ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့် စိတ်ဝင်စားမှုအဆိုပြုလွှာစတင်ခေါ်ယူ - Property News in Myanmar from iMyanmarHouse.com
995 Views

ရန်ကုန်မြို့သစ်စီမံကိန်းပထမအဆင့် စိတ်ဝင်စားမှုအဆိုပြုလွှာစတင်ခေါ်ယူ

[Unicode]

အောက်တိုဘာ(၁၅)ရက်နေ့က ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့ပထမအဆင့်လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ကုမ္ပဏီတွေကိုလုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာ(Expression of Interest-EOI) ကို Swiss Challenge တင်ဒါကော်မတီကခေါ်ယူလိုက်ပါပြီ။

ဒါဟာစီမံကိန်းအတွက်အရေးပါတဲ့မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။

Swiss Challenge တင်ဒါကော်မတီမှာကော်မတီဝင်ငါးဦးပါဝင်ပြီးဥက္ကဌအဖြစ်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကျော်မျိုးမှတာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဆက်အောင်၊ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့မှအဖွဲ့ဝင်အဖြစ်တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

ကော်မတီရဲ့ရည်ရွယ်ချက်ကတော့ စနစ်ကျပြီးပွင့်လင်းမြင်သာတဲ့ Swiss Challenge လုပ်ငန်းစဉ်ကိုဖော်ဆောင်နိုင်ရုံသာမကဘဲ ပုဂ္ဂလိကကဏ္ဍကပိုမိုပါဝင်နိုင်ပြီးယှဉ်ပြိုင်မှုကိုအားပေးဖို့ရည်ရွယ်ပါတယ်။ဒါကြောင့် Swiss Challenge တင်ဒါလုပ်ငန်းစဉ်ကိုကြီးကြပ်ဆောင်ရွက်နိုင်ဖို့နိုင်ငံတကာအကြံပေးလုပ်ငန်းအဖွဲ့ဖြစ်တဲ့ Roland Berger ကိုခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့စီမံကိန်းရဲ့ခြေလှမ်းသစ်အတွက်ဝမ်းမြောက်ရသလိုလာမယ့်ရက်သတ္တပတ်အတွင်းမှာလည်း တင်ဒါကော်မတီအနေနဲ့နိုင်ငံတကာအကြံပေးလုပ်ငန်းအဖွဲ့ရဲ့အကူအညီနဲ့အတူစီမံကိန်းလုပ်ငန်းစဉ်တွေစတင်နိုင်ဖို့အတွက်အသင့်တော်ဆုံးကုမ္ပဏီကိုရွေးချယ်တော့မှာဖြစ်ပါတယ်။

ကော်မတီကထုတ်ပြန်ချက်အရ ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအဆောက်အအုံနှင့်စက်မှုဇုန်အတွက်အဆိုပြုလွှာတင်သွင်းမှုကိုမြန်မာအစိုးရကလက်ခံရရှိခဲ့ပြီး ထိုတင်ဒါကိုယှဉ်ပြိုင်တင်ဒါတင်သွင်းလိုသည့်ကုမ္ပဏီများကိုဖိတ်ခေါ်ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ်၏စက်မှုဇုန်နှင့်အခြေခံအဆောက်အအုံများတည်ဆောက်ရေးအတွက် တရုတ် CCCC ကုမ္ပဏီ၏ဆွစ်ယှဉ်ပြိုင်တင်ဒါ (Swiss Challenge) တင်သွင်းမှုကိုကြီးကြပ်ရန်ဂျာမနီအခြေစိုက် Roland Berger ကုမ္ပဏီကိုအကြံပေးအဖြစ်မြန်မာအစိုးရကပြီးခဲ့သည့်စက်တင်ဘာတွင်ငှားရမ်းခဲ့သည်။

ဆွစ်ယှဉ်ပြိုင်တင်ဒါဆိုသည်မှာ ကုမ္ပဏီတစ်ခုကမိမိလုပ်ကိုင်လိုသည့်စီမံကိန်းတစ်ခုကိုအစ၊အဆုံးအကုန်ကျခံလေ့လာစစ်တမ်းပြုလုပ်၍ စီမံကိန်းပုံစံထုတ်ပေးရမည်ဖြစ်ပြီး စီမံကိန်းပုံစံထွက်လာပါကအခြားကုမ္ပဏီများနှင့်အတူဈေးပြိုင်တင်ဒါဝင်ပြိုင်ရမည်ဖြစ်သည်။

 

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းပထမအဆင့္ စိတ္ဝင္စားမႈအဆိုျပဳလႊာစတင္ေခၚယူ

ေအာက္တိုဘာ(၁၅)ရက္ေန႔က ရန္ကုန္ၿမိဳ႕ေတာ္ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္းရဲ႕ပထမအဆင့္လုပ္ငန္းစဥ္မ်ားအေကာင္အထည္ေဖာ္ႏိုင္ဖို႔အတြက္ စိတ္ပါဝင္စားတဲ့ကုမၸဏီေတြကိုလုပ္ငန္းေဆာင္႐ြက္လိုမႈအဆိုျပဳလႊာ(Expression of Interest-EOI) ကို Swiss Challenge တင္ဒါေကာ္မတီကေခၚယူလိုက္ပါၿပီ။

