ရွှေအကြီးစားတင်ပို့၊ တင်သွင်းခြင်းကိုခွင့်မပြု - Property News in Myanmar from iMyanmarHouse.com
2195 Views

ရွှေအကြီးစားတင်ပို့၊ တင်သွင်းခြင်းကိုခွင့်မပြု

[Unicode]

ပြည်ပတင်ပို့ရန်နှင့်ပြည်တွင်းတင်သွင်းရန်အကြီးစားရွှေလုပ်ငန်းများကိုခွင့်မပြုနိုင်ကြောင်း အမှတ်(၂) သတ္တုတွင်းလုပ်ငန်းကရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကို နိုဝင်ဘာ ၁၆ရက်တွင်အသိပေးခဲ့သည်။

ရန်ကုန်နှင့်မန္တလေးတိုင်းရှိရွှေလုပ်ငန်းရှင်များကနိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် နည်းဥပဒေပါအတိုင်းလျှောက်ထားခြင်းကိုခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ကြားလာခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောသည်။

‘‘ရွှေတူးတဲ့သူတွေလည်းပြည်ပကိုပို့လိုရအောင်၊ရွှေသန့်စင်တဲ့သူတွေလည်းလွတ်လွတ်လပ်လပ်ရွှေကုန်ကြမ်းတင်သွင်းလို့ရအောင် တင်ပြတောင်းဆိုခဲ့တာပါ။’’ ဟု၎င်းကဆိုသည်။

ခွင့်ပြုချက်တောင်းရခြင်းမှာပြည်တွင်းရွှေလုပ်ငန်းရှင်များသည်နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရန်နှင့်တမူး၊ဘုရားသုံးဆူနှင့်မူဆယ်တို့ရှိတရားမဝင်ရွှေမှောင်ခိုရောင်းဝယ်မှုများကိုတားဆီးနိုင်ရန်ဖြစ်သည် ဟုဦးမျိုးမြင့်ကဆိုသည်။

အကြီးစားရွှေသတ္တုရောင်းဝယ်ခြင်းဆိုသည်မှာ ကျပ်သိန်း၂,၀၀၀ နှင့်အထက်အရောင်းအဝယ်ဖြစ်ပြီးရွှေနှစ်ပိဿာနှင့်အထက်ရောင်းဝယ်ခြင်းကို ဆိုလိုသည်။ကျပ်သိန်း ၅၀၀အောက်ကိုအသေးစားအရောင်းအဝယ်နှင့် ကျပ်သိန်း၅၀၀နှင့်၂,၀၀၀ကြားကိုအလတ်စားဟု ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

လက်ရှိတွင်ပြည်ပရွှေတင်ပို့ခြင်းကို One Stop Service ဆောင်ရွက်နေပြီးလက်ဝတ်ရတနာအဆင့်ကိုသာတင်ပို့နိုင်ပြီးပမာဏအမြောက်အမြားတင်ပို့နိုင်ခြင်းမရှိပေ။

သတ္တုတွင်းနည်းဥပဒေအရရွှေတင်ပို့ခြင်း၊တင်သွင်းခြင်းတို့ အတွက်သတ္တုတွင်းလုပ်ငန်း၏ခွင့်ပြုမိန့်လိုင်စင်ရယူရမည်ဖြစ်သည်။

နိုင်ငံတော်သယံဇာတထွက်ကုန်ရွှေသတ္တုကို တရားဝင်တင်ပို့ခွင့်၊တရားဝင်အခွန်အခရရှိစေရန်နှင့်ရွှေဈေးကွက်တရားဝင်ဖြစ်စေရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအားတင်ပို့ခြင်း၊တင်သွင်းခြင်းကို၂၀၁၈ ဇန်နဝါရီ ၂၂ ရက်တွင်စတင်ခွင့်ပြုခဲ့သည်။

စံချိန်မီရွှေတုံး၊ရွှေခဲ၊ရွှေဒင်္ဂါးများတင်သွင်းခြင်း၊တင်ပို့ရာတွင်ဗဟိုဘဏ်ဥပဒေနှင့်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအတိုင်းဆောင်ရွက်ရမည်ဖြစ်သည်။ယင်းရွှေများမဟုတ်သည့် ၁၅ပဲ၊၁၆ပဲရည်ရွှေတုံးများအပါအဝင်အခြားရွှေများတင်သွင်းရာ၌အချက်ငါးချက်လိုက်နာရမည်ဖြစ်သည်။ထိုအချက်ငါးချက်သည် တင်ပို့၊တင်သွင်းခွင့်မှတ်ပုံတင်လျှောက်ထားခြင်း၊တင်ပို့၊တင်သွင်းမည့်ပမာဏ၊စံချိန်၊ဈေးနှုန်းနှင့်တန်ဖိုးသတ်မှတ်ချက်လျှောက်ထားခြင်း၊ပို့ကုန်၊သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ရက် ၃၀သက်တမ်းရှိတင်ပို့၊တင်သွင်းခွင့်လိုင်စင်နှင့်လိုင်စင်ပြန်လည်အပ်နှံခြင်း တို့ဖြစ်သည်။

