တွင်းငွေကြးဈေးကွက်တွင်ဒေါ်လာတန်ဖိုးဆက်တိုက်မြင့်တက်လာသကဲ့သို့ ပြည်တွင်းရွှေဈေးလည်းအနည်းငယ်မြင့်တက်သည်။နှစ်ပတ်အတွင်းပြည်တွင်းအခေါက်ရွှေဈေးတစ်ကျပ်သားလျှင်ကျပ် ၁၂၉၀,၀၀၀ကျော်မှ ၁၃၁၆,၀၀၀ကျပ်သို့မြင့်တက်လာသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service