ချေးငွေ ဒုတိယအသုတ်မှာ လုပ်ငန်းပေါင်း ၁၂၀၀ ကျော်ပါဝင် - Property News in Myanmar from iMyanmarHouse.com
794 Views

ချေးငွေ ဒုတိယအသုတ်မှာ လုပ်ငန်းပေါင်း ၁၂၀၀ ကျော်ပါဝင်

[Unicode]

ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့လုပ်ငန်းတွေ ပြန်လည်ကုစားရေးအတွက် ချေးငွေ ထုတ်ချေးပေးတဲ့ ဒုတိယအကြိမ် အစီအစဉ်မှာ လုပ်ငန်းပေါင်း ၁၂၀၀ ကျော်ကို ချေးငွေထုတ်ပေးဖို့အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ဒုတိယအသုတ်အတွက် လုပ်ငန်းပေါင်း ၁၂၀၀ ကျော်ကို ကျပ်ငွေ ၂၁ ဒသမ ၁၂၂ ဘီလီယံထုတ်ပေးသွားမယ်လို့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီအစည်းအဝေးကဆုံးဖြတ်ခဲ့တာပါ။

ဒုတိယအသုတ်ချေးငွေမှာတော့ SME လုပ်ငန်းတွေနဲ့ ကုန်စည်စီးဆင်းမှုလုပ်ငန်းတွေ အဓိကပါဝင်လာတာပဲ ဖြစ်ပါတယ်။

အစိုးရက ဧပြီလနောက်ဆုံးပတ်ကစပြီး အသေးစား၊ အလတ်စားလုပ်ငန်းများနှင့် ထိခိုက်လွယ်သော စီးပွားရေးလုပ်ငန်း အုပ်စုတွေကိုရွေးချယ်ပြီး အတိုးနှုန်းသက်သာတဲ့ ချေးငွေ ထုတ်ချေးခဲ့တာပါ။

ပထမအသုတ်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိ တဲ့စီးပွားရေးလုပ်ငန်း ၃,၄၀၀ ကျော်ကို ကျပ် ၁၀၁ ဘီလီ ယံချေးယူခွင့်ပြုခဲ့ပြီးနောက် စက် တင်ဘာလတွင် ဒုတိယအသုတ် ချေးငွေအဖြစ် ကျပ်ဘီလီယံ ၁၀၀ သတ်မှတ်ပြီး ထုတ်ချေးနေတာဖြစ်ပါတယ်။

အစိုးရက စီးပွားရေးလုပ်ငန်း ကဏ္ဍပေါင်းစုံကို ထပ်မံထောက်ပံ့ရေးအတွက် ကျပ်ဘီလီယံ ၅၀၀ အထိ လျာထားတာလည်းဖြစ်ပါတယ်။

ချေးငွေ ထပ်မံထုတ်ချေးမည့် စီးပွားရေးကဏ္ဍကိုးခုရှိပြီး သွင်း ကုန်အစားထိုးလုပ်ငန်းကဏ္ဍမှာ အများဆုံးဖြစ်ပြီး လုပ်ငန်းပေါင်း ၁၅၃ ခုအတွက် ကျပ် ၃ ဒသမ ၄ ဘီလီယံကျော်ထုတ်ချေးရန် အစိုးရက ခွင့်ပြုထားသည်။

မွေးမြူရေးကဏ္ဍလုပ်ငန်းက ကျပ်၂ ဒသမ ၉ ဘီလီယံကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး စားသောက်ကုန်ကဏ္ဍ လုပ်ငန်းများက ကျပ် ၂ဒသမ ၇ ဘီလီယံကျော်ဖြင့် တတိယအများဆုံးဖြစ်သည်။

အစိုးရက ဒုတိယအကြိမ်ငွေထုတ်ချေးမည့်အစီအစဉ်တွင် ရုပ် ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအတွက် ချေးငွေထုတ် ပေးနိုင်ရန် စီမံကိန်း၊ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက ကျပ် ၁၅ ဘီလီယံသီးခြားလျာထားပြီး လျင်မြန်စွာထုတ်ပေးနိုင်ရေး ဆောင်ရွက်နေကြောင်း COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