တင်ပို့၊တင်သွင်းရာတွင်လိုင်စင်မရမီကြိုတင်တင်သွင်းခြင်း၊တင်ပို့ခြင်းမပြုရန်တားမြစ်ထားပြီးတားမြစ်ချက်ကိုမလိုက်နာပါကပထမအကြိမ်သတိပေးခြင်း၊ဒုတိယအကြိမ်ကျူးလွန်ပါက လိုင်စင်ရုပ်သိမ်းခြင်းနှင့်ဥပဒေအရအရေးယူမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ရွှေများကိုတင်သွင်း၊တင်ပို့ရာတွင်ပင်လယ်ရေကြောင်း၊လေကြောင်းနှင့်နယ်စပ်ဂိတ်များကပြုလုပ်နိုင်ပြီးအကောက်ခွန်၊ကုန်သွယ်လုပ်ငန်းခွန်၊အထူးကုန်ပစ္စည်းခွန်များ ပေးဆောင်ရမည်ဖြစ်သည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေ႐ႊအႀကီးစားတင္ပို႔၊ တင္သြင္းျခင္းကိုခြင့္မျပဳ

ျပည္ပတင္ပို႔ရန္ႏွင့္ျပည္တြင္းတင္သြင္းရန္အႀကီးစားေ႐ႊလုပ္ငန္းမ်ားကိုခြင့္မျပဳႏိုင္ေၾကာင္း အမွတ္(၂) သတၱဳတြင္းလုပ္ငန္းကရန္ကုန္တိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းကို ႏိုဝင္ဘာ ၁၆ရက္တြင္အသိေပးခဲ့သည္။

ရန္ကုန္ႏွင့္မႏၲေလးတိုင္း႐ွိေ႐ႊလုပ္ငန္း႐ွင္မ်ားကႏိုင္ငံတကာႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္ရန္ နည္းဥပေဒပါအတိုင္းေလွ်ာက္ထားျခင္းကိုခြင့္မျပဳႏိုင္ေၾကာင္း အေၾကာင္းျပန္ၾကားလာျခင္းျဖစ္သည္ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္း ဥကၠ႒ဦးမ်ိဳးျမင့္ကေျပာသည္။

‘‘ေ႐ႊတူးတဲ့သူေတြလည္းျပည္ပကိုပို႔လိုရေအာင္၊ေ႐ႊသန္႔စင္တဲ့သူေတြလည္းလြတ္လြတ္လပ္လပ္ေ႐ႊကုန္ၾကမ္းတင္သြင္းလို႔ရေအာင္ တင္ျပေတာင္းဆိုခဲ့တာပါ။’’ ဟု၎ကဆိုသည္။

ခြင့္ျပဳခ်က္ေတာင္းရျခင္းမွာျပည္တြင္းေ႐ႊလုပ္ငန္း႐ွင္မ်ားသည္ႏိုင္ငံတကာႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ရန္ႏွင့္တမူး၊ဘုရားသုံးဆူႏွင့္မူဆယ္တို႔႐ွိတရားမဝင္ေ႐ႊေမွာင္ခိုေရာင္းဝယ္မႈမ်ားကိုတားဆီးႏိုင္ရန္ျဖစ္သည္ ဟုဦးမ်ိဳးျမင့္ကဆိုသည္။

အႀကီးစားေ႐ႊသတၱဳေရာင္းဝယ္ျခင္းဆိုသည္မွာ က်ပ္သိန္း၂,၀၀၀ ႏွင့္အထက္အေရာင္းအဝယ္ျဖစ္ၿပီးေ႐ႊႏွစ္ပိႆာႏွင့္အထက္ေရာင္းဝယ္ျခင္းကို ဆိုလိုသည္။က်ပ္သိန္း ၅၀၀ေအာက္ကိုအေသးစားအေရာင္းအဝယ္ႏွင့္ က်ပ္သိန္း၅၀၀ႏွင့္၂,၀၀၀ၾကားကိုအလတ္စားဟု ဥပေဒတြင္ျပ႒ာန္းထားသည္။

