ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများစာချုပ်ချုပ်ဆိုရာတွင် အခက်ကြုံ - Property News in Myanmar from iMyanmarHouse.com
814 Views

ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါကြောင့် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများစာချုပ်ချုပ်ဆိုရာတွင် အခက်ကြုံ

[Unicode]

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကြောင့် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းများ စာချုပ်ချုပ်ဆိုရာတွင်အခက်အခဲများ ကြုံတွေ့နေရပြီး အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများအပေါ် ထိခိုက်မှုရှိနေရာဖြေလျော့ပေးမှုများ လိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။

“တစ်ချို့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဖွင့်ပေးတယ်၊ မော်တော်ကား ဝန်ဆောင်မှု၊ ငွေကြေးဝန်ဆောင်မှု၊အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေကို ပိတ်ထားတဲ့အတွက် အကျိုးဆောင်လုပ်ငန်းတွေသည် ပဋိညာဉ်အက်ဥပဒေအရ ရက်စွဲတွေနဲ့သတ်မှတ်ပေးတာ၊ ဥပမာ ဆိုပါစို့ ဒီဇင်ဘာ ၅ ရက်မှာ စရန်ချတယ်ဆိုပါစို့၊ ၁၇ ရက်မှာ ငွေချေပါ့မယ်ဆိုရင် ကိုဗစ်နဲ့ပိတ်ထားလို့ ငွေချေ လို့မရဘူးဆိုရင် ပဋိညာဉ်အက်ဥပဒေနဲ့ကျွန်တော်တို့က ရှုပ်ကုန်ရော၊ အဲလို ငွေရေးကြေးရေး ပြဿနာတွေ ဖြစ်လာတယ်၊ နောက်တစ်ခါရုံးပြင်မှာ စာချုပ်ချုပ်ဖို့အတွက်ကို ဟိုမသွားရ၊ ဒီမသွားရဆိုရင် ဌားပြီးအသုံးချမယ့် သူရော၊နေမယ့်သူတွေအတွက်ရော ရောင်းချင်တဲ့သူအဖို့ရော၊ ရောင်းပြီးတော့ ဝယ်မယ့်သူအဖို့ရော အကုန်လုံးအဟန့်အတားဖြစ်တဲ့အတွက် အိမ်ခြံမြေဝန်ဆောင်မှု လုပ်ငန်းကတော့ ပိတ်ထားတဲ့အထဲမပါသင့်ဘူး “ ဟု မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင် ကပြောဆိုသည်။

ထို့ပြင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း အိမ်ပြင်ထွက်မရသည့် ဖြစ်စဉ်များကြောင့် အိမ်ခြံမြေအရောင်းအဝယ် ပျက်ပြားမှုများ ဖြစ်ပေါ်နေပြီး အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနိုင်ငံတော်မှ စည်းကမ်းတကျဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဖြေလျော့ပေးမှုမျုားလိုအပ်လျက်ရှိကြောင်း သိရသည်။

“အိမ်ခြံမြေလုပ်ငန်းမှာက စာချုပ်စာတမ်းနဲ့ အတိအကျလုပ်ရတဲ့အတွက် ဒါကို ပိတ်ထားခြင်းအားဖြင့်ပြည်သူ တစ်ဦးနဲ့တစ်ဦးကြားမှာ ငွေရေးကြေးရေး ပြဿနာဖြစ်တယ်၊ မလိုအပ်ဘဲနဲ့ တရားရုံးကိုရောက်တက်တယ်၊ အချိန်မီ စာချုပ်မချုပ်နိုင်ဘူး၊ အချိန်မီ ငွေပေးချေလို့မရဘူး၊ မရောင်းရသေးတာကမရောင်းဘဲထားလို့ရတယ်၊ မဝယ်ရသေးတာ မဝယ်ဘဲထားလို့ရတယ်၊ အရောင်းအဝယ်ဖြစ်သွားလို့ကြိုက်နှစ်သက်လို့ ဝယ်တဲ့ရောင်းတဲ့ အပေါ်မှာတော့ ဒီအပေါ်မှာ တအားကြီး တင်းကြပ်ထားလို့ရှိရင်ငွေရေးကြေးရေးတွေက တစ်ယောက်နဲ့ တစ်ယောက် စကားပြောရတဲ့နေရာမှာထိတွေ့မှုလည်းမရတဲ့အတွက် အဆင်မပြေတာတွေ အများကြီးတွေ့ရတယ်၊ နိုင်ငံတော်အနေနဲ့အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွေကို စည်းကမ်းစနစ်တကျနဲ့ ဖွင့်ခွင့်ပြုသင့်ပါတယ်” ဟု ၎င်းကထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ကိုဗစ္-၁၉ ကူးစက္ျမန္ေရာဂါေၾကာင့္ အိမ္ျခံေျမ အေရာင္းအဝယ္လုပ္ငန္းမ်ားစာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ အခက္ၾကဳံ

ကိုဗစ္-၁၉ ကူးစက္ျပန္႔ပြားမႈေၾကာင့္ အိမ္ျခံေျမ အေရာင္းအဝယ္လုပ္ငန္းမ်ား စာခ်ဳပ္ခ်ဳပ္ဆိုရာတြင္အခက္အခဲမ်ား ၾကဳံေတြ႕ေနရၿပီး အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္သူမ်ားအေပၚ ထိခိုက္မႈ႐ွိေနရာေျဖေလ်ာ့ေပးမႈမ်ား လိုအပ္လ်က္႐ွိေၾကာင္း ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္းဖြံၿဖိဳးတိုးတက္ေရးအသင္းမွ သိရသည္။