ဒုတိယအကြိမ် ချေးငွေကျပ် ဘီလီယံ ၁၀၀ မှ လုပ်ငန်းပေါင်း ၁,၂၀၀ အတွက် ကျပ် ၂၁ ဘီလီ ယံကို ပြီးခဲ့သည့် စက်တင်ဘာက ထုတ်ချေးထားသည်။

ပထမအကြိမ်တွင် စီးပွား ရေးလုပ်ငန်းများအတွက်လုပ်ငန်း ပေါင်း ၃,၂၃၉ ခုသို့ ကျပ် ၉၇ ဒသမ ၀၅၀ ဘီလီယံ ထုတ်ချေး ထားပြီး ကျန်ရှိနေသော လုပ်ငန်း ၁၅၄ ခုအတွက် ကျပ်လေးဘီလီယံ ကျော်ကို ဆက်လက်ထုတ်ပေး မည်ဖြစ်သည်။

စီးပွားရေးအပေါ် သက် ရောက်မှုများ ကုစားရေးအတွက် အစိုးရက လက်ရှိအချိန်အထိ ကျပ် ၁၆၀ ဘီလီယံကျော်ကိုပုဂ္ဂလိ က စီးပွားရေးလုပ်ငန်းများအား ချေးငွေထုတ်ပေးထားသည်။

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်မှု ကုစားရန် အစိုးရက ကျပ်ဘီလီယံ ၂၀၀ မှ ၅၀၀ ဘီလီယံအထိ စိုက် ထုတ်သုံးစွဲရန်စီစဉ်ထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေခ်းေငြ ဒုတိယအသုတ္မွာ လုပ္ငန္းေပါင္း ၁၂၀၀ ေက်ာ္ပါဝင္

ကိုဗစ္ေၾကာင့္ ထိခိုက္သြားတဲ့လုပ္ငန္းေတြ ျပန္လည္ကုစားေရးအတြက္ ေခ်းေငြ ထုတ္ေခ်းေပးတဲ့ ဒုတိယအႀကိမ္ အစီအစဥ္မွာ လုပ္ငန္းေပါင္း ၁၂၀၀ ေက်ာ္ကို ေခ်းေငြထုတ္ေပးဖို႔အတည္ျပဳလိုက္ၿပီျဖစ္ပါတယ္။

ဒုတိယအသုတ္အတြက္ လုပ္ငန္းေပါင္း ၁၂၀၀ ေက်ာ္ကို က်ပ္ေငြ ၂၁ ဒသမ ၁၂၂ ဘီလီယံထုတ္ေပးသြားမယ္လို႔ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီအစည္းအေဝးက ဆုံးျဖတ္ခဲ့တာပါ။

ဒုတိယအသုတ္ေခ်းေငြမွာေတာ့ SME လုပ္ငန္းေတြနဲ႔ ကုန္စည္စီးဆင္းမႈလုပ္ငန္းေတြ အဓိကပါဝင္လာတာပဲ ျဖစ္ပါတယ္။

အစိုးရက ဧၿပီလေနာက္ဆုံးပတ္ကစၿပီး အေသးစား၊ အလတ္စားလုပ္ငန္းမ်ားႏွင့္ ထိခိုက္လြယ္ေသာ စီးပြားေရးလုပ္ငန္း အုပ္စုေတြကိုေ႐ြးခ်ယ္ၿပီး အတိုးႏႈန္းသက္သာတဲ့ ေခ်းေငြ ထုတ္ေခ်းခဲ့တာပါ။

ပထမအသုတ္အေနနဲ႔ တစ္ႏိုင္ငံလုံးမွာ႐ွိ တဲ့စီးပြားေရးလုပ္ငန္း ၃,၄၀၀ ေက်ာ္ကို က်ပ္ ၁၀၁ ဘီလီ ယံေခ်းယူခြင့္ျပဳခဲ့ၿပီးေနာက္ စက္ တင္ဘာလတြင္ ဒုတိယအသုတ္ ေခ်းေငြအျဖစ္ က်ပ္ဘီလီယံ ၁၀၀ သတ္မွတ္ၿပီး ထုတ္ေခ်းေနတာျဖစ္ပါတယ္။

