နေပြည်တော်၊ရန်ကုန်နှင့်မန္တလေးတို့တွင် အငှားအိမ်ရာစီမံကိန်းတွေအချိန်မှီပြီးစီးရေးသတ်မှတ် - Property News in Myanmar from iMyanmarHouse.com
1489 Views

နေပြည်တော်၊ရန်ကုန်နှင့်မန္တလေးတို့တွင် အငှားအိမ်ရာစီမံကိန်းတွေအချိန်မှီပြီးစီးရေးသတ်မှတ်

[Unicode] အစိုးရအနေဖြင့်နိုင်ငံ့ဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများအပြင်ပြည်သူများနေထိုင်ရေးအဆင်ပြေစေရန် နေပြည်တော်၊ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင်အငှားအိမ်ရာစီမံကိန်းများအကောင်အထည်ဖော်လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောကြားသည်။

အဆိုပါအိမ်ရာစီမံကိန်းများကို အရည်အသွေးကောင်းမွန်စွာဖြင့်သတ်မှတ်ချိန်အမီပြီးစီးရေးအလေးထားဆောင်ရွက်ရန်လည်း ၎င်းကပြောကြားခဲ့သည်။

နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်မြို့ပတ်လမ်းဘေးမြေဧရိယာ ၃၃ ဧကတွင်နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအငှားအိမ်ရာဖြစ်သည့်သုခဝတီအိမ်ရာစီမံကိန်းကိုတည်ဆောက်လျက်ရှိပြီး ယူနစ် ၃၀၀၊၁၂ ခန်းတွဲငါးထပ်ငါးလုံး၊ယူနစ် ၁၂၀၊၁၂ ခန်းတွဲငါးထပ်နှစ်လုံး၊ယူနစ် ၁၀၀၊လေးခန်းခွဲငါးထပ်ငါးထပ်ငါးလုံး၊၄၁၆ ယူနစ်၊လေးခန်းတွဲငါးထပ်၂၆ လုံး၊၂၈၈ ယူနစ်၊လေးခန်းတွဲငါးထပ်၁၈လုံးတို့ကိုဘဏ္ဍာနှစ်အလိုက် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

လက်ရှိ အစိုးရလက်ထက်ဆောင်ရွက်ဆဲပြည်သူ့အိမ်ရာစီမံကိန်းမှအခန်းပေါင်း ၁၀၀၀၀အပါအဝင် ၂၀၁၁ ခုနှစ်မှလက်ရှိအချိန်အထိအရောင်းအိမ်ရာနှင့်အငှားအိမ်ရာများမှစုစုပေါင်းအိမ်ရာအခန်းပေါင်း ၅၅၆၀၀ ထုတ်လုပ်ထားကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏၂၀၁၁ ခုနှစ်မှလက်ရှိအချိန်အထိအိမ်ရာထုတ်လုပ်မှုတွင်အရောင်းအိမ်ရာအတွက်အခန်းပေါင်း၂၈၉၀၁ ခန်းနှင့်အငှားအိမ်ရာအတွက်အခန်းပေါင်း၂၆၆၉၉ ခန်းဖြင့်စုစုပေါင်း၅၅၆၀၀ ခန်းထုတ်လုပ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏လူဦးရေတိုးနှုန်းအရ နှစ်စဉ်ပျမ်းမျှအိမ်ရာ၃၀၀၀၀ကျော်ထုတ်လုပ်ပေးရန်လိုအပ်နေသော်လည်းမြေ၊ဘဏ္ဍာငွေအရင်းအမြစ်နှင့်ထုတ်လုပ်နိုင်စွမ်းအရလိုအပ်ချက်၏ရာခိုင်နှုန်း ၂၀ကိုသာထုတ်လုပ်ပံ့ပိုးရန်ဆောင်ရွက်နေကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၁ ခုနှစ်မှ၂၀၃၀ ပြည့်နှစ်အထိနှစ်၂၀ ကာလအတွင်းလူဦးရေတိုးနှုန်းအရအိမ်ရာတစ်သန်းလိုအပ်မည်ဖြစ်ကြောင်း၊နှစ်စဉ်ပျမ်းမျှအိမ်ရာ ၃၀၀၀၀ကျော်ထုတ်လုပ်ပေးရန်လိုအပ်ကြောင်း၊ဘဏ္ဍာငွေအရင်းအမြစ်၊မြေအရင်းအမြစ်နှင့်ထုတ်လုပ်နိုင်စွမ်းအရလိုအပ်ချက်၏ရာခိုင်နှုန်း ၂၀ကိုသာထုတ်လုပ်ပံ့ပိုးရန်လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းကပြောကြားသည်။

