၂၀၁၉-၂၀ ဘဏ္ဍာနှစ်ပြည်တွင်းလုပ်ငန်းရှင်များရန်ကုန်တိုင်းတွင် အိမ်ယာကဏ္ဍအများဆုံးရင်းနှီးမြှုပ်နှံ - Property News in Myanmar from iMyanmarHouse.com
580 Views

၂၀၁၉-၂၀ ဘဏ္ဍာနှစ်ပြည်တွင်းလုပ်ငန်းရှင်များရန်ကုန်တိုင်းတွင် အိမ်ယာကဏ္ဍအများဆုံးရင်းနှီးမြှုပ်နှံ

[Unicode]

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်အတွင်းပြည်တွင်းလုပ်ငန်းရှင်ရင်းနှီးမြှုပ်နှံမှုအများဆုံးအဖြစ်ရန်ကုန်တိုင်းအတွင်းလုပ်ကိုင်ခဲ့ပြီး အိမ်ယာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးရေးကဏ္ဍတွင်အများဆုံးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကိုင်ကြကြောင်းသိရသည်။

ပြည်တွင်းလုပ်ငန်းရှင်များရင်းနှီးမြှုပ်နှံရာတွင်ရန်ကုန်တိုင်းတွင်လုပ်ငန်းပေါင်း ၅၀ နှင့်ရင်းနှီးမြှုပ်နှံမှုပမာဏမြန်မာကျပ်ငွေ ၉၀၀၁မီလီယံဖြင့်အများဆုံးလုပ်ကိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောသည်။

“ပြည်နယ်နဲ့တိုင်း ၁၅ခုကိုပေါင်းမယ်ဆိုရင်လုပ်ငန်းပေါင်း ၁၃၀ရှိပြီးမြန်မာကျပ်ငွေ ၁၈၈၁ ဒသမ ၄ဘီလီယံရှိပါတယ်။လုပ်ငန်းတွေကတော့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။ဒီနှစ်အတွင်းမှာရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးလုပ်တိုင်းမှာခွင့်ပြုပေးခဲ့တဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်။”ဟု ဦးသန့်စင်လွင်ကပြောသည်။

၂၀၂၉-၂၀ ဘဏ္ဍာနှစ်အတွင်းပြည်တွင်းရင်းနှီးမြှုပ်နှံမှုများအနေဖြင့်လုပ်ငန်းပေါင်း၁၃၀ခုခွင့်ပြုပေးခဲ့ပြီးယင်းလုပ်ငန်းအားလုံး၏ရင်းနှီးမြှုပ်နှံမှုပမာဏမြန်မာကျပ်ငွေ ၁၈၈၁ဒသမ ၄ဘီလီယံရှိကြောင်းသိရသည်။

အဆိုပါလုပ်ငန်းများမှအလုပ်အကိုင်အခွင့်အလမ်းပေါင်း၂သောင်း၃ထောင်ကျော်ဖန်တီးပေးနိုင်ခဲ့သည်ဟုရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးသန့်စင်လွင်ကပြောသည်။

ထို့အပြင်မန္တလေးတိုင်းမှာလည်းရင်းနှီးမြှုပ်နှံမှုပမာဏမြန်မာကျပ်ငွေ၄၀၁၀မီလီယံ၊ဧရာဝတီတိုင်းတွင်မြန်မာကျပ်ငွေ ၁၆၁၄ မီလီယံ၊ပဲခူးတိုင်းတွင်မြန်မာကျပ်ငွေ ၆၀၆ မီလီယံနှင့်တနင်္သာရီတိုင်းတွင်မြန်မာကျပ်ငွေ ၄၄၆ မီလီယံအထိအသီးသီးရင်းနှီးမြှုပ်နှံထားကြပြီးအခြားတိုင်းနှင့်ပြည်နယ်များတွင်လည်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရှိကြောင်း သိရသည်။

လုပ်ငန်းများအနေဖြင့်စက်မှုကဏ္ဍတွင် ၅၀ခု၊အိမ်ယာဆောက်လုပ်ရေးကဏ္ဍတွင် ၁၀ခု၊အခြားဝန်ဆောင်မှုကဏ္ဍတွင် ၃၁၊ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင်၂၄ခုနှင့်လျှပ်စစ်ကဏ္ဍတွင် ၅ခုရှိကြောင်းသိရသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ၃ခု၊သတ္တုကဏ္ဍတွင် ၁ခု၊ရေနံနှင့်သဘာဝဓာတ်ငွေ့တွင် ၁ခုနှင့်မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ၃ခုတို့လည်းပါဝင်ကြောင်း ဦးသန့်စင်လွင်ကပြောသည်။

