နွေရာသီရန်ကုန်မှာရေမပြတ်ဖို့အရေးပေါ်အစီအမံတွေ စည်ပင်လုပ်ဆောင်နေ - Property News in Myanmar from iMyanmarHouse.com
992 Views

နွေရာသီရန်ကုန်မှာရေမပြတ်ဖို့အရေးပေါ်အစီအမံတွေ စည်ပင်လုပ်ဆောင်နေ

[Unicode]

အခုနှစ်မိုးရေဝင်ရောက်မှုနည်းပါးတာကြောင့် ရန်ကုန်မြို့ကိုအဓိကဖြန့်ဖြူးနေတဲ့ရေလှောင်ကန်တွေကနေနွေရာသီမှာရေမပြတ်လပ်စေဖို့အရေးပေါ်အစီအမံတွေလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံကသိရပါတယ်။

ရာသီဥတုပြောင်းလဲခြင်းရဲ့နောက်ဆက်တွဲအဖြစ်မိုးရေရရှိမှုနည်းပါးတာကြောင့် ရန်ကုန်မြို့ရဲ့အဓိကရေပေးဝေနေတဲ့ဂျိုးဖြူ၊လှော်ကား၊ဖူးကြီးနဲ့ငမိုးရိပ်ရေလှောင်ကန်တို့မှာ ကန်ရေမပြည့်တဲ့အခြေအနေတွေဖြစ်ပေါ်နေတာပါ။

ဒါ့ကြောင့် မကြာမီရောက်ရှိလာတော့မယ့်နွေရာသီကာလသောက်သုံးရေနဲ့စိုက်ပျိုးရေတွေအတွက် အရေးပေါ်အစီအမံတွေလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရေရရှိရေးနဲ့ရေပေးဝေရေးလုပ်ငန်းမှတာဝန်ခံအဖွဲ့ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းကဆိုပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းမှတာဝန်ခံအဖွဲ့ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးမြင့်ဇော်သန်းက “ဂျိုးဖြူရေပေးရေးစနစ်မှာကတစ်ရက်ကိုရေဂါလန်၂၇ သန်းသာပေးဝေနိုင်တာမို့အားလုံးမျှသုံးလာရတဲ့အခြေအနေကြောင့် အချိန်ပိုင်းရေပေးဝေရေးစနစ်ဖြစ်ပေါ်လာတယ်။အဲဒါကြောင့်မြေအောက်ရေနဲ့ရေပေးဝေတဲ့စနစ်ကိုလည်းကျင့်သုံးခဲ့ရတယ်။’’ ဟုပြောသည်။

ထို့ပြင်နောက်ထပ်ရလာနိုင်မည့်ရေအရင်းအမြစ်များမှတစ်ဆင့်ရေပေးဝေနိုင်ရေးအတွက် Master Plan များရေးဆွဲပြီးဖြစ်ကြောင်းဆိုသည်။၂၀၂၅ ခုနှစ်၌စီမံကိန်းပြီးစီးမည်ဖြစ်ကြောင်း၊၎င်းအချိန်တွင်ရေပေးဝေရေးဇုန် ၁ဖြစ်သောမြို့လယ်ပိုင်းအပြင်မြို့နယ် ၁၄မြို့နယ်ကိုပါရေအပြည့်အ၀ပေးဝေသွားနိုင်တော့မည်ဖြစ်ကြောင်း၊အဆိုပါစီမံကိန်း၏ပထမအဆင့်တွင်တစ်ရက်လျှင်ရေဂါလန်သန်း ၆၀အထိရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါစီမံကိန်းမှာစတုတ္ထအဆင့်အထိသွားမည်ဖြစ်သည့်အတွက်စီမံကိန်းစတုတ္ထအဆင့်ပြီးဆုံးပါကနေ့စဉ်ပြည့်ပြည့်ဝဝရေပေးဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများမပြီးသေးမီအချိန်၌ရရှိထားပြီးဖြစ်သည့်ရေများကိုအချိန်ပိုင်းမျှဝေသုံးစွဲကြရန်နှင့် ရရှိပြီးသားရေများကိုအကျိုးရှိရှိအသုံးပြုကြစေချင်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်မြို့မှာနေ့စဉ်ရေဂါလံ၂၀၅ သန်းဖြန့်ဖြူးပေးဝေလျက်ရှိပြီးလှော်ကားကန်မှရေဂါလန် ၁၄သန်း၊ဂျိုးဖြူကန်မှဂါလန် ၂၇သန်း၊ဖူးကြီးကန်မှဂါလန် ၅၄သန်း၊ငမိုးရိပ်ရေသန့်စင်စက်ရုံမှရေဂါလန်သန်း ၉၀နဲ့အောက်အဝီစိတွင်းပေါင်း ၄၉၅တွင်းမှဂါလန်သန်း ၂၀စုစုပေါင်းရေဂါလန် ၂၀၅သန်းကိုဖြန့်ဖြူးနေတယ်လို့ ရေရရှိရေးနဲ့ရေပေးဝေရေးလုပ်ငန်းမှာဖော်ပြထားပါတယ်။