ဒါဟာစီမံကိန္းအတြက္အေရးပါတဲ့မွတ္တိုင္တစ္ခုလည္းျဖစ္ပါတယ္။

Swiss Challenge တင္ဒါေကာ္မတီမွာေကာ္မတီဝင္ငါးဦးပါဝင္ၿပီးဥကၠဌအျဖစ္ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးမွတာဝန္ယူေဆာင္႐ြက္လ်က္႐ွိၿပီး စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးဆက္ေအာင္၊ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနဒုတိယဝန္ႀကီး ဦးဗရတ္ဆင္း၊ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးရဲမင္းဦးႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီအတြင္းေရးမႉး ေဒၚလိႈင္ေမာ္ဦးတို႔မွအဖြဲ႕ဝင္အျဖစ္တာဝန္ယူေဆာင္႐ြက္လ်က္႐ွိပါတယ္။

ေကာ္မတီရဲ႕ရည္႐ြယ္ခ်က္ကေတာ့ စနစ္က်ၿပီးပြင့္လင္းျမင္သာတဲ့ Swiss Challenge လုပ္ငန္းစဥ္ကိုေဖာ္ေဆာင္ႏိုင္႐ုံသာမကဘဲ ပုဂၢလိကက႑ကပိုမိုပါဝင္ႏိုင္ၿပီးယွဥ္ၿပိဳင္မႈကိုအားေပးဖို႔ရည္႐ြယ္ပါတယ္။ဒါေၾကာင့္ Swiss Challenge တင္ဒါလုပ္ငန္းစဥ္ကိုႀကီးၾကပ္ေဆာင္႐ြက္ႏိုင္ဖို႔ႏိုင္ငံတကာအၾကံေပးလုပ္ငန္းအဖြဲ႕ျဖစ္တဲ့ Roland Berger ကိုခန္႔အပ္ခဲ့ၿပီးျဖစ္ပါတယ္။

ကြၽန္ေတာ့္အေနနဲ႔စီမံကိန္းရဲ႕ေျခလွမ္းသစ္အတြက္ဝမ္းေျမာက္ရသလိုလာမယ့္ရက္သတၱပတ္အတြင္းမွာလည္း တင္ဒါေကာ္မတီအေနနဲ႔ႏိုင္ငံတကာအၾကံေပးလုပ္ငန္းအဖြဲ႕ရဲ႕အကူအညီနဲ႔အတူစီမံကိန္းလုပ္ငန္းစဥ္ေတြစတင္ႏိုင္ဖို႔အတြက္အသင့္ေတာ္ဆုံးကုမၸဏီကိုေ႐ြးခ်ယ္ေတာ့မွာျဖစ္ပါတယ္။

ေကာ္မတီကထုတ္ျပန္ခ်က္အရ ရန္ကုန္ၿမိဳ႕ျပဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္အေျခခံအေဆာက္အအုံႏွင့္စက္မႈဇုန္အတြက္အဆိုျပဳလႊာတင္သြင္းမႈကိုျမန္မာအစိုးရကလက္ခံရ႐ွိခဲ့ၿပီး ထိုတင္ဒါကိုယွဥ္ၿပိဳင္တင္ဒါတင္သြင္းလိုသည့္ကုမၸဏီမ်ားကိုဖိတ္ေခၚျခင္းျဖစ္သည္။

ရန္ကုန္ၿမိဳ႕သစ္၏စက္မႈဇုန္ႏွင့္အေျခခံအေဆာက္အအုံမ်ားတည္ေဆာက္ေရးအတြက္ တ႐ုတ္ CCCC ကုမၸဏီ၏ဆြစ္ယွဥ္ၿပိဳင္တင္ဒါ (Swiss Challenge) တင္သြင္းမႈကိုႀကီးၾကပ္ရန္ဂ်ာမနီအေျခစိုက္ Roland Berger ကုမၸဏီကိုအၾကံေပးအျဖစ္ျမန္မာအစိုးရကၿပီးခဲ့သည့္စက္တင္ဘာတြင္ငွားရမ္းခဲ့သည္။

ဆြစ္ယွဥ္ၿပိဳင္တင္ဒါဆိုသည္မွာ ကုမၸဏီတစ္ခုကမိမိလုပ္ကိုင္လိုသည့္စီမံကိန္းတစ္ခုကိုအစ၊အဆုံးအကုန္က်ခံေလ့လာစစ္တမ္းျပဳလုပ္၍ စီမံကိန္းပုံစံထုတ္ေပးရမည္ျဖစ္ၿပီး စီမံကိန္းပုံစံထြက္လာပါကအျခားကုမၸဏီမ်ားႏွင့္အတူေဈးၿပိဳင္တင္ဒါဝင္ၿပိဳင္ရမည္ျဖစ္သည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service