အစိုးရက စီးပြားေရးလုပ္ငန္း က႑ေပါင္းစုံကို ထပ္မံေထာက္ပံ့ေရးအတြက္ က်ပ္ဘီလီယံ ၅၀၀ အထိ လ်ာထားတာလည္းျဖစ္ပါတယ္။

ေခ်းေငြ ထပ္မံထုတ္ေခ်းမည့္ စီးပြားေရးက႑ကိုးခု႐ွိၿပီး သြင္း ကုန္အစားထိုးလုပ္ငန္းက႑မွာ အမ်ားဆုံးျဖစ္ၿပီး လုပ္ငန္းေပါင္း ၁၅၃ ခုအတြက္ က်ပ္ ၃ ဒသမ ၄ ဘီလီယံေက်ာ္ထုတ္ေခ်းရန္ အ စိုးရက ခြင့္ျပဳထားသည္။

ေမြးျမဴေရးက႑လုပ္ငန္းက က်ပ္၂ ဒသမ ၉ ဘီလီယံေက်ာ္ျဖင့္ ဒုတိယအမ်ားဆုံးျဖစ္ၿပီး စားေသာက္ကုန္က႑ လုပ္ငန္းမ်ားက က်ပ္ ၂ဒသမ ၇ ဘီလီယံေက်ာ္ျဖင့္ တတိယအမ်ားဆုံးျဖစ္သည္။

အစိုးရက ဒုတိယအႀကိမ္ေငြထုတ္ေခ်းမည့္အစီအစဥ္တြင္ ႐ုပ္ ႐ွင္၊ ဂီတ၊ သဘင္၊ စာနယ္ဇင္းႏွင့္ မီဒီယာမ်ားအတြက္ ေခ်းေငြထုတ္ ေပးႏိုင္ရန္ စီမံကိန္း၊ဘ႑ာေရး ႏွင့္ စက္မႈဝန္ႀကီးဌာနက က်ပ္ ၁၅ ဘီလီယံ သီးျခားလ်ာထားၿပီး လ်င္ျမန္စြာထုတ္ေပးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း COVID-19 ေၾကာင့္ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရးသက္ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီဥကၠ႒ ဦးေသာင္းထြန္းက ေျပာသည္။

ဒုတိယအႀကိမ္ ေခ်းေငြက်ပ္ ဘီလီယံ ၁၀၀ မွ လုပ္ငန္းေပါင္း ၁,၂၀၀ အတြက္ က်ပ္ ၂၁ ဘီလီ ယံကို ၿပီးခဲ့သည့္ စက္တင္ဘာက ထုတ္ေခ်းထားသည္။

ပထမအႀကိမ္တြင္ စီးပြား ေရးလုပ္ငန္းမ်ားအတြက္လုပ္ငန္း ေပါင္း ၃,၂၃၉ ခုသို႔ က်ပ္ ၉၇ ဒသမ ၀၅၀ ဘီလီယံ ထုတ္ေခ်း ထားၿပီး က်န္႐ွိေနေသာ လုပ္ငန္း ၁၅၄ ခုအတြက္ က်ပ္ေလးဘီလီယံ ေက်ာ္ကို ဆက္လက္ထုတ္ေပး မည္ျဖစ္သည္။

စီးပြားေရးအေပၚ သက္ ေရာက္မႈမ်ား ကုစားေရးအတြက္ အစိုးရက လက္႐ွိအခ်ိန္အထိ က်ပ္ ၁၆၀ ဘီလီယံေက်ာ္ကိုပုဂၢလိ က စီးပြားေရးလုပ္ငန္းမ်ားအား ေခ်းေငြထုတ္ေပးထားသည္။

COVID-19 ကပ္ေရာဂါေၾကာင့္ စီးပြားေရး ထိခိုက္မႈ ကုစားရန္ အစိုးရက က်ပ္ဘီလီယံ ၂၀၀ မွ ၅၀၀ ဘီလီယံအထိ စိုက္ ထုတ္သုံးစြဲရန္စီစဥ္ထားသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service