“ရင်းနှီးမြှုပ်နှံသူများအနေနဲ့၎င်းတို့ရဲ့ပရောဂျက်ပေါ်မူတည်ပြီးတည်ဆောက်ရေးကာလရယူကြတာရှိပါတယ်။၃နှစ်၊၂နှစ်၊၁နှစ်စသည်အားဖြင့် ဒီတည်ဆောက်ရေးကာလအတွင်းမှာရှိနေတဲ့လုပ်ငန်းတွေကတော့ပြီးစီးမှုမရှိသေးပါဘူး။တည်ဆောက်မှုပြီးစီးသွားပြီဆိုရင်လုပ်ငန်းကိုစီးပွားဖြစ်စတင်ရတယ်။လုပ်ငန်းကိုစီးပွားဖြစ်စတင်ပြီဆိုရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ကွင်းဆင်းစိစစ်ရေးအဖွဲ့ကနေလုပ်ငန်းကိုစီးပွားဖြစ်စတင်နိုင်ခြင်းရှိမရှိစတင်ပါတယ်။”ဟု ဦးသန့်စင်လွင်ကပြောသည်။

ယင်းကဲ့သို့ စိစစ်ပြီးချိန်တွင်စီးပွားဖြစ်စတင်နိုင်ကြောင်းလက်မှတ်ကိုထုတ်ပေးပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥပဒေပါတိုင်းနှင့်ပြည်နယ်အလိုက်သတ်မှတ်ထားသည့်အခွန်ကင်းလွတ်ခွင့်နှင့် အခြားသက်သာခွင့်များကိုရရှိမှာဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားသည်။

လုပ်ငန်းများတည်ဆောက်မှုပြီးမပြီးကိုမူမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံသုံးလတစ်ကြိမ်အစီရင်ခံစာတင်ပြရကြောင်းသိရသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

၂၀၁၉-၂၀ ဘ႑ာႏွစ္ျပည္တြင္းလုပ္ငန္း႐ွင္မ်ားရန္ကုန္တိုင္းတြင္ အိမ္ယာက႑အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံ

၂၀၁၉-၂၀ ဘ႑ာေရးႏွစ္အတြင္းျပည္တြင္းလုပ္ငန္း႐ွင္ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးအျဖစ္ရန္ကုန္တိုင္းအတြင္းလုပ္ကိုင္ခဲ့ၿပီး အိမ္ယာအေဆာက္အအုံတည္ေဆာက္ဖြံ႕ၿဖိဳးေရးက႑တြင္အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားလုပ္ကိုင္ၾကေၾကာင္းသိရသည္။

ျပည္တြင္းလုပ္ငန္း႐ွင္မ်ားရင္းႏွီးျမႇဳပ္ႏွံရာတြင္ရန္ကုန္တိုင္းတြင္လုပ္ငန္းေပါင္း ၅၀ ႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏျမန္မာက်ပ္ေငြ ၉၀၀၁မီလီယံျဖင့္အမ်ားဆုံးလုပ္ကိုင္ခဲ့ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန္႔စင္လြင္ကေျပာသည္။

“ျပည္နယ္နဲ႔တိုင္း ၁၅ခုကိုေပါင္းမယ္ဆိုရင္လုပ္ငန္းေပါင္း ၁၃၀႐ွိၿပီးျမန္မာက်ပ္ေငြ ၁၈၈၁ ဒသမ ၄ဘီလီယံ႐ွိပါတယ္။လုပ္ငန္းေတြကေတာ့ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ကခြင့္ျပဳေပးခဲ့တဲ့လုပ္ငန္းေတြပဲျဖစ္ပါတယ္။ဒီႏွစ္အတြင္းမွာရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္အစည္းအေဝးလုပ္တိုင္းမွာခြင့္ျပဳေပးခဲ့တဲ့လုပ္ငန္းေတြပဲျဖစ္ပါတယ္။”ဟု ဦးသန္႔စင္လြင္ကေျပာသည္။

၂၀၂၉-၂၀ ဘ႑ာႏွစ္အတြင္းျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအေနျဖင့္လုပ္ငန္းေပါင္း၁၃၀ခုခြင့္ျပဳေပးခဲ့ၿပီးယင္းလုပ္ငန္းအားလုံး၏ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏျမန္မာက်ပ္ေငြ ၁၈၈၁ဒသမ ၄ဘီလီယံ႐ွိေၾကာင္းသိရသည္။