“တစ္ခ်ိဳ႕ဝန္ေဆာင္မႈလုပ္ငန္းေတြကို ဖြင့္ေပးတယ္၊ ေမာ္ေတာ္ကား ဝန္ေဆာင္မႈ၊ ေငြေၾကးဝန္ေဆာင္မႈ၊အိမ္ျခံေျမဝန္ေဆာင္မႈလုပ္ငန္းေတြကို ပိတ္ထားတဲ့အတြက္ အက်ိဳးေဆာင္လုပ္ငန္းေတြသည္ ပဋိညာဥ္အက္ဥပေဒအရ ရက္စြဲေတြနဲ႔သတ္မွတ္ေပးတာ၊ ဥပမာ ဆိုပါစို႔ ဒီဇင္ဘာ ၅ ရက္မွာ စရန္ခ်တယ္ဆိုပါစို႔၊ ၁၇ ရက္မွာ ေငြေခ်ပါ့မယ္ဆိုရင္ ကိုဗစ္နဲ႔ပိတ္ထားလို႔ ေငြေခ် လို႔မရဘူးဆိုရင္ ပဋိညာဥ္အက္ဥပေဒနဲ႔ကြၽန္ေတာ္တို႔က ႐ႈပ္ကုန္ေရာ၊ အဲလို ေငြေရးေၾကးေရး ျပႆနာေတြ ျဖစ္လာတယ္၊ ေနာက္တစ္ခါ႐ုံးျပင္မွာ စာခ်ဳပ္ခ်ဳပ္ဖို႔အတြက္ကို ဟိုမသြားရ၊ ဒီမသြားရဆိုရင္ ဌားၿပီးအသုံးခ်မယ့္ သူေရာ၊ေနမယ့္သူေတြအတြက္ေရာ ေရာင္းခ်င္တဲ့သူအဖို႔ေရာ၊ ေရာင္းၿပီးေတာ့ ဝယ္မယ့္သူအဖို႔ေရာ အကုန္လုံးအဟန္႔အတားျဖစ္တဲ့အတြက္ အိမ္ျခံေျမဝန္ေဆာင္မႈ လုပ္ငန္းကေတာ့ ပိတ္ထားတဲ့အထဲမပါသင့္ဘူး “ ဟု ျမန္မာႏိုင္ငံအိမ္ျခံေျမလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း ဥကၠဌ ဦးတင္ေမာင္ ကေျပာဆိုသည္။

ထို႔ျပင္ ကိုဗစ္-၁၉ ျဖစ္ပြားေနစဥ္အတြင္း အိမ္ျပင္ထြက္မရသည့္ ျဖစ္စဥ္မ်ားေၾကာင့္ အိမ္ျခံေျမအေရာင္းအဝယ္ ပ်က္ျပားမႈမ်ား ျဖစ္ေပၚေနၿပီး အိမ္ျခံေျမဝန္ေဆာင္မႈလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစေရးႏိုင္ငံေတာ္မွ စည္းကမ္းတက်ျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ႏိုင္ရန္ ေျဖေလ်ာ့ေပးမႈမ်ဳားလိုအပ္လ်က္႐ွိေၾကာင္း သိရသည္။

“အိမ္ျခံေျမလုပ္ငန္းမွာက စာခ်ဳပ္စာတမ္းနဲ႔ အတိအက်လုပ္ရတဲ့အတြက္ ဒါကို ပိတ္ထားျခင္းအားျဖင့္ျပည္သူ တစ္ဦးနဲ႔တစ္ဦးၾကားမွာ ေငြေရးေၾကးေရး ျပႆနာျဖစ္တယ္၊ မလိုအပ္ဘဲနဲ႔ တရား႐ုံးကိုေရာက္တက္တယ္၊ အခ်ိန္မီ စာခ်ဳပ္မခ်ဳပ္ႏိုင္ဘူး၊ အခ်ိန္မီ ေငြေပးေခ်လို႔မရဘူး၊ မေရာင္းရေသးတာကမေရာင္းဘဲထားလို႔ရတယ္၊ မဝယ္ရေသးတာ မဝယ္ဘဲထားလို႔ရတယ္၊ အေရာင္းအဝယ္ျဖစ္သြားလို႔ႀကိဳက္ႏွစ္သက္လို႔ ဝယ္တဲ့ေရာင္းတဲ့ အေပၚမွာေတာ့ ဒီအေပၚမွာ တအားႀကီး တင္းၾကပ္ထားလို႔႐ွိရင္ေငြေရးေၾကးေရးေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ စကားေျပာရတဲ့ေနရာမွာထိေတြ႕မႈလည္းမရတဲ့အတြက္ အဆင္မေျပတာေတြ အမ်ားႀကီးေတြ႕ရတယ္၊ ႏိုင္ငံေတာ္အေနနဲ႔အိမ္ျခံေျမဝန္ေဆာင္မႈလုပ္ငန္းေတြကို စည္းကမ္းစနစ္တက်နဲ႔ ဖြင့္ခြင့္ျပဳသင့္ပါတယ္” ဟု ၎ကထပ္ေလာင္းေျပာဆိုသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service