နှစ်စဉ်နွေရာသီရောက်တိုင်းကန်ရေနဲ့တွင်းရေတွေခန်းခြောက်ကုန်တာကြောင့် ရန်ကုန်မြို့စွန်မြို့နယ်တွေမှာစည်ပင်ကပေးဝေတဲ့ရေကိုအားထားအသုံးပြုနေရတာလည်းဖြစ်ပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေႏြရာသီရန္ကုန္မွာေရမျပတ္ဖို႔အေရးေပၚအစီအမံေတြ စည္ပင္လုပ္ေဆာင္ေန

အခုႏွစ္မိုးေရဝင္ေရာက္မႈနည္းပါးတာေၾကာင့္ ရန္ကုန္ၿမိဳ႕ကိုအဓိကျဖန္႔ျဖဴးေနတဲ့ေရေလွာင္ကန္ေတြကေနေႏြရာသီမွာေရမျပတ္လပ္ေစဖို႔အေရးေပၚအစီအမံေတြလုပ္ေဆာင္ေနတယ္လို ႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံကသိရပါတယ္။

ရာသီဥတုေျပာင္းလဲျခင္းရဲ႕ေနာက္ဆက္တြဲအျဖစ္မိုးေရရ႐ွိမႈနည္းပါးတာေၾကာင့္ ရန္ကုန္ၿမိဳ႕ရဲ႕အဓိကေရေပးေဝေနတဲ့ဂ်ိဳးျဖဴ၊ေလွာ္ကား၊ဖူးႀကီးနဲ႔ငမိုးရိပ္ေရေလွာင္ကန္တို႔မွာ ကန္ေရမျပည့္တဲ့အေျခအေနေတြျဖစ္ေပၚေနတာပါ။

ဒါ့ေၾကာင့္ မၾကာမီေရာက္႐ွိလာေတာ့မယ့္ေႏြရာသီကာလေသာက္သုံးေရနဲ႔စိုက္ပ်ိဳးေရေတြအတြက္ အေရးေပၚအစီအမံေတြလုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေရရ႐ွိေရးနဲ႔ေရေပးေဝေရးလုပ္ငန္းမွတာဝန္ခံအဖြဲ႕ဌာနမႉး (ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္) ဦးျမင့္ေဇာ္သန္းကဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီေရရ႐ွိေရးႏွင့္ေရေပးေဝေရးလုပ္ငန္းမွတာဝန္ခံအဖြဲ႕ဌာနမႉး (ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္) ဦးျမင့္ေဇာ္သန္းက “ဂ်ိဳးျဖဴေရေပးေရးစနစ္မွာကတစ္ရက္ကိုေရဂါလန္၂၇ သန္းသာေပးေဝႏိုင္တာမို႔အားလုံးမွ်သုံးလာရတဲ့အေျခအေနေၾကာင့္ အခ်ိန္ပိုင္းေရေပးေဝေရးစနစ္ျဖစ္ေပၚလာတယ္။အဲဒါေၾကာင့္ေျမေအာက္ေရနဲ႔ေရေပးေဝတဲ့စနစ္ကိုလည္းက်င့္သုံးခဲ့ရတယ္။’’ ဟုေျပာသည္။

