ရန်ကုန်က အဌားအိမ်ရာစီမံကိန်းအတွက် မြေစမ်းသပ်မှုလုပ်ငန်းများစတင် - Property News in Myanmar from iMyanmarHouse.com
1386 Views

ရန်ကုန်က အဌားအိမ်ရာစီမံကိန်းအတွက် မြေစမ်းသပ်မှုလုပ်ငန်းများစတင်

[Unicode]

ဒဂုံမြို့သစ်(တောင်ပိုင်း) ၌ အခန်းပေါင်း ၅,၀၀၀ ကျော်ပါ ဝင်သော ပြည့်သူ့အငှားအိမ်ရာ စီမံကိန်း စတင်ဆောင်ရွက်ရန် မြေစမ်းသပ်မှုစတင်နေပြီဖြစ်ကြောင်းမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်မီမီတင်ကပြော သည်။

ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် အခန်းယူနစ် ၁၀,၀၀၀ ရှိမည့် ပြည်သူ့အငှား အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် မန္တလေးတိုင်းနှင့် နေပြည်တော်၌ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး လုပ်ငန်းများ စတင်နေကာ ရန်ကုန်တိုင်းအတွက်မူစာချုပ်ချုပ်ဆိုရန် ကျန်နေ ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်ကပြော သည်။

‘‘စာချုပ်က အခုလာမယ့် တစ်ပတ်အတွင်း ဖြစ်ဖို့များတယ်။ လောလောဆယ် တည်ဆောက် မယ့်နေရာမှာ မြေစမ်းသပ်တာ တွေလုပ်နေတယ်။ အဲဒီနေရာရေ လွှမ်းတာလေးရှိတော့ လမ်းတို့ မြောင်းတို့ သေချာပြင်ဆင်နိုင် အောင်လည်း ဆောင်ရွက်နေ တယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်၊နေပြည်တော်နှင့် မန္တလေးတို့၌ အကောင်အထည် ဖော်မည့် ယူနစ် ၁၀,၀၀၀ ရှိ အ ငှားအိမ်ရာစီမံကိန်းများကို အပိုင်း နှစ်ပိုင်းခွဲ၍ ဆောင်ရွက်မည်ဖြစ် ကြောင်း ဒေါ်မီမီတင်က ဆိုသည်။

‘‘ရန်ကုန်မှာဆို ပထမအဆင့် ၁၉၄ လုံးဆောက်မယ်။ ဒုတိယအဆင့်အနေနဲ့ ၁၉၉ ပေါ့။ နေပြည်တော်မှာဆို ပထမအဆင့် ၂၈လုံးဆောက်မယ်။ ဒုတိယအ ဆင့်မှာတော့ ၁၆ လုံးပါ။ မန္တလေးမှာဆိုလည်း ပထမဆင့် ၉၁ လုံး၊ ဒုတိယအဆင့် ၉၇လုံးပါ။ မန္တလေးနဲ့နေပြည်တော်က စာချုပ်တွေလည်းချုပ်ပြီးသွားပါပြီ။ ရန်ကုန်ကတော့ ရန်ကုန်တိုင်းဒေသကြီး ကတ်ဘိနက်က အတည်ပြုပြီးရှေ့ နေရုံးကနေ စာချုပ်တွေစစ်ဆေး ပြီးရင်တော့ တစ်ပတ်အတွင်းစာ ချုပ်ချုပ်နိုင်မယ်လို့ထင်ပါတယ်’’ ဟု ဒေါ်မီမီတင်ကပြောသည်။

အငှားအိမ်ရာစီမံကိန်းအ တွက် မြို့နယ်အလိုက် ငှားရမ်း မည့်ဈေးနှုန်းများကို စိစစ်အကဲ ဖြတ်နေဆဲဖြစ်ပြီး ပြည်သူ့အငှား အိမ်ရာများသည် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြစ် မည်ဟု အစိုးရကကြေညာထား သည်။