အဆိုပါလုပ္ငန္းမ်ားမွအလုပ္အကိုင္အခြင့္အလမ္းေပါင္း၂ေသာင္း၃ေထာင္ေက်ာ္ဖန္တီးေပးႏိုင္ခဲ့သည္ဟုရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ဦးသန္႔စင္လြင္ကေျပာသည္။

ထို႔အျပင္မႏၲေလးတိုင္းမွာလည္းရင္းႏွီးျမႇဳပ္ႏွံမႈပမာဏျမန္မာက်ပ္ေငြ၄၀၁၀မီလီယံ၊ဧရာဝတီတိုင္းတြင္ျမန္မာက်ပ္ေငြ ၁၆၁၄ မီလီယံ၊ပဲခူးတိုင္းတြင္ျမန္မာက်ပ္ေငြ ၆၀၆ မီလီယံႏွင့္တနသၤာရီတိုင္းတြင္ျမန္မာက်ပ္ေငြ ၄၄၆ မီလီယံအထိအသီးသီးရင္းႏွီးျမႇဳပ္ႏွံထားၾကၿပီးအျခားတိုင္းႏွင့္ျပည္နယ္မ်ားတြင္လည္းရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား႐ွိေၾကာင္း သိရသည္။

လုပ္ငန္းမ်ားအေနျဖင့္စက္မႈက႑တြင္ ၅၀ခု၊အိမ္ယာေဆာက္လုပ္ေရးက႑တြင္ ၁၀ခု၊အျခားဝန္ေဆာင္မႈက႑တြင္ ၃၁၊ဟိုတယ္ႏွင့္ခရီးသြားက႑တြင္၂၄ခုႏွင့္လွ်ပ္စစ္က႑တြင္ ၅ခု႐ွိေၾကာင္းသိရသည္။

စိုက္ပ်ိဳးေရးက႑တြင္ ၃ခု၊သတၱဳက႑တြင္ ၁ခု၊ေရနံႏွင့္သဘာဝဓာတ္ေငြ႕တြင္ ၁ခုႏွင့္ေမြးျမဴေရးႏွင့္ေရလုပ္ငန္းက႑တြင္ ၃ခုတို႔လည္းပါဝင္ေၾကာင္း ဦးသန္႔စင္လြင္ကေျပာသည္။

“ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအေနနဲ႔၎တို႔ရဲ႕ပေရာဂ်က္ေပၚမူတည္ၿပီးတည္ေဆာက္ေရးကာလရယူၾကတာ႐ွိပါတယ္။၃ႏွစ္၊၂ႏွစ္၊၁ႏွစ္စသည္အားျဖင့္ ဒီတည္ေဆာက္ေရးကာလအတြင္းမွာ႐ွိေနတဲ့လုပ္ငန္းေတြကေတာ့ၿပီးစီးမႈမ႐ွိေသးပါဘူး။တည္ေဆာက္မႈၿပီးစီးသြားၿပီဆိုရင္လုပ္ငန္းကိုစီးပြားျဖစ္စတင္ရတယ္။လုပ္ငန္းကိုစီးပြားျဖစ္စတင္ၿပီဆိုရင္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ရဲ႕ကြင္းဆင္းစိစစ္ေရးအဖြဲ႕ကေနလုပ္ငန္းကိုစီးပြားျဖစ္စတင္ႏိုင္ျခင္း႐ွိမ႐ွိစတင္ပါတယ္။”ဟု ဦးသန္႔စင္လြင္ကေျပာသည္။

ယင္းကဲ့သို႔ စိစစ္ၿပီးခ်ိန္တြင္စီးပြားျဖစ္စတင္ႏိုင္ေၾကာင္းလက္မွတ္ကိုထုတ္ေပးၿပီး ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ဥပေဒပါတိုင္းႏွင့္ျပည္နယ္အလိုက္သတ္မွတ္ထားသည့္အခြန္ကင္းလြတ္ခြင့္ႏွင့္ အျခားသက္သာခြင့္မ်ားကိုရ႐ွိမွာျဖစ္ေၾကာင္း၎ကဆက္လက္ေျပာၾကားသည္။

လုပ္ငန္းမ်ားတည္ေဆာက္မႈၿပီးမၿပီးကိုမူျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မ႐ွင္ထံသုံးလတစ္ႀကိမ္အစီရင္ခံစာတင္ျပရေၾကာင္းသိရသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 08 Jul To 08 Aug

Central Shophouse

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service