လက္႐ွိတြင္ျပည္ပေ႐ႊတင္ပို႔ျခင္းကို One Stop Service ေဆာင္႐ြက္ေနၿပီးလက္ဝတ္ရတနာအဆင့္ကိုသာတင္ပို႔ႏိုင္ၿပီးပမာဏအေျမာက္အျမားတင္ပို႔ႏိုင္ျခင္းမ႐ွိေပ။

သတၱဳတြင္းနည္းဥပေဒအရေ႐ႊတင္ပို႔ျခင္း၊တင္သြင္းျခင္းတို႔ အတြက္သတၱဳတြင္းလုပ္ငန္း၏ခြင့္ျပဳမိန္႔လိုင္စင္ရယူရမည္ျဖစ္သည္။

ႏိုင္ငံေတာ္သယံဇာတထြက္ကုန္ေ႐ႊသတၱဳကို တရားဝင္တင္ပို႔ခြင့္၊တရားဝင္အခြန္အခရ႐ွိေစရန္ႏွင့္ေ႐ႊေဈးကြက္တရားဝင္ျဖစ္ေစရန္ ျမန္မာႏိုင္ငံသားလုပ္ငန္း႐ွင္မ်ားအားတင္ပို႔ျခင္း၊တင္သြင္းျခင္းကို၂၀၁၈ ဇန္နဝါရီ ၂၂ ရက္တြင္စတင္ခြင့္ျပဳခဲ့သည္။

စံခ်ိန္မီေ႐ႊတုံး၊ေ႐ႊခဲ၊ေ႐ႊဒဂၤါးမ်ားတင္သြင္းျခင္း၊တင္ပို႔ရာတြင္ဗဟိုဘဏ္ဥပေဒႏွင့္ႏိုင္ငံျခားသုံးေငြစီမံခန္႔ခြဲမႈဥပေဒအတိုင္းေဆာင္႐ြက္ရမည္ျဖစ္သည္။ယင္းေ႐ႊမ်ားမဟုတ္သည့္ ၁၅ပဲ၊၁၆ပဲရည္ေ႐ႊတုံးမ်ားအပါအဝင္အျခားေ႐ႊမ်ားတင္သြင္းရာ၌အခ်က္ငါးခ်က္လိုက္နာရမည္ျဖစ္သည္။ထိုအခ်က္ငါးခ်က္သည္ တင္ပို႔၊တင္သြင္းခြင့္မွတ္ပုံတင္ေလွ်ာက္ထားျခင္း၊တင္ပို႔၊တင္သြင္းမည့္ပမာဏ၊စံခ်ိန္၊ေဈးႏႈန္းႏွင့္တန္ဖိုးသတ္မွတ္ခ်က္ေလွ်ာက္ထားျခင္း၊ပို႔ကုန္၊သြင္းကုန္လိုင္စင္ေလွ်ာက္ထားျခင္း၊ရက္ ၃၀သက္တမ္း႐ွိတင္ပို႔၊တင္သြင္းခြင့္လိုင္စင္ႏွင့္လိုင္စင္ျပန္လည္အပ္ႏွံျခင္း တို႔ျဖစ္သည္။

တင္ပို႔၊တင္သြင္းရာတြင္လိုင္စင္မရမီႀကိဳတင္တင္သြင္းျခင္း၊တင္ပို႔ျခင္းမျပဳရန္တားျမစ္ထားၿပီးတားျမစ္ခ်က္ကိုမလိုက္နာပါကပထမအႀကိမ္သတိေပးျခင္း၊ဒုတိယအႀကိမ္က်ဴးလြန္ပါက လိုင္စင္႐ုပ္သိမ္းျခင္းႏွင့္ဥပေဒအရအေရးယူမည္ဟု ထုတ္ျပန္ခ်က္၌ေဖာ္ျပထားသည္။

ေ႐ႊမ်ားကိုတင္သြင္း၊တင္ပို႔ရာတြင္ပင္လယ္ေရေၾကာင္း၊ေလေၾကာင္းႏွင့္နယ္စပ္ဂိတ္မ်ားကျပဳလုပ္ႏိုင္ၿပီးအေကာက္ခြန္၊ကုန္သြယ္လုပ္ငန္းခြန္၊အထူးကုန္ပစၥည္းခြန္မ်ား ေပးေဆာင္ရမည္ျဖစ္သည္။

 

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service