ပြည်သူ့အငှားအိမ်ရာများ အကောင်အထည်ဖော် တည်ဆောက်ရာတွင် ရေ၊ မီး၊ လမ်း၊ အခြေခံ အဆောက်အအုံများပြည့် စုံစေရန်အပြင် အိမ်ရာနေသူများ ၏ လူမှုရေးလိုအပ်ချက်ဖြစ်သည့် ဈေး၊ ကျောင်း၊ ဆေးခန်း၊ အားက စားကွင်းနှင့် ပန်းခြံများပါရှိမည် ဖြစ်ပြီး အငှားအိမ်ရာဈေးကွက် တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်သည့် အစီအမံများကို ဖော်ထုတ်ရန်လည်း စီစဉ်ဆောင် ရွက်မည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

အငှားအိမ်ရာစီမံကိန်းကို Private Finance Initiative စနစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီအသင်းအဖွဲ့များမှ ဦးစွာပထမငွေကြေးအရင်း အနှီး စိုက်ထုတ်၍တည်ဆောက်ပြီး ပိုလျှံလာမည့် ဘတ်ဂျက်ထဲမှ အစိုးရက ပြန်လည်ပေးချေမည့် စနစ်ဖြင့် အကောင်အထည်ဖော် နေခြင်းဖြစ်သည်။

ထိုစီမံကိန်းများကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းချုပ်၊ မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက် တာများ အသင်းချုပ်တို့က လုပ် ကိုင်ခွင့်ရထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္က အဌားအိမ္ရာစီမံကိန္းအတြက္ ေျမစမ္းသပ္မႈလုပ္ငန္းမ်ားစတင္

ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၌ အခန္းေပါင္း ၅,၀၀၀ ေက်ာ္ပါ ဝင္ေသာ ျပည့္သူ႕အငွားအိမ္ရာ စီမံကိန္း စတင္ေဆာင္႐ြက္ရန္ ေျမစမ္းသပ္မႈစတင္ေနၿပီျဖစ္ေၾကာင္းၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳး ေရးဦးစီးဌာန ဒုတိယၫႊန္ၾကား ေရးမႉးခ်ဳပ္ ေဒၚမီမီတင္ကေျပာ သည္။

ရန္ကုန္၊ ေနျပည္ေတာ္ႏွင့္ မႏၲေလးတို႔တြင္ အခန္းယူနစ္ ၁၀,၀၀၀ ႐ွိမည့္ ျပည္သူ႕အငွား အိမ္ရာစီမံကိန္း ေဆာင္႐ြက္ရန္ မႏၲေလးတိုင္းႏွင့္ ေနျပည္ေတာ္၌ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး လုပ္ငန္းမ်ား စတင္ေနကာ ရန္ကုန္တိုင္းအတြက္မူစာခ်ဳပ္ခ်ဳပ္ဆိုရန္ က်န္ေန ျခင္းျဖစ္သည္ဟု ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္ အေထြေထြအတြင္းေရးမႉး ဦးမ်ိဳးျမင့္ကေျပာ သည္။

‘‘စာခ်ဳပ္က အခုလာမယ့္ တစ္ပတ္အတြင္း ျဖစ္ဖို႔မ်ားတယ္။ ေလာေလာဆယ္ တည္ေဆာက္ မယ့္ေနရာမွာ ေျမစမ္းသပ္တာ ေတြလုပ္ေနတယ္။ အဲဒီေနရာေရ လႊမ္းတာေလး႐ွိေတာ့ လမ္းတို႔ ေျမာင္းတို႔ ေသခ်ာျပင္ဆင္ႏိုင္ ေအာင္လည္း ေဆာင္႐ြက္ေန တယ္’’ဟု ၎ကေျပာသည္။

ရန္ကုန္၊ေနျပည္ေတာ္ႏွင့္ မႏၲေလးတို႔၌ အေကာင္အထည္ ေဖာ္မည့္ ယူနစ္ ၁၀,၀၀၀ ႐ွိ အ ငွားအိမ္ရာစီမံကိန္းမ်ားကို အပိုင္း ႏွစ္ပိုင္းခြဲ၍ ေဆာင္႐ြက္မည္ျဖစ္ ေၾကာင္း ေဒၚမီမီတင္က ဆိုသည္။

