တရုတ်ဘက်ကယာဉ်မောင်းလဲလှယ်မောင်းနှင်းခကိုတိုးကောက်လို့ ကုန်ကားတွေအခက်တွေ့နေ - Property News in Myanmar from iMyanmarHouse.com
1186 Views

တရုတ်ဘက်ကယာဉ်မောင်းလဲလှယ်မောင်းနှင်းခကိုတိုးကောက်လို့ ကုန်ကားတွေအခက်တွေ့နေ

[Unicode] ကိုဗစ်ကာလအတွင်းတရုတ်ဘက်ကိုကုန်ပို့ရာမှာယာဉ်မောင်းလဲလှယ်မောင်းနှင်းခကိုတိုးမြှင့်ကောက်ခံလိုက်တဲ့အတွက် ကုန်ကားအဝင်အထွက်တွေနည်းသွားတယ်လို့ မူဆယ်အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဌဦးဝင်းအောင်ခန့်ကပြောပါတယ်။

မြန်မာဘက်ကလာတဲ့ကုန်ကားတွေကို ကိုဗစ်တားဆီးကာကွယ်ရေးအတွက် တရုတ်ဘက်ကိုရောက်ရင်တရုတ်နိုင်ငံသားယာဉ်မောင်းနဲ့ပြောင်းပြီးမောင်းဝင်စေတာဖြစ်ပြီးဒီလိုယာဉ်မောင်းလဲလှယ်မောင်းနှင်းခကိုတရုတ်ဘက်ကကောက်ခံတယ်လို့ သိရပါတယ်။

အရင်က ယာဉ်မောင်းလဲလှယ်မောင်းနှင်းခကိုအဝင်အထွက်တစ်ခေါက်အတွက် တရုတ်ငွေယွမ်၃၀ ( မြန်မာငွေငါးထောင်ခန့် ) ပေးရတာပါ။အခုတော့ ယွမ် ၁၀၀အထိတိုးမြင့်လိုက်တာလို့ ဆိုပါတယ်။

မူဆယ်အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း "အခုကကုန်ကားကြီးယာဉ်မောင်းတွေယာဉ်နောက်လိုက်တွေက positive တွေ့နေတဲ့သူကတွေ့နေတော့တရုတ်ကစိတ်ပူတာပေါ့ သူကြောက်တာပေါ့ကြောက်တော့စိုးရိမ်တဲ့အနေနဲ့ကားခေါင်းခန်းကိုဆေးဖြန်းတယ်ငါးမိနစ်ထားတယ်ပြီးမှသူ့အစားထိုးယာဉ်မောင်းကမောင်းတယ်ကြာတာပေါ့ဗျာပြီးရင်တရုတ်ကဟိုဖက်မှာစစ်အုန်းမယ်အရင်ထဲကတရုတ်ကဂိတ်ပေါက်မှာဝင်ရင်ကားတစ်စီးကအနည်းဆုံးငါးမိနစ်နဲ့ ၈မိနစ်ကြားကြာတယ် အခုနောက်ထပ်ငါးမိနစ်ထပ်စောင့်တော့ကားတစ်စီးကဆယ်မိနစ်နဲ့ဆယ့်သုံးမိနစ်လောက်ကြားရှိတာပေါ့ကိုဗစ်မဖြစ်ခင်ကတစ်ရက်ကိုကားအစီး ၄၅၀လောက်ဝင်တဲ့အပေါက်ကအခုဆို ၁၀၀ဝန်းကျင်လောက်ပဲဝင်နိုင်တယ်ပေါ့ ခုဒီရက်ပိုင်းမှာတစ်ရာတိုးကောက်တာကောငါးမိနစ်စောင့်ရတာကောနဲ့အစီးတစ်ရာပတ်ဝန်းကျင်ပဲဝင်တယ်"လို့ ဦးဝင်းအောင်ခန့်ကပြောပါတယ်။

မြန်မာ − တရုတ်နယ်စပ်မန့်ဝိန်းဂိတ်မှာ ကပ်ရောဂါကာလအတွင်းယာဉ်မောင်းလဲလှယ်မောင်းနှင်းခနှုန်းထားတွေကိုတရုတ်ကုမ္ပဏီဘက်ကအောက်တိုလ ၁၁ရက်ကနေစတင် တိုးမြှင့်ကောက်ခံနေတာပါ။

ယာဉ်မောင်းလဲလှယ်မောင်းနှင်းခနှုန်းတိုးမြှင့်သွားတဲ့အတွက် ကုန်ဈေးနှုန်းမြှင့်တတ်တာမျိုးတွေကြုံလာရနိုင်တယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဒုတိယဥက္ကဋ္ဌဦးမင်းသိန်းကပြောပါတယ်။

မြန်မာတရုတ်ကုန်သွယ်ရေးစီးဆင်းမှုအတွက်အဓိကအသုံးပြုနေတဲ့နှစ်နိုင်ငံအဝင်အထွက်ဂိတ်တွေကို ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်ယခုနှစ်ဧပြီလထဲကစတင်ပြီးယာဉ်မောင်းလဲလှယ်မောင်းနှင်းတဲ့စနစ်ကိုအသုံးပြုလာခဲ့တာလို့ သိရပါတယ်။

တရုတ်နိုင်ငံကမြန်မာနိုင်ငံဘက်ကိုဆေးဝါးပစ္စည်းတွေ၊စားသောက်ကုန်နဲ့လျှပ်စစ်ပစ္စည်းတွေကိုတင်သွင်းနေပြီး မြန်မာနိုင်ငံကရေထွက်ကုန်နဲ့ကြက်သွန်၊ဆန်၊ပဲတွေတင်ပို့နေတာပါ။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တ႐ုတ္ဘက္ကယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္းခကိုတိုးေကာက္လို႔ ကုန္ကားေတြအခက္ေတြ႕ေန