အိမ်ရာလိုအပ်ချက်အများဆုံးဖြစ်သည့် နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်ပြည်ထောင်စုရန်ပုံငွေကျပ်၁၅ဘီလျံ၊အငှားအိမ်ရာအခန်းပေါင်း ၈၁၂ ခန်းတည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင်၂၀၁၉- ၂၀၂၀ဘဏ္ဍာနှစ်တွင်နေပြည်တော်၌အခန်းပေါင်း၁၂၀ထပ်မံတည်ဆောက်ပေးသွားမည်ဖြစ်ပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့်နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာစီမံကိန်းများကိုတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောက်လုပ်ဖြည့်ဆည်းပေးလျက်ရှိကာအိမ်ခန်းများချထားရေးကိုတာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းဒုတိယဝန်ကြီး ဦးကျော်လင်းကပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနိုင်ငံ့ဝန်ထမ်းများအပါအဝင် ဝင်ငွေနည်းပြည်သူများအတွက်ဝယ်ယူနိုင်စွမ်းရှိစေမည့်အရောင်းအိမ်ရာများကို၂၀၁၇ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်းရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့်အခြားမြို့ကြီးများတွင်စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်းတည်ဆောက်ရောင်းချပေးလျက်ရှိပြီး အတိုးနှုန်းသက်သာသည့်နှစ်ရှည်အိမ်ရာချေးငွေစနစ်နှင့်ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

တစ်နှစ်လျှင်အငြိမ်းစားယူမည့်ဝန်ထမ်းဦးရေ ၂၀၀၀၀ကျော်ရှိပြီးယင်းတို့အနက်သုံးပုံနှစ်ပုံခန့်မှာအိမ်ခန်းဝယ်ယူလိုသည့်အတွက်တစ်နှစ်လျှင်အိမ်ရာလိုအပ်ချက် ၁၃၀၀၀ယူနစ်ကျော်ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်လင်းကလွှတ်တော်၌ဖြေကြားခဲ့သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေနျပည္ေတာ္၊ရန္ကုန္ႏွင့္မႏၲေလးတို႔တြင္ အငွားအိမ္ရာစီမံကိန္းေတြအခ်ိန္မွီၿပီးစီးေရးသတ္မွတ္

အစိုးရအေနျဖင့္ႏိုင္ငံ့ဝန္ထမ္းမ်ား၊အၿငိမ္းစားဝန္ထမ္းမ်ားအျပင္ျပည္သူမ်ားေနထိုင္ေရးအဆင္ေျပေစရန္ ေနျပည္ေတာ္၊ရန္ကုန္ၿမိဳ႕ႏွင့္မႏၲေလးၿမိဳ႕တြင္အငွားအိမ္ရာစီမံကိန္းမ်ားအေကာင္အထည္ေဖာ္လ်က္႐ွိေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးဟန္ေဇာ္ကေျပာၾကားသည္။

အဆိုပါအိမ္ရာစီမံကိန္းမ်ားကို အရည္အေသြးေကာင္းမြန္စြာျဖင့္သတ္မွတ္ခ်ိန္အမီၿပီးစီးေရးအေလးထားေဆာင္႐ြက္ရန္လည္း ၎ကေျပာၾကားခဲ့သည္။

ေနျပည္ေတာ္၊ဒကၡိဏသီရိၿမိဳ႕နယ္ၿမိဳ႕ပတ္လမ္းေဘးေျမဧရိယာ ၃၃ ဧကတြင္ႏိုင္ငံ့ဝန္ထမ္းအၿငိမ္းစားအငွားအိမ္ရာျဖစ္သည့္သုခဝတီအိမ္ရာစီမံကိန္းကိုတည္ေဆာက္လ်က္႐ွိၿပီး ယူနစ္ ၃၀၀၊၁၂ ခန္းတြဲငါးထပ္ငါးလုံး၊ယူနစ္ ၁၂၀၊၁၂ ခန္းတြဲငါးထပ္ႏွစ္လုံး၊ယူနစ္ ၁၀၀၊ေလးခန္းခြဲငါးထပ္ငါးထပ္ငါးလုံး၊၄၁၆ ယူနစ္၊ေလးခန္းတြဲငါးထပ္၂၆ လုံး၊၂၈၈ ယူနစ္၊ေလးခန္းတြဲငါးထပ္၁၈လုံးတို႔ကိုဘ႑ာႏွစ္အလိုက္ တည္ေဆာက္မည္ျဖစ္ေၾကာင္းသိရသည္။

လက္႐ွိ အစိုးရလက္ထက္ေဆာင္႐ြက္ဆဲျပည္သူ႕အိမ္ရာစီမံကိန္းမွအခန္းေပါင္း ၁၀၀၀၀အပါအဝင္ ၂၀၁၁ ခုႏွစ္မွလက္႐ွိအခ်ိန္အထိအေရာင္းအိမ္ရာႏွင့္အငွားအိမ္ရာမ်ားမွစုစုေပါင္းအိမ္ရာအခန္းေပါင္း ၅၅၆၀၀ ထုတ္လုပ္ထားေၾကာင္းေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၏၂၀၁၁ ခုႏွစ္မွလက္႐ွိအခ်ိန္အထိအိမ္ရာထုတ္လုပ္မႈတြင္အေရာင္းအိမ္ရာအတြက္အခန္းေပါင္း၂၈၉၀၁ ခန္းႏွင့္အငွားအိမ္ရာအတြက္အခန္းေပါင္း၂၆၆၉၉ ခန္းျဖင့္စုစုေပါင္း၅၅၆၀၀ ခန္းထုတ္လုပ္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၏လူဦးေရတိုးႏႈန္းအရ ႏွစ္စဥ္ပ်မ္းမွ်အိမ္ရာ၃၀၀၀၀ေက်ာ္ထုတ္လုပ္ေပးရန္လိုအပ္ေနေသာ္လည္းေျမ၊ဘ႑ာေငြအရင္းအျမစ္ႏွင့္ထုတ္လုပ္ႏိုင္စြမ္းအရလိုအပ္ခ်က္၏ရာခိုင္ႏႈန္း ၂၀ကိုသာထုတ္လုပ္ပံ့ပိုးရန္ေဆာင္႐ြက္ေနေၾကာင္းေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ သိရသည္။

