ပြင်ဦးလွင်ကအကွက်ရိုက်ရောင်းချတဲ့မြေတွေ သတိထားဖို့လို - Property News in Myanmar from iMyanmarHouse.com
1171 Views

ပြင်ဦးလွင်ကအကွက်ရိုက်ရောင်းချတဲ့မြေတွေ သတိထားဖို့လို

[Unicode]

တောင်ပေါ်မြို့ဖြစ်တဲ့ပြင်ဦးလွင်မှာ မြေကွက်တွေအကွက်ရိုက်ရောင်းချ၊အိမ်တွေဆောက်နေတာတွေဟာ လယ်မြေနဲ့သစ်တောမြေတွေပါပါနေတာဖြစ်လို့နစ်နာမှုတွေဖြစ်လာနိုင်ပါတယ်။

လယ်ယာမြေပေါ်မှာအကွက်ရိုက်ရောင်းချနေတာတွေကိုအချိန်မီတားဆီးဖို့လိုအပ်ပြီး ဥပဒေနဲ့အညီစီမံဆောင်ရွက်မှုများလုပ်ဆောင်သင့်တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်ပြီးမန္တလေးတိုင်းလွှတ်တော်ရဲ့ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌဖြစ်သူဦးတင်အောင်ကအခုလိုပဲပြောပါတယ်။

ပေ ၄၀ ပေ ၆၀ တစ်ကွက်ကို အနည်းဆုံးသိန်း၂၀ ကနေအများဆုံးသိန်း ၃၀၀ အထိရှိနိုင်ပြီးနေရာပေါ်မူတည်ပြီးဈေးကွာသွားတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေကဆိုပါတယ်။ဖေ့စ်ဘွတ်ခ်မှာအများစုကြာ်ငြာရောင်းချနေတာကပုံစံ - ၇၊ အခြားနည်းသုံးစွဲခွင့်၊ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ ကျပြီးဖြစ်တယ်လို့ကြော်ငြာတွေရောင်းချနေကြတာ တွေ့ရပါတယ်။

အဲဒီလိုရောင်းချနေမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်းကအခုလိုပဲပြောပါတယ်။ဒါ့အပြင်ရွာမြေတိုးချဲ့မြေဝယ်ယူမှုနဲ့ပတ်သက်ပြီးတော့လည်း ဝန်ကြီးကအခုလိုပဲပြောပြပါတယ်။

မန္တလေးတိုင်းအတွင်းမှာ လယ်ယာမြေဧကခြောက်သိန်းကျော်ရှိပြီးမြေလွတ်မြေရိုင်းကတော့ဧကပေါင်း ၂သိန်းကျော်ရှိပါတယ်။လယ်မြေတွေပေါ်မှာအကွက်ရိုက်တာအဆောက်အအုံဆောက်တာတွေကြောင့်တားမြစ်တာ၊အမှုဖွင့်အရေးယူတာတွေလည်းဆက်တိုက်လုပ်နေတယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။

အများဆုံးကတော့ မန္တလေးခရိုင်အတွင်းနဲ့ပြင်ဦးလွင်တို့မှာဖြစ်ပါတယ်။ဒါ့အပြင် သစ်တောမြေဧရိယာထဲမှာဝင်ရောက်ပြီးအကွက်ရိုက်အိမ်ဆောက်လုပ်မှုတွေရှိလို့တားမြစ်ရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

လယ်ယာမြေများကိုဧကလိုက်ဝယ်ယူပြီးအကွက်ရိုက်ရောင်းချသူကရောင်းပြီးတဲ့နောက်အဆင့်ဆင့်လက်လွှဲရောင်းချပြီးမှဥပဒေကြောင်းအရရင်ဆိုင်နေကြတာလည်းရှိတယ်လို့အိမ်ခြံမြေအကျိုးဆောင်အချို့ထံကနေစုံစမ်း သိရပါတယ်။အကွက်ရိုက်ရောင်းတာတွေများလာတာကြောင့် သစ်ပင်တွေခုတ်လှဲတာတွေရှိနေလို့သဘာဝပတ်ဝန်ကျင်ထိခိုက်မှုများစွာရှိနေတယ်လို့ စိမ်းလန်းပြင်ဦးလွင်အဖွဲ့ကအတွင်းရေးမှူးဦးကိုကိုကြီးကအခုလိုပဲပြောပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ျပင္ဦးလြင္ကအကြက္႐ိုက္ေရာင္းခ်တဲ့ေျမေတြ သတိထားဖို႔လို

ေတာင္ေပၚၿမိဳ႕ျဖစ္တဲ့ျပင္ဦးလြင္မွာ ေျမကြက္ေတြအကြက္႐ိုက္ေရာင္းခ်၊အိမ္ေတြေဆာက္ေနတာေတြဟာ လယ္ေျမနဲ႔သစ္ေတာေျမေတြပါပါေနတာျဖစ္လို႔နစ္နာမႈေတြျဖစ္လာႏိုင္ပါတယ္။