ကိုဗစ္ကာလအတြင္းတ႐ုတ္ဘက္ကိုကုန္ပို႔ရာမွာယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္းခကိုတိုးျမႇင့္ေကာက္ခံလိုက္တဲ့အတြက္ ကုန္ကားအဝင္အထြက္ေတြနည္းသြားတယ္လို႔ မူဆယ္အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း႐ွင္မ်ားအသင္းဥကၠဌဦးဝင္းေအာင္ခန္႔ကေျပာပါတယ္။

ျမန္မာဘက္ကလာတဲ့ကုန္ကားေတြကို ကိုဗစ္တားဆီးကာကြယ္ေရးအတြက္ တ႐ုတ္ဘက္ကိုေရာက္ရင္တ႐ုတ္ႏိုင္ငံသားယာဥ္ေမာင္းနဲ႔ေျပာင္းၿပီးေမာင္းဝင္ေစတာျဖစ္ၿပီးဒီလိုယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္းခကိုတ႐ုတ္ဘက္ကေကာက္ခံတယ္လို႔ သိရပါတယ္။

အရင္က ယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္းခကိုအဝင္အထြက္တစ္ေခါက္အတြက္ တ႐ုတ္ေငြယြမ္၃၀ ( ျမန္မာေငြငါးေထာင္ခန္႔ ) ေပးရတာပါ။အခုေတာ့ ယြမ္ ၁၀၀အထိတိုးျမင့္လိုက္တာလို႔ ဆိုပါတယ္။

မူဆယ္အေဝးေျပးကုန္စည္ပို႔ေဆာင္ေရးလုပ္ငန္း႐ွင္မ်ားအသင္း "အခုကကုန္ကားႀကီးယာဥ္ေမာင္းေတြယာဥ္ေနာက္လိုက္ေတြက positive ေတြ႕ေနတဲ့သူကေတြ႕ေနေတာ့တ႐ုတ္ကစိတ္ပူတာေပါ့ သူေၾကာက္တာေပါ့ေၾကာက္ေတာ့စိုးရိမ္တဲ့အေနနဲ႔ကားေခါင္းခန္းကိုေဆးျဖန္းတယ္ငါးမိနစ္ထားတယ္ၿပီးမွသူ႕အစားထိုးယာဥ္ေမာင္းကေမာင္းတယ္ၾကာတာေပါ့ဗ်ာၿပီးရင္တ႐ုတ္ကဟိုဖက္မွာစစ္အုန္းမယ္အရင္ထဲကတ႐ုတ္ကဂိတ္ေပါက္မွာဝင္ရင္ကားတစ္စီးကအနည္းဆုံးငါးမိနစ္နဲ႔ ၈မိနစ္ၾကားၾကာတယ္ အခုေနာက္ထပ္ငါးမိနစ္ထပ္ေစာင့္ေတာ့ကားတစ္စီးကဆယ္မိနစ္နဲ႔ဆယ့္သုံးမိနစ္ေလာက္ၾကား႐ွိတာေပါ့ ကိုဗစ္မျဖစ္ခင္ကတစ္ရက္ကိုကားအစီး ၄၅၀ေလာက္ဝင္တဲ့အေပါက္ကအခုဆို ၁၀၀ဝန္းက်င္ေလာက္ပဲဝင္ႏိုင္တယ္ေပါ့ ခုဒီရက္ပိုင္းမွာတစ္ရာတိုးေကာက္တာေကာငါးမိနစ္ေစာင့္ရတာေကာနဲ႔အစီးတစ္ရာပတ္ဝန္းက်င္ပဲဝင္တယ္"လို႔ ဦးဝင္းေအာင္ခန္႔ကေျပာပါတယ္။

ျမန္မာ − တ႐ုတ္နယ္စပ္မန္႔ဝိန္းဂိတ္မွာ ကပ္ေရာဂါကာလအတြင္းယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္းခႏႈန္းထားေတြကိုတ႐ုတ္ကုမၸဏီဘက္ကေအာက္တိုလ ၁၁ရက္ကေနစတင္ တိုးျမႇင့္ေကာက္ခံေနတာပါ။

ယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္းခႏႈန္းတိုးျမႇင့္သြားတဲ့အတြက္ ကုန္ေဈးႏႈန္းျမႇင့္တတ္တာမ်ိဳးေတြၾကဳံလာရႏိုင္တယ္လို႔ မူဆယ္ဆန္စပါးကုန္စည္ဒိုင္ဒုတိယဥကၠ႒ဦးမင္းသိန္းကေျပာပါတယ္။

ျမန္မာတ႐ုတ္ကုန္သြယ္ေရးစီးဆင္းမႈအတြက္အဓိကအသုံးျပဳေနတဲ့ႏွစ္ႏိုင္ငံအဝင္အထြက္ဂိတ္ေတြကို ကိုဗစ္ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ယခုႏွစ္ဧၿပီလထဲကစတင္ၿပီးယာဥ္ေမာင္းလဲလွယ္ေမာင္းႏွင္းတဲ့စနစ္ကိုအသုံးျပဳလာခဲ့တာလို႔ သိရပါတယ္။

တ႐ုတ္ႏိုင္ငံကျမန္မာႏိုင္ငံဘက္ကိုေဆးဝါးပစၥည္းေတြ၊စားေသာက္ကုန္နဲ႔လွ်ပ္စစ္ပစၥည္းေတြကိုတင္သြင္းေနၿပီး ျမန္မာႏိုင္ငံကေရထြက္ကုန္နဲ႔ၾကက္သြန္၊ဆန္၊ပဲေတြတင္ပို႔ေနတာပါ။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service