၂၀၁၁ ခုႏွစ္မွ၂၀၃၀ ျပည့္ႏွစ္အထိႏွစ္၂၀ ကာလအတြင္းလူဦးေရတိုးႏႈန္းအရအိမ္ရာတစ္သန္းလိုအပ္မည္ျဖစ္ေၾကာင္း၊ႏွစ္စဥ္ပ်မ္းမွ်အိမ္ရာ ၃၀၀၀၀ေက်ာ္ထုတ္လုပ္ေပးရန္လိုအပ္ေၾကာင္း၊ဘ႑ာေငြအရင္းအျမစ္၊ေျမအရင္းအျမစ္ႏွင့္ထုတ္လုပ္ႏိုင္စြမ္းအရလိုအပ္ခ်က္၏ရာခိုင္ႏႈန္း ၂၀ကိုသာထုတ္လုပ္ပံ့ပိုးရန္လ်ာထားေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေက်ာ္လင္းကေျပာၾကားသည္။

အိမ္ရာလိုအပ္ခ်က္အမ်ားဆုံးျဖစ္သည့္ ေနျပည္ေတာ္၊ရန္ကုန္တိုင္းေဒသႀကီးႏွင့္မႏၲေလးတိုင္းေဒသႀကီးတို႔တြင္၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္တြင္ျပည္ေထာင္စုရန္ပုံေငြက်ပ္၁၅ဘီလ်ံ၊အငွားအိမ္ရာအခန္းေပါင္း ၈၁၂ ခန္းတည္ေဆာက္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္၂၀၁၉- ၂၀၂၀ဘ႑ာႏွစ္တြင္ေနျပည္ေတာ္၌အခန္းေပါင္း၁၂၀ထပ္မံတည္ေဆာက္ေပးသြားမည္ျဖစ္ၿပီး အျခားတိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရအဖြဲ႕မ်ားအေနျဖင့္ႏိုင္ငံ့ဝန္ထမ္းအငွားအိမ္ရာစီမံကိန္းမ်ားကိုတိုင္းေဒသႀကီး/ ျပည္နယ္အစိုးရအဖြဲ႕ရန္ပုံေငြျဖင့္ေဆာက္လုပ္ျဖည့္ဆည္းေပးလ်က္႐ွိကာအိမ္ခန္းမ်ားခ်ထားေရးကိုတာဝန္ယူေဆာင္႐ြက္ေပးလ်က္႐ွိေၾကာင္းဒုတိယဝန္ႀကီး ဦးေက်ာ္လင္းကေျပာၾကားသည္။

ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနကႏိုင္ငံ့ဝန္ထမ္းမ်ားအပါအဝင္ ဝင္ေငြနည္းျပည္သူမ်ားအတြက္ဝယ္ယူႏိုင္စြမ္း႐ွိေစမည့္အေရာင္းအိမ္ရာမ်ားကို၂၀၁၇ ခုႏွစ္မွ၂၀၁၉ ခုႏွစ္အတြင္းရန္ကုန္၊မႏၲေလး၊ေနျပည္ေတာ္ႏွင့္အျခားၿမိဳ႕ႀကီးမ်ားတြင္စုစုေပါင္းအိမ္ခန္း ၈၄၁၆ ခန္းတည္ေဆာက္ေရာင္းခ်ေပးလ်က္႐ွိၿပီး အတိုးႏႈန္းသက္သာသည့္ႏွစ္႐ွည္အိမ္ရာေခ်းေငြစနစ္ႏွင့္ခ်ိတ္ဆက္ဝယ္ယူႏိုင္ရန္ စီစဥ္ေပးလ်က္႐ွိသည္ဟု ၎ကဆက္လက္ေျပာၾကားသည္။

တစ္ႏွစ္လွ်င္အၿငိမ္းစားယူမည့္ဝန္ထမ္းဦးေရ ၂၀၀၀၀ေက်ာ္႐ွိၿပီးယင္းတို႔အနက္သုံးပုံႏွစ္ပုံခန္႔မွာအိမ္ခန္းဝယ္ယူလိုသည့္အတြက္တစ္ႏွစ္လွ်င္အိမ္ရာလိုအပ္ခ်က္ ၁၃၀၀၀ယူနစ္ေက်ာ္ေဆာက္လုပ္ေပးရမည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးေက်ာ္လင္းကလႊတ္ေတာ္၌ေျဖၾကားခဲ့သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service