ထို႔ျပင္ေနာက္ထပ္ရလာႏိုင္မည့္ေရအရင္းအျမစ္မ်ားမွတစ္ဆင့္ေရေပးေဝႏိုင္ေရးအတြက္ Master Plan မ်ားေရးဆြဲၿပီးျဖစ္ေၾကာင္းဆိုသည္။၂၀၂၅ ခုႏွစ္၌စီမံကိန္းၿပီးစီးမည္ျဖစ္ေၾကာင္း၊၎အခ်ိန္တြင္ေရေပးေဝေရးဇုန္ ၁ျဖစ္ေသာၿမိဳ႕လယ္ပိုင္းအျပင္ၿမိဳ႕နယ္ ၁၄ၿမိဳ႕နယ္ကိုပါေရအျပည့္အ၀ေပးေဝသြားႏိုင္ေတာ့မည္ျဖစ္ေၾကာင္း၊အဆိုပါစီမံကိန္း၏ပထမအဆင့္တြင္တစ္ရက္လွ်င္ေရဂါလန္သန္း ၆၀အထိေရေပးေဝႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။အဆိုပါစီမံကိန္းမွ ာစတုတၳအဆင့္အထိသြားမည္ျဖစ္သည့္အတြက္စီမံကိန္းစတုတၳအဆင့္ၿပီးဆုံးပါကေန႔စဥ္ျပည့္ျပည့္ဝဝေရေပးေဝသြားႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္းမ်ားမၿပီးေသးမီအခ်ိန္၌ရ႐ွိထားၿပီးျဖစ္သည့္ေရမ်ားကိုအခ်ိန္ပိုင္းမွ်ေဝသုံးစြဲၾကရန္ႏွင့္ ရ႐ွိၿပီးသားေရမ်ားကိုအက်ိဳး႐ွိ႐ွိအသုံးျပဳၾကေစခ်င္ေၾကာင္း ၎ကဆိုသည္။

ရန္ကုန္ၿမိဳ႕မွာေန႔စဥ္ေရဂါလံ၂၀၅ သန္းျဖန္႔ျဖဴးေပးေဝလ်က္႐ွိၿပီးေလွာ္ကားကန္မွေရဂါလန္ ၁၄သန္း၊ဂ်ိဳးျဖဴကန္မွဂါလန္ ၂၇သန္း၊ဖူးႀကီးကန္မွဂါလန္ ၅၄သန္း၊ငမိုးရိပ္ေရသန္႔စင္စက္႐ုံမွေရဂါလန္သန္း ၉၀နဲ႔ေအာက္အဝီစိတြင္းေပါင္း ၄၉၅တြင္းမွဂါလန္သန္း ၂၀စုစုေပါင္းေရဂါလန္ ၂၀၅သန္းကိုျဖန္႔ျဖဴးေနတယ္လို႔ ေရရ႐ွိေရးနဲ႔ေရေပးေဝေရးလုပ္ငန္းမွာေဖာ္ျပထားပါတယ္။

ႏွစ္စဥ္ေႏြရာသီေရာက္တိုင္းကန္ေရနဲ႔တြင္းေရေတြခန္းေျခာက္ကုန္တာေၾကာင့္ ရန္ကုန္ၿမိဳ႕စြန္ၿမိဳ႕နယ္ေတြမွာစည္ပင္ကေပးေဝတဲ့ေရကိုအားထားအသုံးျပဳေနရတာလည္းျဖစ္ပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service