လယ္ယာေျမေပၚမွာအကြက္႐ိုက္ေရာင္းခ်ေနတာေတြကိုအခ်ိန္မီတားဆီးဖို႔လိုအပ္ၿပီး ဥပေဒနဲ႔အညီစီမံေဆာင္႐ြက္မႈမ်ားလုပ္ေဆာင္သင့္တယ္လို႔ တရားလႊတ္ေတာ္ေ႐ွ႕ေနတစ္ဦးလည္းျဖစ္ၿပီးမႏၲေလးတိုင္းလႊတ္ေတာ္ရဲ႕ဥပေဒျပဳေရးဆိုင္ရာေကာ္မတီဥကၠဌျဖစ္သူဦးတင္ေအာင္ကအခုလိုပဲေျပာပါတယ္။

ေပ ၄၀ ေပ ၆၀ တစ္ကြက္ကို အနည္းဆုံးသိန္း၂၀ ကေနအမ်ားဆုံးသိန္း ၃၀၀ အထိ႐ွိႏိုင္ၿပီးေနရာေပၚမူတည္ၿပီးေစ်းကြာသြားတယ္လို႔ အိမ္ျခံေျမအက်ိဳးေဆာင္ေတြကဆိုပါတယ္။ေဖ့စ္ဘြတ္ခ္မွာအမ်ားစုၾကာ္ျငာေရာင္းခ်ေနတာကပုံစံ - ၇၊ အျခားနည္းသုံးစြဲခြင့္၊ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ က်ၿပီးျဖစ္တယ္လို႔ေၾကာ္ျငာေတြေရာင္းခ်ေနၾကတာ ေတြ႕ရပါတယ္။

အဲဒီလိုေရာင္းခ်ေနမႈနဲ႔ပတ္သက္ၿပီး မႏၲေလးတိုင္းအစိုးရအဖြဲ႕စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနဝန္ႀကီး ေဒါက္တာစိုးသန္းကအခုလိုပဲေျပာပါတယ္။ဒါ့အျပင္႐ြာေျမတိုးခ်ဲ႕ေျမဝယ္ယူမႈနဲ႔ပတ္သက္ၿပီးေတာ့လည္း ဝန္ႀကီးကအခုလိုပဲေျပာျပပါတယ္။

မႏၲေလးတိုင္းအတြင္းမွာ လယ္ယာေျမဧကေျခာက္သိန္းေက်ာ္႐ွိၿပီးေျမလြတ္ေျမ႐ိုင္းကေတာ့ဧကေပါင္း ၂သိန္းေက်ာ္႐ွိပါတယ္။လယ္ေျမေတြေပၚမွာအကြက္႐ိုက္တာအေဆာက္အအုံေဆာက္တာေတြေၾကာင့္တားျမစ္တာ၊အမႈဖြင့္အေရးယူတာေတြလည္းဆက္တိုက္လုပ္ေနတယ္လို႔ မႏၲေလးတိုင္းအစိုးရအဖြဲ႕စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာနက သိရပါတယ္။

အမ်ားဆုံးကေတာ့ မႏၲေလးခ႐ိုင္အတြင္းနဲ႔ျပင္ဦးလြင္တို႔မွာျဖစ္ပါတယ္။ဒါ့အျပင္ သစ္ေတာေျမဧရိယာထဲမွာဝင္ေရာက္ၿပီးအကြက္႐ိုက္အိမ္ေဆာက္လုပ္မႈေတြ႐ွိလို႔တားျမစ္ရတာေတြလည္း႐ွိေနတယ္လို႔ သိရပါတယ္။

လယ္ယာေျမမ်ားကိုဧကလိုက္ဝယ္ယူၿပီးအကြက္႐ိုက္ေရာင္းခ်သူကေရာင္းၿပီးတဲ့ေနာက္ အဆင့္ဆင့္လက္လႊဲေရာင္းခ်ၿပီးမွဥပေဒေၾကာင္းအရရင္ဆိုင္ေနၾကတာလည္း႐ွိတယ္လို႔ အိမ္ျခံေျမအက်ိဳးေဆာင္အခ်ိဳ႕ထံကေနစုံစမ္း သိရပါတယ္။အကြက္႐ိုက္ေရာင္းတာေတြမ်ားလာတာေၾကာင့္ သစ္ပင္ေတြခုတ္လွဲတာေတြ႐ွိေနလို႔သဘာဝပတ္ဝန္က်င္ထိခိုက္မႈမ်ားစြာ႐ွိေနတယ္လို႔ စိမ္းလန္းျပင္ဦးလြင္အဖြဲ႕ကအတြင္းေရးမႉးဦးကိုကိုႀကီးကအခုလိုပဲေျပာပါတယ္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

Upcoming Property Events

From 02 Aug To 03 Aug

Inno City Special Sales Event

From 02 Aug To 03 Aug

Emerald Bay Luxury Condo

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service