‘‘ရန္ကုန္မွာဆို ပထမအဆင့္ ၁၉၄ လုံးေဆာက္မယ္။ ဒုတိယအဆင့္အေနနဲ႔ ၁၉၉ ေပါ့။ ေနျပည္ေတာ္မွာဆို ပထမအဆင့္ ၂၈လုံးေဆာက္မယ္။ ဒုတိယအ ဆင့္မွာေတာ့ ၁၆ လုံးပါ။ မႏၲေလးမွာဆိုလည္း ပထမဆင့္ ၉၁ လုံး၊ ဒုတိယအဆင့္ ၉၇လုံးပါ။ မႏၲေလးနဲ႔ေနျပည္ေတာ္က စာခ်ဳပ္ေတြလည္းခ်ဳပ္ၿပီးသြားပါၿပီ။ ရန္ကုန္ကေတာ့ ရန္ကုန္တိုင္းေဒသႀကီး ကတ္ဘိနက္က အတည္ျပဳၿပီးေ႐ွ႕ ေန႐ုံးကေန စာခ်ဳပ္ေတြစစ္ေဆး ၿပီးရင္ေတာ့ တစ္ပတ္အတြင္းစာ ခ်ဳပ္ခ်ဳပ္ႏိုင္မယ္လို႔ထင္ပါတယ္’’ ဟု ေဒၚမီမီတင္ကေျပာသည္။

အငွားအိမ္ရာစီမံကိန္းအ တြက္ ၿမိဳ႕နယ္အလိုက္ ငွားရမ္း မည့္ေဈးႏႈန္းမ်ားကို စိစစ္အကဲ ျဖတ္ေနဆဲျဖစ္ၿပီး ျပည္သူ႕အငွား အိမ္ရာမ်ားသည္ ျပင္ပေပါက္ေဈးထက္ သက္သာေသာေဈးႏႈန္းျဖစ္ မည္ဟု အစိုးရကေၾကညာထား သည္။

ျပည္သူ႕အငွားအိမ္ရာမ်ား အေကာင္အထည္ေဖာ္ တည္ေဆာက္ရာတြင္ ေရ၊ မီး၊ လမ္း၊ အေျခခံ အေဆာက္အအုံမ်ားျပည့္ စုံေစရန္အျပင္ အိမ္ရာေနသူမ်ား ၏ လူမႈေရးလိုအပ္ခ်က္ျဖစ္သည့္ ေဈး၊ ေက်ာင္း၊ ေဆးခန္း၊ အားက စားကြင္းႏွင့္ ပန္းျခံမ်ားပါ႐ွိမည္ ျဖစ္ၿပီး အငွားအိမ္ရာေဈးကြက္ တြင္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈကို ဖိတ္ေခၚႏိုင္သည့္ အစီအမံမ်ားကို ေဖာ္ထုတ္ရန္လည္း စီစဥ္ေဆာင္ ႐ြက္မည္ဟု ေဆာက္လုပ္ေရးဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္က ေျပာသည္။

အငွားအိမ္ရာစီမံကိန္းကို Private Finance Initiative စနစ္ျဖင့္ ပုဂၢလိကကုမၸဏီအသင္းအဖြဲ႕မ်ားမွ ဦးစြာပထမေငြေၾကးအရင္း အႏွီး စိုက္ထုတ္၍တည္ေဆာက္ၿပီး ပိုလွ်ံလာမည့္ ဘတ္ဂ်က္ထဲမွ အစိုးရက ျပန္လည္ေပးေခ်မည့္ စနစ္ျဖင့္ အေကာင္အထည္ေဖာ္ ေနျခင္းျဖစ္သည္။

ထိုစီမံကိန္းမ်ားကို ျမန္မာႏိုင္ငံ ေဆာက္လုပ္ေရးလုပ္ငန္း႐ွင္ မ်ားအသင္းခ်ဳပ္၊ ျမန္မာၿမိဳ႕ျပႏွင့္ အေျခခံ အေဆာက္အအုံဖြံ႕ၿဖိဳးေရး လုပ္ငန္း႐ွင္မ်ားအသင္းႏွင့္ ျမန္မာႏိုင္ငံလိုင္စင္ရကန္ထ႐ိုက္ တာမ်ား အသင္းခ်ဳပ္တို႔က လုပ္ ကိုင္ခြင့္ရထားသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service